Thursday, February 9, 2012

"ကိုယ်ကိုယ်တိုင် ဖတ်ဖို့-၄..."


"တီထွင်စဉ်းစားတာဟာ ပညာရေး..."


စိတ်ချမ်းသာခြင်းအကျိုးဆယ်ပါး…

စိတ်ချမ်းသာရင် ဘယ်လိုအကျိုးရှိသလဲဆိုတာကို သုတေသနပြုလိုက်တဲ့အခါ…


၁။ စိတ်ချမ်းသာနေတဲ့သူဟာ မိသားစုကို အကျိုးပြုဖို့ အလားအလာ ပိုပြီးများတယ်။

ကိုယ့်အသိုင်းအဝိုင်းနဲ့ လူ့အဖွဲ့အစည်းတစ်ခုလုံးကို အကျိုးပြုဖို့ အလားအလာ ပိုပြီးများတယ်။

ပျော်အောင်လုပ်နည်းတွေ အများကြီးရှိပါတယ်။

ပထမအချက်က ပြောတာဆိုတာ ပြေပြေပြစ်ပြစ် ရှိအောင် မေတ္တာနဲ့ပြောရမယ်။

ဒေါသနဲ့မပြောရဘူး။

တစ်ယောက်မကြိုက်တာကို တစ်ယောက်က တတ်နိုင်သလောက် ရှောင်ရမယ်။

တစ်ယောက်ကို တစ်ယောက် အနိုင်မကျင့်ရဘူး။

တစ်ယောက်ပြောတာကို တစ်ယောက် သေသေချာချာ နားထောင်ပြီး

အပြန်အလှန် မေးလိုက်၊ဖြေလိုက် လုပ်ရတာ ပျော်စရာကောင်းတယ်။

စားစရာတစ်ခုခုကို အတူတူ စားရတာလည်း ပျော်စရာကောင်းတယ်။

ရီစရာပြောပြီး ရီရတာလည်း ပျော်စရာကောင်းတယ်။

အားလပ်ရက်မှာ လေ့လာရေးခရီး အတူတူ သွားရတာ ပျော်စရာကောင်းတယ်။

တစ်ယောက်ကို တစ်ယောက် ကြိုက်တတ်တဲ့ လက်ဆောင်ပေးရတာ၊

ကြိုက်တတ်တာ ကျွေးရတာ၊

စာအတူတူ ဖတ်ရတာ၊

ဘုရားအတူတူ ရှိခိုးရတာ၊

တရားအတူတူ ထိုင်ရတာ…..ပျော်စရာကောင်းတယ်။

...စတဲ့…စတဲ့ အကြောင်းအရာတွေ အများကြီးရှိပါသေးတယ်။

တွေးကြည့်ပါ။

++++++++++++++++++++++

ပျော်နေတဲ့သူဟာ ကိုယ့်ပတ်ဝန်ကျင်ကိုလည်း အကျိုးပြုတယ်။

စာသင်ရတာပျော်အောင် ဖန်တီးပေးပါ။

မေးခွန်းနဲ့အဖြေ အပြီးပေးလိုက်တာဟာ စာကို စိတ်ဝင်စားမှု နည်းသွားစေတယ်။

စဉ်းစာဥာဏ်ကို မသုံးရတော့တဲ့ စာသင်နည်းဟာ ပညာရေး မဟုတ်ဘူး။

မှတ်ဥာဏ်လောက်ကိုသာ သုံးရရင် ကြာရင် စိတ်မဝင်စားတော့ဘူး။

ကိုယ့်မေးခွန်း ကိုယ်မေးပြီး ကိုယ့်အဖြေကို ရှာရရင် စိတ်ဝင်စားစရာကောင်းတယ်။

ပျော်စရာလည်းကောင်းတယ်။


++++++++++++++++++++++


ဘဝနဲ့ဆက်စပ်မှုရှိတဲ့ ဘာသာရပ်ကို ဦးစားပေးသင့်တယ်။

အရွယ်နဲ့လိုက်တဲ့အကြောင်းအရာကို သင်ဖို့လိုတယ်။

တကယ်တွေ့ရမယ့်အခက်အခဲတွေကို ဖြေရှင်းနိုင်ဖို့ နည်းလမ်းရှာတဲ့

ပညာရေးဖြစ်အောင် လုပ်မှဖြစ်မယ်။


++++++++++++++++++++++


တီထွင်စဉ်းစားတာဟာ ပညာရေး ဖြစ်ပါတယ်။ ( Education is creative thinking.)

