Wednesday, November 16, 2011

“ ရွေးချယ်မှု မှန်ပါမှ…”


လူတို့သည် မိမိတို့၏ အပေါင်းအသင်းကို များစွာရွေးချယ်အပ်၏

မိမိတို့၏ အပေါင်းအသင်းသည်

ကလျာဏမိတ္တ ဖြစ်ဖို့လို၏။

ကိုယ့်ကျိုးကို ယ့်စီးပွားကို စွန့်နိုင်သမျှ

စွန့်လိုသော စိတ်ထားရှိသူဖြစ်ဖို့လို၏

သို့မှသာ မိမိတို့သည် မြင့်မြတ်သော အတွေးအမြင်၊

မြင့်မြတ်သော အသိများရှိပြီး

မြင့်မြတ်သူအဖြစ်သို့ရောက်နိုင်မည်။

မြင့်မြတ်သောလုပ်ငန်းများကို ဆောင်ရွက်နိုင်မည်ဖြစ်သည်။

++++++++++++++++++

ထို့နည်းတူပင်

စာကောင်းပေကောင်းများကို ဖတ်ဖြစ်ဖို့လို၏။

မိမိလေ့လာဖတ်ရှုသော စာပေသည်

မိမိအား မှန်ကန်တဲ့အတွေးအမြင်ကို

ပေးနိုင်တဲ့စာပေဖြစ်ဖို့လို၏။

ဖြတ်လမ်းမဟုတ်ဘဲ လမ်းကောင်းလမ်းမှန်ကို

ညွှန်းပြတဲ့စာပေ ဖြစ်ဖို့လိုတယ်။

ဓမ္မကို ညွှန်ပြတဲ့ စာပေမျိုးကိုသာ

စာကောင်းပေကောင်းလို့ ဆိုပါတယ်။


++++++++++++++++++


မြတ်စွာဘုရားသည်ပင် လောကနှင့်ဆက်ဆံရာမှာ

အပေါ်စီးမယူဘဲ မိမိကိုယ်ကိုမိမိ

ကလျာဏမိတ္တ အဖြစ်သာခံယူပြီး

ဆက်ဆံတော်မူခြင်း ဖြစ်၏။

ထို့ကြောင့် တကယ်တမ်းစစ်မှန်သော

ကလျာဏမိတ္တသာ ဖြစ်ပါက

လောကအကျိုးကိုသာမက

လောကုတ္တရာအကျိုးကိုပါ ဖြစ်ပေါ်လာအောင်

လမ်းညွှန်နိုင်ပါ၏။

++++++++++++++++++

ဦးရွှေအောင်ရဲ့ကိုယ်ကျင့် ဗုဒ္ဓဝင်”စာအုပ်မှ...

++++++++++++++++++




လူသားတိုင်း ကျန်းမာကြပါစေ... လူသားတိုင်း ချမ်းသာကြပါစေ...
ခန္ဓာကိုယ်ကို လေ့ကျင့်ခန်းနဲ့စောင့်ရှောက်ပါ။ စိတ်ကို စာဖတ်ခြင်းနဲ့စောင့်ရှောက်ပါ။...

နူတ်ဆက်စကားလေးများ.....

မြန်မာတို့ရဲ့ ဘလော့ဂ်များ...

picoodle.com