Wednesday, December 15, 2010

“ သူလိုလူ…”



မွန်တီကာဆီနိုမြို့တွင်

ဗြိတိသျှစစ်သားတစ်ဦးအတွက်

အမှတ်တရ မှတ်တမ်းကို

အောက်ပါအတိုင်းရေးသားထားခဲ့ပါသည်။


ကမ္ဘာလောကကြီးအတွက်မူ

သူသည် သာမန်လူသားတစ်ဦးမျှသာ ဖြစ်ပါသည်။

ဒါပေမယ့် သူ့အကြောင်းကို

ကောင်းစွာသိသော ကျွန်ုပ်တို့အတွက်မူ

သူသည် ကျွန်ုပ်တို့ မှီတင်းနေထိုင်ရာ

ကမ္ဘာပင်ဖြစ်ပါသည်

“ ဆရာဝန်ကို ဘာမှတ်နေသလဲ…”



မိသားစုဆရာဝန်

ဒေါက်တာအောင်ဝင်းဟိန်း

ထံ (၁၁)နာရီကျော်တွင်

ကိုမြင့်ဦး သွေးရူးသွေးတမ်းအသံဖြင့် ဖုန်းဆက်တယ်။


ဒေါက်တာ လုပ်ပါဦး၊

ကျနော့်သားငယ် ကွန်ဒုန်းကို မြိုချလိုက်တယ် ခင်ဗျ


ဒီလောက်ထိ စိတ်မပူပါနဲ့၊

အခုပဲ ကျနော်လာခဲ့မယ်


ဆရာဝန်ဒေါက်တာအောင်ဝင်းဟိန်း

အိမ်မှ မထွက်နိုင်ခင်

နောက်ထပ် တယ်လီဖုန်းသံမြည်လာတယ်။


ဒေါက်တာ၊

မလာပါနဲ့တော့၊

ကျနော် နောက်ကွန်ဒုန်းတစ်ခု ရှာတွေ့ပြီ

“ အော်သနားစရာ…”



ခွဲစိတ်ခန်းတွင် ဖြစ်တယ်။

လူနာဟာ မေ့ဆေးပြယ်ပြီး သတိရလာတယ်။


ဒေါက်တာ၊ ကျနော့်ခြေထောက်ကို

စမ်းလို့ မရပါလား ခင်ဗျား


ခွဲစိတ်ဆရာဝန်က


အေးဗျာ၊ ခင်ဗျားရဲ့ လက်နှစ်ဘက်စလုံးကို

ကျနော်တို့ ဖြတ်လိုက်ရတယ်။

“ သူတော်စင်တို့ရဲ့စိတ်ထား…”



