Saturday, June 4, 2011

" သီတဂူဆရာတော် အရှင်ဥာဏိဿရ..."



သီတဂူဆရာတော် အရှင် ဥာဏိဿရ ဟာ

မြန်မာနှစ် ၁၂၉၈ ခု၊တပေါင်းလပြည့်

(ခရစ်နှစ် ၁၉၃၇ ခုနှစ်၊ဖေဖေါ်ဝါရီလ ၂၃ရက်) အင်္ဂါနေ့တွင်

ပဲခူးတိုင်း၊သဲကုန်းမြို့နယ် ပုတီးကုန်းမြို့တွင် ဖွားမြင်တယ်။

အဖမှာ ဦးမောင်ညို၊ အမိမှာ ဒေါ်သန်းတင်တို့ဖြစ်ကြပါတယ်။

၁၉၄၄ ခုနှစ်တွင် သဲကုန်းမြို့၊တပ်ရွာအလယ်ကျောင်းမှာ

ဘုန်းတော်ကြီးပညာကို စတင်သင်ယူခဲ့ပါတယ်။

၁၉၅၂ ခုနှစ်တွင် ရှင်သာမဏေဝတ်ပြီး ၁၉၅၇ ခုနှစ်တွင် ရဟန်းပြုတယ်။

၁၉၆၁ ခုနှစ်တွင် သာသနဓဇ ဓမ္မာစရိယဘွဲ့ရရှိခဲ့တယ်။

၁၉၇၂ ခုနှစ်မှ မွန်ပြည်နယ်၊ပေါင်မြို့နယ်၊ကျုံကရွာ သပိတ်အိုင်တောရကျောင်းမှာ

၎ နှစ်ကြာတရားအားထုတ်ခဲ့ပြီး

၁၉၇၅ ခုနှစ်မှ စပြီး မြန်မာပြည်အနှံ တရားများဟောကြားခဲ့ပါတယ်။

၁၉၇၉ ခုနှစ်မှစပြီး ကမ္ဘာလှည့်သာသနာပြုလုပ်ငန်းကို လုပ်ခဲ့ရာ

နိုင်ငံပေါင်း ၄၅နိုင်ငံကို လှည့်လည်တရားဟောကြားခဲ့ပြီးဖြစ်တယ်။

၁၉၈၀ ခုနှစ်တွင် စစ်ကိုင်းတောင်ရိုး သီတဂူရေအလှူတော်စီမံကိန်းကို တည်ထောင်ခဲ့ပါတယ်။

ရေအလှူတော်ကြောင့် စစ်ကိုင်းတောင်ကျောင်းပေါင်း ၉၀၀၀ကျော်ရှိ

တစ်နေ့လျှင် ရေဂါလံ ၅ သိန်းခန့်ရေပေးဝေလျက်ရှိပါတယ်။

၁၉၉၀ ခုနှစ်တွင် သီတဂူ အာယုဒါနဆေးရုံတော်ကို ဖွင့်လှစ်နိုင်ခဲ့ပါတယ်။

ရဟန်းသံဃာတော်အားလုံးနှင့် ဆင်းရဲနွမ်းပါးတဲ့လုပ်သားပြည်သူများကို

ဆေးဝါးအခမဲ့ကုသပေးလျက်ရှိပါတယ်။

အနယ်နယ်အရပ်ရပ်တွင်လည်း မျက်စိဆေးရုံများကို ဖွင့်နိုင်ခဲ့ပြီး

မျက်စိဝေဒနာရှင်များအတွက် အခမဲ့ကုသပေးလျက်ရှိပါတယ်။

၁၉၉၆ ခုနှစ်တွင် စစ်ကိုင်းတောင် သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်ကို စတင်ဖွင့်လှစ်ခဲ့ပါတယ်။

ဆရာတော်အားအစိုးရက မဟာဓမ္မကထိက ဗဟုဇနဟိတဓရဘွဲ့(၁၉၉၃)၊

အဂ္ဂမဟာ သဒ္ဓမ္မဇောတိက ဓဇဘွဲ့(၁၉၉၅)