ဥာဏ်ပိုကောင်းချင်ရင် တရားနည်းနည်းထိုင်ပါ။

တရားထိုင်လို့ စိတ်ချမ်းသာလာရင် ဥာဏ်ပိုကောင်းလာတယ်။

စိတ်တည်ငြိမ်ရင် အရာရာတိုင်းဟာ ပိုပြီးစိတ်ဝင်စားစရာ ဖြစ်လာတယ်။

စာကျက်ခါနီးမှာ ဆယ်မိနစ်လောက် တရားထိုင်ပြီးမှ စာကျက်ပါ။

စိတ်တည်ငြိမ်ရင် အတွေးအခေါ် ပိုကောင်းတယ်။

စဉ်းစားတာ သဘာဝကျတယ်။ အကြောင်းအကျိုး ကွင်းဆက်မိတယ်။

++++++++++++++++++++++

ရောင်းတဲ့သူရော၊ ဝယ်တဲ့သူပါ ပျော်အောင်လုပ်ပါ။

လူတွေက အလိမ်ခံရမှာ ကြောက်တယ်။

အမြဲတမ်းလည်း အလိမ်ခံနေရတော့ ဘယ်သူ့ကိုမှ မယုံတော့ဘူး။

ကိုယ်က မလိမ်မညာပဲ ရိုးရိုးသားသားပြောရင် စိတ်အေးချမ်းမှုရလို့ ကိုယ့်ဆိုင်မှာ ဝယ်မှာပဲ။

ဒါဟာ ပစ္စည်းရောင်လိုက်ရုံမကဘူး။ စိတ်အေးချမ်းမှုကိုပါ ပေးလိုက်တာပါ။


++++++++++++++++++++++


ဝယ်တဲ့သူကိုလည်း စိတ်ဝင်စားမှုရှိဖို့ လိုတယ်။

ဈေးဝယ်တဲ့သူကို ပျော်အောင် စိတ်ချမ်းသာအောင် ပြောရင် ဈေးဝယ်တဲ့သူက ပိုပြီးဝယ်မယ်။

ဈေးဆိုင်ကို သန့်ရှင်းအောင်၊ လှပအောင် လုပ်သင့်တယ်။

သန့်ရှင်းလှပတဲ့နေရာဟာ စိတ်ကိုကြည်လင်ချမ်းသာစေတယ်။

တချို့ဈေးဆိုင်တွေမှာ ဥယျာဉ်လေးလို သစ်ပင်ပန်းပင်တွေ စိုက်ထားတယ်။

ပန်းအိုးနဲ့အလှစိုက်ထားတဲ့ အပင်တွေနဲ့ အလှဆင်ထားတယ်။

သာယာနာပျော်ဖွယ် ရှိတဲ့ တီးလုံးတွေကို ဖွင့်ပေးတယ်။

အဲဒီလို စိတ်ချမ်းသာအောင် လုပ်ထားရင် လာရတာ ပျော်လို့ မကြာမကြာလာတယ်။

လာတိုင်းလည်း တစ်ခုခု ဝယ်တယ်။

ရောင်းတဲ့သူရော၊ ဝယ်တဲ့သူပါ ပျော်တဲ့ ဈေးရောင်းနည်းကို လေ့လာပါ။

++++++++++++++++++++++

(ဆရာတော်ဦးဇောတိက၏ စိတ်ချမ်းသာဖို့လိုရင်းပါ…

စာအုပ်မှ ကောက်နှုတ်ဖေါ်ပြပါသည်။)




လူသားတိုင်း ကျန်းမာကြပါစေ... လူသားတိုင်း ချမ်းသာကြပါစေ...
ခန္ဓာကိုယ်ကို လေ့ကျင့်ခန်းနဲ့စောင့်ရှောက်ပါ။ စိတ်ကို စာဖတ်ခြင်းနဲ့စောင့်ရှောက်ပါ။...

နူတ်ဆက်စကားလေးများ.....

မြန်မာတို့ရဲ့ ဘလော့ဂ်များ...

picoodle.com