စာအုပ်စာစောင်၊

တွေ့မရှောင်၊

ဆုံးအောင်ဖတ်ရှုပါ။

မကောင်းရှောင်ပယ်၊

ကောင်းဆောင်ကွယ်၊

မှတ်ဖွယ်သင့်ဝန်တာ


မစိုးရိမ်တိုက်သစ်၊

ပဓာန နာယကဆရာတော်ကြီး ဦးသီရိန္ဒာဘိဝံသ မထေရ်မြတ်ကြီးက


အရှင်ဘုရားတို့ အများနဲ့နေတဲ့အခါမှာ

ကောင်းတဲ့သူရော၊ မကောင်းတဲ့သူရော နှစ်မျိုးလုံးနဲ့တွေ့ရလိမ့်မယ်။

အဲဒီလို တွေ့ရတဲ့အခါမှာ

နှစ်ဦးစလုံးကို မိမိဆရာလို့ချည်းမှတ်ရမယ်။


ဘာဖြစ်လို့လည်းဆိုတော့

ကောင်းတဲ့သူဆီက ကောင်းတဲ့အပြုအမူ၊အပြောအဆို၊

အကြံအစည်တွေကိုတွေ့ရ၊ သိရတဲ့အခါ

မိမိသန္တာန်မှာလည်း ဖြစ်အောင်ဆောင်ရတယ်။

ဒါ့ကြောင့် ကောင်းတဲ့သူဟာ

မိမိသန္တာန်မှာ ကောင်းတာတွေဆောင်ဖြစ်အောင်

သင်ပြသလိုဖြစ်တဲ့အတွက်

ဆရာလို့ သတ်မှတ်ရတယ်။


တစ်ခါမကောင်းတဲ့သူဆီက မကောင်းတဲ့၊

သူတစ်ပါးစိတ်ဆင်းရဲရတဲ့ အပြုအမူ၊ အပြောအဆို၊ အကြံအစည်တွေကို

တွေ့ရ၊ သိရတဲ့အခါ မိမိသန္တာန်မှာ မဖြစ်အောင် ရှောင်ကြဉ်ရတယ်။

ဒါ့ကြောင့် မကောင်းတဲ့သူဟာလည်း မိမိသန္တာန်မှာ

မကောင်းတာတွေ ရှောင်ဖြစ်အောင် သင်ပြသလိုဖြစ်တဲ့အတွက်

ဆရာလို့ပဲ သတ်မှတ်ရတယ်


{ မေတ္တာရှင် (ရွှေပြည်သာ)ရဲ့ စာရိတ္တသတ္တိ….မှ }

“ ရှင်လားဟင် ”



ယောက်ျားဖြစ်သူကိုခင်မောင်ဝင်း

အရက်မူးပြီး အိမ်ကို ပြန်ရောက်လာတယ်။

အိမ်ခန်းတံခါးကို ခေါက်တယ်။

အထဲက မိန်းမဖြစ်သူမရွှေကြိုင်ရဲ့အသံကို ကြားရတယ်။


ရှင်လားဟင်


ကိုခင်မောင်ဝင်းက


မင်း ယောက်ျားကို ရည်ရွယ်ပြီး မေးတာဆိုရင်တော့

ငါပဲဟေ့၊

အေး၊

တခြားတစ်ယောက်ယောက်ကို

ရည်ရွယ်တာ ဆိုရင်တော့

မဟုတ်ဘူးဟေ့

“ အလင်းတစ်ချက်လက်ဖို့လိုတယ်…”


စန္ဒဂုတ်ဟာ နန်းကျဘုရင်ရဲ့သားတော်ဖြစ်တယ်။

တစ်တိုင်းတစ်ပြည်မှာ ဆင်းဆင်းရဲရဲနဲ့ မထင်မရှား

ကြီးပြင်းလာရာက အရွယ်ရောက်သော်

အဖြစ်စုံကိုသိပြီး ထီးနန်းပြန်လုရန်

ကြိုးစားတယ်။

မြို့တော်ကို လူသူစုပြီး ဝင်ဝင်တိုက်ရာ အကြိမ်ကြိမ် တပ်လန်ခဲ့တယ်။

ကိုယ်ယောင်ဖျောက်ပြီး

မြို့တစ်မြို့မှာ ခိုလှုံနေတုန်း

မိခင်တစ်ဦးက သားငယ်ကို ဆုံးမသံကြားလိုက်ရတယ်။

မုန့်ပျားသလက်ကို အလယ်ကစပြီး ကိုက်စားမိပြီး

အပူလောင်သွားတဲ့သားငယ်ကို မိခင်က

နင့်ဟာက စန္ဒဂုတ်မင်း စစ်တိုက်သလိုပဲလို့ ဆုံးမတယ်။

စန္ဒဂုတ်မင်းက သူ့အမှားကို သဘောပေါက်ပြီး

အစွန်အဖျားရွာများ၊မြို့များကို

တစ်စတစ်စသိမ်းယူကာ အင်အားစုဆောင်းပြီးမှ

နေပြည်တော်ကို တိုက်ရာ ထီးနန်းပြန်ရသွားပါတော့တယ်။

+++++++++++++++++++++++++++++++++++++++++++++++++++++++++


အကောင်းဆုံးဆိုတဲ့စိတ်

အကောင်းဆုံးစိတ်နဲ့ နေသွားမယ်။

အကောင်းဆုံးစိတ်နဲ့ လုပ်သွားမယ်။

အကောင်းဆုံးစိတ်နဲ့ ပေးသွားမယ်။

အကောင်းဆုံးစိတ်နဲ့ သေသွားချင်တယ်။

အဲဒါ ပညာရေး၊

အဲဒါ ဘာသာရေး။

( ဆရာတော် ဦးဇောတိက )

++++++++++++++++++++++++++++++++

သတိနဲ့နေ

လူသစ် စိတ်သစ် ဖြစ်ချင်ရင်

အတိတ်ကို အားမကိုးပါနဲ့။

ပစ္စုပ္ပန်မှာ အကောင်းဆုံးဖြစ်အောင်

နေပါ။

++++++++++++++++++++++++++++++++++++++++++++++++++++++++


လွတ်လပ်သူ


လူတွေရဲ့ ချီးမွမ်းမှု၊ ကဲ့ရဲ့မှု၊

ကို မတုန်လှုပ်တဲ့သူဟာ

သူ့ဘဝကို သူလွတ်လွတ်လပ်လပ်

ဖန်တီးနိုင်တယ်။

(ဆရာတော် ဦးဇောတိက )

