Friday, November 11, 2011

" ရောင်းပစ်ချင်တယ်…"



တစ်ခါတုန်းက

သိန်းတိုးမောင်းလာတဲ့ ကားစုတ်တစ်စီးကို

ရဲသားကတားလိုက်တယ်။

"ခင်ဗျားဟာ ကားကို တစ်နာရီကို မိုင်ခြောက်ဆယ်ငါးမိုင်နှုန်းနဲ့မောင်းလာတယ်။

အရှိန်နဲ့မောင်းမှုနဲ့ ခင်ဗျားကို ဒဏ်ရိုက်ရလိမ့်မယ်"

သိန်းတိုးက

“ဒဏ်ငွေဆောင်ဖို့ အဆင်သင့်ပါပဲ။

ဒါပေမယ့် တစ်ခုတော့ မေတ္တာရပ်ခံပါရစေ။

တစ်နာရီ မိုင်ရှစ်ဆယ်နှုန်းနဲ့ကျနော်မောင်းလာတယ်လို့ရေးပေးပါ”

လမ်းပြပုလိပ်က

“ဘာဖြစ်လို့လဲ”

သိန်းတိုးပြန်ပြောလိုက်တာက...

“ဒီကားစုတ်ကို ဈေးကြီးကြီးနဲ့ရောင်းချင်လို့ပါ”




" အမြင်သာကန်းစေ၊ ဥာဏ်မကန်းစေနဲ့..."


တစ်ခါတုန်းက
ဘောလုံးကို ဝါသနာပါတဲ့လူတစ်စုက
ထူးထူးဆန်းဆန်းဘောလုံးပွဲတစ်ခုကိုစီစဉ်ကြပါတယ်။
တစ်ဖက်အသင်းက မျက်မမြင်အသင်း။
မျက်မမြင်အသင်းရဲ့နည်းပြဆရာက သူ့လူတွေကိုမှာပါတယ်။
ဘောလုံးမှာ ချူတပ်ပေးထားမယ်။
ဘောလုံးသွားရာလမ်းကြောင်းကို ချူသံကိုနားထောင်ပြီးလိုက်ရုံပါပဲ။
တစ်ဖက်အသင်းရဲ့ဂိုးတိုင်မှာလည်း ချူတပ်ပေးထားမယ်။
ဘောလုံးကစားတဲ့လူဆယ့်တစ်ယောက်စလုံးလဲ ချူတွေကိုယ်စီနဲ့မို့
တစ်ယောက်နဲ့တစ်ယောက်အပေးအယူလုပ်နိုင်ကြောင်းကို
နည်းပြဆရာက ရှင်းပြထားတယ်။
ပြီးတော့ အသင်းသားတွေအားလုံးကိုလည်း လေ့ကျင့်ပေးထားတယ်။
နောက်တစ်ဖက်အသင်းသားတွေကတော့ အရူးတွေဖြစ်ကြတယ်။
အရူးအသင်းရဲ့နည်းပြက မှာထားပါတယ်။
ဂိုးများများသွင်းနိုင်ရင် မင်းတို့တွေနိုင်တယ်။
ဒါကြောင့်ဂိုးများများသွင်းနိုင်ဖို့ကိုလေ့ကျင့်ပေးထားတယ်။
တကယ်ကစားရမယ့်နေ့မှာ ဒိုင်လူကြီးက ချူမှုတ်လိုက်တာနဲ့
တစ်သင်းနဲ့တစ်သင်းအကြိတ်အနယ်တောင်မကစားလိုက်ရပါဘူး။
အချိန်ပြည့်သွားတဲ့အချိန်မှာတော့ ၁၁-ဂိုး၊ဂိုးမရှိနဲ့အပြတ်အသတ်နိုင်သွားကြပါတယ်။
နိုင်တဲ့အသင်းကတော့ မျက်မမြင်အသင်းဖြစ်ပါတယ်။
အရူးတွေက ဂိုးများများသွင်းနိုင်ရင်နိုင်မယ်လို့နည်းပြဆရာပြောထားတဲ့အတိုင်း
အနီးဆုံးဖြစ်တဲ့သူ့တို့ရဲ့ဂိုးတိုင်မှာပဲ
တစ်ယောက်ပြီးတစ်ယောက် ဂိုးသွင်းနေပါတော့တယ်။
နောက်ဆုံး ဂိုးဖမ်းသမားကလည်း များများနိုင်အောင် ငါလည်းသွင်းမယ်ဆိုပြီး
သူ့ဂိုးတိုင်အပြင်ထွက်ပြီးသွင်းသွားတဲ့အတွက်
ဆယ့်တစ်ဂိုးဖြစ်သွားပါတယ်။



