Tuesday, January 4, 2011

“ ရေရောလိုက်ပေါ့…”



အရက်ဆိုင်တွင်

အလုပ်လုပ်နေသူ ဖြစ်တဲ့ ကိုရွှေအေးက

သူ့ငယ်ချင်းဖြစ်သူ ကိုစိန်ဝမ်းကို ပြောတယ်။


ဆိုင်မှာ အရက်တွေ မျိုးစုံကို ငါ ရောင်းတယ်။

လာသောက်တဲ့ငနဲတွေ အရက်မူးလာရင်

ဘောက်ချာမှာ သုံးခွက်စာ၊ လေးခွက်စာ

ထပ်ပေါင်းပြီး ပိုက်ဆံတောင်းတယ်။

ဒါတောင် ငါ ဝင်ငွေ သိပ်မကောင်းဘူးလို့

ထင်နေတယ်။

ဘာလုပ်ရမလဲ မသိပါဘူးကွာ


ကိုစိန်ဝမ်းအကြံပေးလိုက်တာက...

မင်း ထပ်ပေါင်းထည့်လိုက်တဲ့ အရက်ခွက်တွေမှာ

ရေရောလိုက်ပေါ့ကွာ

“ တော်တဲ့တပည့်…”


ပါမောက္ခကြီးဟာ တပည့်များကို လူတွေ့

စစ်မေးနေတယ်။


လျှပ်စစ်နဲ့ပတ်သက်ပြီး ဓာတ်လိုက်ခြင်း ဆိုတာ ဘာလဲ


ကျနော်သိတော့ သိခဲ့ပါတယ်ဆရာ၊

ဒါပေမယ့် အခုမေ့နေတယ်


ပါမောက္ခကြီးက တပည့်ကို

ဂရိတ်ဖိုက်(=အဆင့်အမြင့်ဆုံးဖြစ်တဲ့ ၅မှတ်)

ကိုပေးလိုက်တယ်။

ကျောင်းသားက အံ့သြပြီး ပါမောက္ခကြီးကိုမေးတယ်။


ဆရာကြီး၊

ဘာဖြစ်လို့ ကျနော့်ကို ဒီလောက်အထိ

အမြင့်ဆုံးအမှတ်ကို ပေးရတာလဲခင်ဗျား


ရှင်းရှင်းလေးပဲ၊

ငါ့တပည့်ရယ်၊

အခုချိန်အထိ ဓာတ်လိုက်တယ်ဆိုတာကို

ဘယ်သူမှ မသိကြဘူး။

အဲဒါပေမယ့် တပည့်က သိခဲ့တယ်။

ဒါကြောင့် ဂရိတ်ဖိုက် ပေးလိုက်တယ်၊

ဒါနဲ့ တပည့် အဲဒီအကြောင်းကို ပြန်ပြီး သတိရတဲ့အခါမှာ

ဆရာ့ကို လာပြောပြဖို့ မမေ့နဲ့နော်

“ မြင်တဲ့အတိုင်းပဲလေ…”


ဘုရင့်နောင် ခန်းမကြီးထဲတွင်

ဟောပြောပွဲတစ်ခု ကျင်းပနေတယ်။

အရက်ရဲ့ဆိုးကျိုးများကို စာရေးဆရာတစ်ဦးက

အာဘောင်အာရင်း သန်သန်နဲ့ပြောနေတယ်။

အဲဒီနောက် ပရိသတ်ထဲက အနီးဆုံးခုံမှာ ထိုင်နေတဲ့

လူငယ်တစ်ယောက်ကို လှမ်းမေးလိုက်တယ်။


ကိုင်း ခင်ဗျားဟာ

အရက်တစ်ပုလင်းကို သောက်ထားတယ်ဆိုပါစို့။

အဲဒီလိုဆိုရင် ခင်ဗျားဟာ ကျနော့်ရဲ့အခုလို ပို့ချချက်ကို

အခုလို ဂရုတစိုက် နားထောင်နိုင်ပါ့မလား


လူငယ် ပြန်ပြောလိုက်တာက

မြင်တဲ့အတိုင်းပဲ၊

နားထောင်နေတယ်လေ

“ ကိုဘကြောက်…”


အိမ်မှာမွေးထားတဲ့ ခွေးကို

ကျုပ် ကြည့်လို့ကို မရတော့ဘူး။

ဘယ့်နှယ်ဗျာ၊

တံခါးခေါက်သံကြားတယ်ဆိုရင်ပဲ

ကုတင်အောင် ဝင်ပုန်းတော့တာပဲ


ဝင်ပုန်းပါစေဗျာ၊

သူ့ခဗျာ ကြောက်လို့ ဖြစ်မှာပေါ့


ကိုဘကြောက်က...

ကုတင်အောက်မှာ

ကျုပ်တို့နှစ်ယောက်ဆိုရင်

ကြပ်တယ်ဗျ

လူသားတိုင်း ကျန်းမာကြပါစေ... လူသားတိုင်း ချမ်းသာကြပါစေ...
ခန္ဓာကိုယ်ကို လေ့ကျင့်ခန်းနဲ့စောင့်ရှောက်ပါ။ စိတ်ကို စာဖတ်ခြင်းနဲ့စောင့်ရှောက်ပါ။...

နူတ်ဆက်စကားလေးများ.....

မြန်မာတို့ရဲ့ ဘလော့ဂ်များ...

picoodle.com