++++++++++++++++++++++++++++++++++++++++++++++++++++++++


သတိနဲ့နေ…”


ကုသိုလ်ကောင်းမှုတွေ

အမျိုးမျိုးရှိတဲ့အထဲက

တကယ် အကျိုးအများဆုံး

အင်အားအကြီးဆုံးကုသိုလ်ဟာ

မမေ့မလျော့ သတိနဲ့နေတာ။

( ဆရာတော် ဦးဇောတိက )

++++++++++++++++++++++++++++++++++++++++++++++++++++++++


တန်ရာတန်ကြေးပေး


ဘာဘဲဖြစ်ချင်၊ ဖြစ်ချင်

ကိုယ်ဖြစ်ချင်တာနဲ့

တန်တဲ့စိတ်ထားကို

အရင်မွေးပါ။

( ဆရာတော် ဦးဇောတိက )

++++++++++++++++++++++++++++++++++++++++++++++++++++++++


လောက အကျိုး


လောကကြီးကို တကယ်ကောင်းစေချင်တယ်

ဆိုရင် သတိနဲ့ နေတဲ့အလေ့အကျင့် လုပ်ပါ။

++++++++++++++++++++++++++++++++++++++++++++++++++++++++


အများအကျိုး


အများအကျိုးကို ဆောင်ရွက်ချင်တဲ့

လူဆိုရင်

သတိ၊

သမာဓိ၊

ဉာဏ်ပညာရှိဖို့လိုတယ်။

++++++++++++++++++++++++++++++++++++++++++++++++++++++++


ပေးလို့ရလား


ကိုယ့်ကိုယ်ကို အားရတာ၊

ကျေနပ်တာ၊ဆိုတာမျိုးဟာ သူများပေးလို့မရဘူး၊

ကိုယ့်ဟာ ကိုယ်ဖြစ်အောင်လုပ်ယူရတယ်။

ကိုယ့်ကိုယ်ကိုယ်ကိုယ် ရိုးရိုးသားသား၊

ကျေကျေနပ်နပ်

လက်ခံနိုင်မှ ရတယ်။

ကိုယ့်ကိုယ်ကို အားရမှ

ကျေနပ်မှပြည့်စုံနေတယ်။

ကျေနပ်နေတယ်လို့ ပြောလို့ရတယ်။

မြင့်မြတ်တဲ့စိတ်ထားနဲ့ တန်ဖိုးရှိတဲ့ အလုပ်ကို

စိတ်ရော၊ကိုယ်ပါ အားသွန်ပြီးလုပ်နေမှ

ကိုယ့်ကိုယ်ကိုယ်အားရတာ၊ ကျေနပ်တာကို

ခံစားနိုင်မယ်။

ကိုယ့်ဘဝကို တကယ်ကျေနပ်ချင်ရင်

စိတ်ထားကောင်းတဲ့သူ၊

စောင့်စည်းမှု ရှိတဲ့သူ၊

အကျိုးရှိတာတွေ လုပ်နေတဲ့သူ

ဖြစ်ဖို့လိုတယ်။

( ဆရာတော် ဦးဇောတိက )

++++++++++++++++++++++++++++++++++++++++++++++++++++++++


အနုပညာ


လူတွေကို ချစ်တတ်တာဟာ

အဆင့်မြင့်တဲ့ အနုပညာဖြစ်ပါတယ်။

လှပတဲ့ဆက်ဆံရေးဟာ

အနုပညာဖြစ်တယ်။

ဆက်ဆံရေးလှမှ ဘဝလှမယ်။

++++++++++++++++++++++++++++++++++++++++++++++++++++++++


အောင်မြင်သူများရဲ့လျှို့ဝှက်ချက်များ…”


၁။ ။သင့်ရဲ့ဆန်ကျင်ဘက်တွေဆီကနေ သွင်းအားစုတွေ

ကို ရယူပါ။ (၁၄% ^)

၂။ ။ကိုယ်သွားမယ့်လမ်းကြောင်းကို ချရေးထားပါ။

( ၃၂%)

၃။ ။အစီအစဉ်အတိုင်းလုပ်ပါ။

၎။ ။ဘယ်နည်းနဲ့မဆို အတွေ့အကြုံရအောင်ယူပါ။

၅။ ။အကောင်းဆုံးကာကွယ်မှုဟာ နားထောင်ခြင်း။

၆။ ။အောင်မြင်မှုဟာ ကြိုးစားရတာပါ၊

မွေးရာပါမဟုတ်ပါဘူး။( ၇၅%)

++++++++++++++++++++++++++++++++++++++++++++++++++++++++


လောကမှာ ကြီးပွားကြောင်းတရား လေးပါး...