++++++++++++++++++

အလောင်းအစားဝါသနာပါသူတွေလည်း အလောင်းအစားလုပ်ကြတဲ့အတွက်
အောက်ကြေးသမားတွေ နိုင်သွားပြီး
အထက်ကြေးသမားတွေ ခွက်ခွက်လန်အောင်ရှုံးသွားပါတယ်။
မထင်မှတ်မှုတွေက အချိန်မရွေးဖြစ်တတ်တဲ့သဘောကြောင့်
အလောင်းအစားဟာလည်း ဘာမှမသေချာ၊မရေရာမှုတွေနဲ့
တွေ့ကြုံသွားရပါတယ်။

++++++++++++++++++

တွေးမိသလိုပြောချင်တဲ့အချက်ကတော့...
အမြင်ကန်းတဲ့သူတွေထက် အသိဥာဏ်ကန်းတဲ့လူတွေက
ပိုဆိုးလှပါတယ်။
အမြင်ကန်းတဲ့သူဟာ ရုပ်ပိုင်းဆိုင်ရာချို့ယွင်းသူများဖြစ်တယ်။
အရူးတွေကတော့ စိတ်ပိုင်းဆိုင်ရာ ချို့ယွင်းသူများဖြစ်တယ်။
စိတ်ပိုင်းဆိုင်ရာချို့ယွင်းသူဖြစ်တဲ့အရူးတွေဟာ
အသိဥာဏ်ပါချို့ယွင်းသွားပါတယ်။
ဒါကြောင့် အမှား၊အမှန်ကို မခွဲခြားနိုင်တော့ပါ။
အကောင်း၊အဆိုးကိုလည်း ခွဲခြားမသိတော့ပါ။

++++++++++++++++++

အဝိဇ္ဇာဖုံးနေတဲ့လူတွေဟာလည်း
စိတ်ပိုင်းဆိုင်ရာ နုံ့နဲ့သူများဖြစ်တယ်။
အတ္တ၊မာနကြီးသူ၊
လောဘ၊ဒေါသ၊မောဟကြီးသူတွေဟာ
တစ်နည်းအားဖြင့်ပြောရရင်
အသိဥာဏ်နည်းသူများဟုပြောရမယ်ထင်ပါတယ်။



ကိလေသာ (လောဘ၊ ဒေါသ၊ မောဟအပါအဝင်)
ကြီးမားစွာဖြစ်ပေါ်နေတဲ့တဒင်္ဂမှာ
လူတိုင်းကိုယ်စီ အသိဥာဏ်ကန်းနေကြသူများ
ဖြစ်တယ်လို့တွေးမိကြောင်းပါခင်ဗျာ။





လူသားတိုင်း ကျန်းမာကြပါစေ... လူသားတိုင်း ချမ်းသာကြပါစေ...
ခန္ဓာကိုယ်ကို လေ့ကျင့်ခန်းနဲ့စောင့်ရှောက်ပါ။ စိတ်ကို စာဖတ်ခြင်းနဲ့စောင့်ရှောက်ပါ။...

နူတ်ဆက်စကားလေးများ.....

မြန်မာတို့ရဲ့ ဘလော့ဂ်များ...

picoodle.com