အဂ္ဂမဟာ ပဏ္ဍိတဘွဲ့(၁၉၉၇)၊

အဂ္ဂမဟာဂန္တဝါစကပဏ္ဍိတဘွဲ့တံဆိပ်တော်များကပ်လှူပူဇော်ခဲ့ပြီး၊

၂၀၀၃တွင် ရန်ကုန်တက္ကသိုလ်က ဒီလစ်(D.Litt.)ဘွဲ့၊

၂၀၀၅ တွင်ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့ မဟာချူလာလောင်ကွန်တက္ကသိုလ်က

ပီအိပ်ခ်ျဒီ(Ph.D) ဘွဲ့အပ်နှင်းခဲ့ပါတယ်။

ဆရာတော်ဟာ သပိတ်အိုင်တောရတွင် သီတင်းသုံးခဲ့ဖူးတဲ့အတွက်ကြောင့်

သပိတ်အိုင်ဆရာတော်အဖြစ်လည်းနာမည်ကြီးသလို

သဲကုန်းမြို့နယ်ဇာတိဖွားဖြစ်တဲ့အတွက်ကြောင့် သဲကုန်းဆရာတော်အဖြစ်လည်း နာမည်ကြီးပါတယ်။

သီတဂူကျောင်း၊သီတဂူရေအလှူ၊ သီတဂူဆေးရုံ၊ သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်၊

သီတဂူဗုဒ္ဓဝိဟာရ(အမေရိကန်)တို့ကို တည်ထောင်တော်မူခဲ့တဲ့အတွက်ကြောင့်

သီတဂူဆရာတော်အဖြစ်လည်း နာမည်ကြီးပါတယ်။

ဆရာတော်ဟာ မြန်မာဘာသာနဲ့စာအုပ်ပေါင်းတစ်ရာကျော်၊

အင်္ဂလိပ်ဘာသာနဲ့စာအုပ်ပေါင်း (၃၀)ကျော်တို့ကို ထုတ်ဝေခဲ့ပြီးဖြစ်ပါတယ်။

ဆရာတော်ရဲ့အလှူဒါနနဲ့ပတ်သက်ပြီးပြောမကုန်နိုင်အောင်များပြားလှပါတယ်။

မျက်စိဆေးရုံများဆောက်လုပ်လှူဒါန်းခြင်း၊

မြို့နယ်၊ကျေးလက်ဆေးရုံများအတွက်

လိုအပ်တဲ့အဖိုးတန်စက်ကိရိယာများ၊ဆေးဝါးပစ္စည်းများလှူဒါန်းခြင်း၊

စာသင်ကျောင်းများအတွက် ကွန်ပျူတာများ၊ သင်ကြားမှုအထောက်အကူပြုပစ္စည်းများလှူဒါန်းခြင်း၊

ဘိုးဘွားရိပ်သာများ၊မိဘမဲ့ကလေးများ၊ မျက်မမြင်ဆွံ့အ နားမကြားဝေဒနာရှင်များ၊

စစ်မှုထမ်းဟောင်းများကို ငွေကြေး၊ဆေး၊အစားအစာများမကြာခဏလှူဒါန်းခြင်း။

နာဂစ်မုန်းတိုင်းသင့်ဒေသများသို့ကိုယ်တိုင်သွားရောက်ပြီး

လိုအပ်သောအစားအစာ၊ဆေး၊ကျောင်း၊နေအိမ်များကို လှူဒါန်းခြင်း၊

ဆင်းရဲချို့တဲ့သော တက္ကသိုလ်ကျောင်းသူကျောင်းသားများကို

ပညာသင်ထောက်ပံ့ကြေးများထောက်ပံ့ခြင်း။

စတဲ့အလှူမျိုးစုံကို

တန်ဖိုးငွေကျပ် (၁.၈ trillions) ကို လှူဒါန်းခဲ့ပြီးဖြစ်ကြောင်း

တာချီလိတ်တရားပွဲတွင် ဆရာတော်ဟောကြားခဲ့ဖူးပါတယ်။


လူသားတိုင်း ကျန်းမာကြပါစေ... လူသားတိုင်း ချမ်းသာကြပါစေ...
ခန္ဓာကိုယ်ကို လေ့ကျင့်ခန်းနဲ့စောင့်ရှောက်ပါ။ စိတ်ကို စာဖတ်ခြင်းနဲ့စောင့်ရှောက်ပါ။...

နူတ်ဆက်စကားလေးများ.....

မြန်မာတို့ရဲ့ ဘလော့ဂ်များ...

picoodle.com