၁။ ။ရှေးရှေးဘုန်းကံရှိခဲ့ရမယ်။

၂။ ။သင့်တင့်လျေက်ပတ်တဲ့ နေရာမှာ နေရမယ်။

၃။ ။သူတော်ကောင်း၊ သူတော်မြတ်တွေကို ဆည်းကပ်ရမယ်။

၎။ ။မိမိရဲ့ ကိုယ်နဲ့စိတ်ကို ကောင်းမြတ်အောင် တည်ဆောက်တည်ရမယ်။

( အရှင်အာစာရာလင်္ကာရ )

( စစ်ကိုင်းရွှေဟသာင်္ )


ကြောက်စိတ်ဟာ စိတ်တင်းကျပ်မှုကို ဖြစ်ပေါ်စေပါတယ်။

ဘာကိုမှ မကြောက်ပါနဲ့။

ကြောက်တယ်ဆိုတာ စိုးရိမ်စိတ်ကလာတဲ့ ပျော့ညံ့တဲ့စိတ်ပါ။

++++++++++++++++++++++++++++++++++++++++++++++++++


သဘာဝကို နက်နက်ရှိုင်းရှိုင်းကြည့်ပါ။

အရာရာကို ပိုပြီးနားလည်နိုင်စွမ်းရှိလာမယ်။

(အိုင်းစတိုင်း)

တခြားလူတွေနဲ့ အတူ

ပျော်ရွှင်မှုတွေ၊

ဒုက္ခတွေကို

အတူတကွ ခံစားပါ။

ဒါဟာ လူတိုင်းအတွက် အကောင်းဆုံးလမ်းညွှန်မှုပါပဲ။

( အိုင်းစတိုင်း )


သစ္စာစကား... ”


ငါရဲ့မိခင် အသက်ရှင်ရေးအတွက်

ဒီယုန်သူငယ်လေး သေရရှာတော့မယ်။

ငါရဲ့မိခင် ရောဂါပျောက်၊မပျောက်ကိုကား

တပ်အပ်သေချာမသိရ၊

ယုန်ကတော့ သူရဲ့အဖော်တွေနဲ့ ကွဲပြီး သေရရှာတောမယ်။

ကံတရားအတိုင်း ရှိပါစေတော့လို့

သနားကြင်နာတဲ့စိတ်နဲ့ ယုန်ကလေးကို ထောင်ချောက်မှလွှတ်လိုက်တယ်။

( ညီငယ်စက္ကန )


ငါဟာ သိတတ်တဲ့အချိန်ကစပြီး သူတစ်ပါးရဲ့အသက်ကို

မသတ်စဖူးပါ။

ဤမှန်သောသစ္စာစကားကြောင့်

ငါ့မိခင်ရဲ့ရောဂါဝေဒနာဟာ ပျောက်ကင်းချမ်းမြေ့ပါစေ

လို့သစ္စာပြုလိုက်လေ၏။

ယုန်လေးလည်းအသက်ချမ်းသာရာရသွားတယ်။

မိခင်လည်း အသက်ချမ်းသာရာရသွားပါတယ်။

ဒါဟာ သစ္စာဆိုခြင်းရဲ့အစွမ်းသတ္တိဖြစ်ပါတယ်။




လူသားတိုင်း ကျန်းမာကြပါစေ... လူသားတိုင်း ချမ်းသာကြပါစေ...
ခန္ဓာကိုယ်ကို လေ့ကျင့်ခန်းနဲ့စောင့်ရှောက်ပါ။ စိတ်ကို စာဖတ်ခြင်းနဲ့စောင့်ရှောက်ပါ။...

နူတ်ဆက်စကားလေးများ.....

မြန်မာတို့ရဲ့ ဘလော့ဂ်များ...

picoodle.com