Thursday, April 28, 2011

“ ခြံတံခါး လုံအောင်ပိတ်ပါ…”


ရွှေဂုံတိုင် အထူးကုဆေးခန်းရဲ့ အရေးပေါ်ဌာနတွင်

တယ်လီဖုန်း မြည်လာတယ်။

ဟဲလို၊ အရေးပေါ်ဌာနကပါလား

ကျမရဲ့ယောက်ျားမှားပြီး

ဓာတ်ဆီပုလင်းကို အရက်အမှတ်နဲ့ သောက်ချလိုက်မိတယ်။

အခုအိမ်ကို ပတ်ပြီး သူပြေးနေတယ်။

မရပ်နိုင်ဘူးဖြစ်နေတယ်။

အမြန်ဆုံးလာပါရှင့်


တစ်ဖက်က

တာဝန်ကျဆရာဝန်က ပြန်ပြောလိုက်တာက

မစိုးရိမ်ပါနဲ့၊

ခြံတံခါးကို လုံအောင် သေသေချာချာ ပိတ်လိုက်ပါ။

ခင်ဗျား ယောက်ျားဓာတ်ဆီ ကုန်သွားတဲ့အခါမှာ

သူ့အလိုလို ရပ်သွားပါလိမ့်မယ်

“ မောင့်ကို သေစေညွှန်းရော့သလားကွယ်…”


ကမာရွတ်တရားရုံးတွင်

တရားသူကြီးက

သက်သေကို စစ်ဆေးနေပါတယ်။


ခင်ဗျားယောက်ျားဟာ

သူ့ကိုယ်သူ ဘယ်လို သတ်သေလိုက်တာလဲ


မရွှေကြိုင်က

ဒီလိုပါ၊

ကျမယောက်ျားဟာ သူ့ကိုယ်သူ သတ်သေမယ်လို့

အမြဲတန်း ကျမကို ခြိမ်းခြောက်တယ်။

ဒါနဲ့တစ်နေ့မှာ သူ့ကို ကျီစယ်ချင်တာနဲ့

ခြောက်လုံးပြူးထဲ ကျမ ကျည်ဆံ ထည့်ထားလိုက်တယ်

" လောဘဆိုတာ ဘာမှမရပါ..."



တစ်ခါတုန်းက
မင်းသမီးတစ်ပါးဟာ အိမ်နီးချင်းလူကြီးတစ်ဦးရဲ့ပြောင်းခင်းကို
အလည်သွားပါတယ်။
အဲဒီလူကြီးရဲ့ပြောင်းခင်းဟာ လူတိုင်းပြောစမှတ်ပြုရလောက်အောင်
အောင်မြင်တဲ့ပြောင်းခင်းဖြစ်ပါတယ်။
မင်းသမီးက ပြောင်းမျိုးစေ့အတွက်
ပြောင်းဖူးတစ်ဖူးလောက်ရွေးပြီး ခူးယူပါရေ
လို့
တောင်းပါတယ်။
ပြောင်းခင်းပိုင်ရှင်က ခွင့်ပြုပါပေမယ့်
စည်းကမ်းချက်တော့ သတ်မှတ်ပေးလိုက်ပါတယ်။

ပြောင်းတွေ စိုက်ထားတဲ့ အရှည်ဆုံးအတန်းအတိုင်းလျှောက်သွားပြီး
အကောင်းဆုံး၊ အကြိုက်ဆုံးပြောင်းဖူးတစ်ဖူးကို ခူးယူပါ
လို့ ပိုင်ရှင်က ခွင့်ပြုပါတယ်။
ဒါပေမယ့်
သွားရင်း လေ့လာပြီး ကြိုက်တဲ့ပြောင်းဖူးတစ်ဖူးကိုသာ ခူးရပါမယ်။
နောက်ကြောင်းပြန်ပြီးမှ ဖြတ်သွားခဲ့တဲ့နေရာက
ပြောင်းဖူးကိုတော့မခူးနိုင်ပါ
လို့ ပိုင်ရှင်က စည်းကမ်းချက်သတ်မှတ်ပါတယ်။

မင်းသမီးဟာ
အကောင်းဆုံးပြောင်းဖူးတစ်ဖူးကို
ပြောင်းခင်းတစ်လျှောက်
တွေ့အောင်ကြည့်ရင်း
လျှောက်ရင်းလေ့လာခဲ့ပါတယ်။
ရှည်လွန်းတဲ့ပြောင်းခင်းသာ ကုန်ဆုံးသွားပါတယ်။
မင်းသမီးရဲ့လက်ထဲတွင် အကြိုက်ဆုံးပြောင်းဖူးကို မရခဲ့ပါ။
လက်ချည်းသက်သက်သာဖြစ်နေပါတယ်။
အကောင်းဆုံးရှာရင်း ဘာမှမရခဲ့ပါ။

ပိုကောင်းတာကို လိုချင်တဲ့လောဘကို
မတားဆီးနိုင်တဲ့အတွက်
ဘာမှမရခဲ့ခြင်းဖြစ်ပါတယ်။








“ အမွေရထားတယ်ဆိုရင် ပြီးရော…”


မနန်းဖောင်းက

ကျမရဲ့အမေဆီက

တိုက်အိမ်တစ်လုံးကို အမွေ

ရထားတယ်ဆိုတာ သိလို့

ရှင် ကျမကို လက်ထပ်ဖို့

စဉ်းစားတာ မဟုတ်လား


ကိုသိန်းရွှေပြန်ပြောလိုက်တာက...

အဓိပ္ပာယ်မရှိတာ မပြောစမ်းပါနဲ့၊

မင်း ဘယ်သူ့ဆီကပဲ အမွေရရ

ကိုယ်က လက်ထပ်ဖို့ ဆုံးဖြတ်ထားပြီးသား

" ငါ လက်မခံပါ..."




တစ်ခါတုန်းက ပုဏ္ဏားတစ်ယောက်သည်

မြတ်စွာဘုရားအား

မကြားဝံ့မနာသာအောင်လာရောက်ဆဲရေးနေ၏။

တစ်နေကုန် ဆဲရေးတိုင်ထွာနေလေတော့သည်။

အကြောင်းမှာ သူ့ညီအကိုများကို ဘုရားက တန်ခိုးနဲ့

သိမ်းသွင်းသွားတယ်လို့ ယူဆသောကြောင့်

ဖြစ်တယ်။

မြတ်စွာဘုရားဟာ သူဆဲဆိုသမျှ ဘာတစ်ခွန်းမှ

မတုန့်ပြန်ဘဲ

ငြိမ်သက်စွာ နေတော်မူတဲ့အခါ

ပုဏ္ဏားကဆဲဆိုပြီးမောသွားပါတယ်။

မတုန့်ပြန်တဲ့အတွက် အလွန်အမင်းလည်း

အံ့သြသွားပါတယ်။

ဘာကြောင့် မတုန့်ပြန်သလဲ

လို့ မေးပါတယ်။


မြတ်စွာဘုရားက

ပုဏ္ဏား သင့်အိမ်သို့ ဧည့်သည်များလာသောအခါ

လာတဲ့ဧည့်သည်က လက်ဆောင်

ယူလာပြီး သင့်ကို ပေးတယ်ဆိုပါစို့။

အသင်ပုဏ္ဏားက အဲဒီလက်ဆောင်ပစ္စည်းကို

လက်မခံဘူးဆိုရင်

အဲဒီလက်ဆောင်ပစ္စည်းက

ဘယ်သူ့ပစ္စည်းဖြစ်သွားပါသလဲ


ဧည့်သည်ရဲ့ပစ္စည်းသာဖြစ်ပါတယ်

အဲဒီဥပမာအတိုင်းပင်၊

သင်သည် ငါ့အား ဒေါသနဲ့ ဆဲရေး၏။

ငါသည် သင်၏ဆဲရေးခြင်းကို လက်မခံ။

အဲဒါကြောင့် သင်ဆဲရေးသမျှ

အကုသိုလ်ကံများဟာ သင့်ပစ္စည်းသာဖြစ်ပါတယ်



ဒေါသနဲ့ဆဲရေတိုင်းထွာတာကို

ပြန်လှန်တုန့်ပြန်ခြင်းဟာ

ဒေါသကို ဒေါသနဲ့တုန့်ပြန်ခြင်းသာဖြစ်တယ်။

ဒေါသကို လက်ခံလိုက်ခြင်းဖြစ်တယ်။

ဘယ်တော့မှ အဆုံးမသတ်နိုင်တော့ပါ။

အဓိကကတော့ အကုသိုလ်များကို

လက်မခံဖို့သာဖြစ်ပါတယ်။

လက်မခံသရွေ့ ကိုယ်ပစ္စည်းမဖြစ်ပါ။




“မီးသတိပြု…”



မန္တလေးနေပြည်တော်၊

ညအမှောင်၊

မီးရောင်လည်း မရှိ၊

လူတွေက အရိပ်လိုလှုပ်ရှား၊

တစ်စပြင်လိုများ ဖြစ်နေလေသလား။


ပျဉ်းမနားနေပြည်တော်

ညအမှောင်၊

မီးရောင်တွေ ထိန်ထိန်လင်း၊

လူမရှိ၊ သူမရှိ၊

တစ်စပြင်လို ခြောက်ကပ်လို့ပါလား။

( 2010 ဝန်းကျင်မှ မြင်ကွင်းများ )

" စိတ်မသန့်လို့မလုပ်ချင်ပါ..."


ရွှေရွှေ ဟာ
ဟင်းသီးဟင်းရွက်ရောင်းတဲ့
စတိုးဆိုင်ကြီးတစ်ဆိုင်မှာ အလုပ်ရတဲ့အတွက်
ကျောင်းပြီးတဲ့ညနေဘက်တွင်
အလုပ်ဝင်လုပ်ပါတယ်။

တစ်နေ့မှာ
ဖောက်သည်တစ်ဦးဟာ
ဆိုင်ထဲဝင်လာပြီး
ပစ္စည်းအချို့ကို ဝယ်ပါတယ်။
ပြီးတော့
ရွှေရွှေအနားကိုတိုးလာပြီး ကပ်ပြောတာက

" ထပ်ပြီး ထည့်လိုက်ပါအုန်း"
လို့
တိုးတိုးပြောပါတယ်။

" ဟာ ဘယ်ဖြစ်နိုင်မလဲ၊
အဲဒါ ကျမ မလုပ်နိုင်ပါဘူး၊
ကျမရဲ့ဆိုင်ရှင်က
အဲဒီလိုလုပ်တာကို ဘယ်သဘောကျမလဲ"
လို့ပြန်ပြောလိုက်ပါတယ်။

ဈေးဝယ်သူက

" မင်းရဲ့ဆိုင်ရှင်က
အနားမှာရှိတယ်ဆိုရင်တော့ ဟုတ်ပါတယ်။
ဒါပေမယ့်
အခု သူအနားမှာ ရှိတာမှ မဟုတ်တာ"
လို့ထပ်ပြောပါတယ်။

" အို... ကျမရဲ့ဆိုင်ရှင်က
ဆိုင်ထဲမှာတော့ မရှိတာမှန်ပါတယ်။
ဒါပေမယ့်
ကျမရဲ့စိတ်ထဲမှာတော့ ဆိုင်ရှင်က
အနားမှာအမြဲတမ်းရှိနေပါတယ်။
ကျမက ဘာသာတရားအဆုံးအမနဲ့
အမြဲနေတဲ့လူတစ်ယောက်ဖြစ်ပါတယ်။
ကျမ အဲဒါမျိုးလုပ်ဖို့ စိတ်မသန့်ပါဘူး၊
စိတ်မသန့်တဲ့အလုပ်ကို မလုပ်ချင်ပါဘူး"
လို့
ရွှေရွှေက ရှင်းပြလိုက်ပါတယ်။







လူသားတိုင်း ကျန်းမာကြပါစေ... လူသားတိုင်း ချမ်းသာကြပါစေ...
ခန္ဓာကိုယ်ကို လေ့ကျင့်ခန်းနဲ့စောင့်ရှောက်ပါ။ စိတ်ကို စာဖတ်ခြင်းနဲ့စောင့်ရှောက်ပါ။...

နူတ်ဆက်စကားလေးများ.....

မြန်မာတို့ရဲ့ ဘလော့ဂ်များ...

picoodle.com