Wednesday, December 29, 2010

“ မွေးနေ့ ဒုက္ခ…”



တောင်ပုလုဆရာတော်ကြီးက

မကြာခဏ ဆုံးမတော်မူတာက...


မွေးလာလို့၊

ဒီဘဝရလို့

ဒီခန္ဓာငါးပါးတည်းဟူသော ဒုက္ခသစ္စာကြီးကို

ကြောင်တောင်မမြင်နိုင်ကြလို့

ဒုက္ခတွေ့နေကြတာ၊


မွေးနေ့ကိုပဲ

အမွှမ်းတင်ပြီး

ပွဲကြီးလမ်းကြီးလုပ်နေကြတာ၊

ငါ မနှစ်မြို့လိုက်တာ

“ မဖွင့်ဘူးဗျာ…”



ကောင်းကောင်းဆိုတဲ့လူငယ်လေး

တစ်ယောက်ထဲရှိနေချိန်တွင်

ဖြစ်တယ်။


အပြင်ဘက်တွင်

တစ်ယောက်ယောက်က

တံခါး ဖွင့်ပါ


အိမ်မှာ ဘယ်သူမှ မရှိဘူး


အခု ဘယ်သူပြောတာလဲ


ဘယ်သူမှ မပြောဘူး၊

ခင်ဗျား နားကြားလွဲလို့

“ အမြန်ရိုက် ဓာတ်ပုံ…”


ကိုအေးကိုဟာ ဓာတ်ပုံဆရာတစ်ဦးဖြစ်တယ်။

သူ့ဆိုင်မှာလာရိုက်ထားသော ဓာတ်ပုံကို

ကိုထွန်း ကို

လှမ်းပေးရင်း ပြောတယ်။


ရော့၊

ခင်ဗျား ဇနီးရဲ့ဓာတ်ပုံ


ကိုထွန်းက

အမြန်ရိုက်ထားတယ် ထင်တယ်


ကိုအေးကို ကပြန်မေးတယ်။

ဘာဖြစ်လို့ ခင်ဗျား ဒီလိုထင်ရတာလဲ


ကိုထွန်းပြောလိုက်တာက...

သူ့ပါးစပ်ပိတ်ထားလို့

“ အပြောင်းအလဲ ရှိတတ်တယ်…”


မားသားဝေါလက်ဖက်ရည်ဆိုင်မှာ

သူငယ်ချင်း နှစ်ဦးဖြစ်ကြတဲ့

ကိုအောင်ဟိန်းက ကိုအေးကို

ကို ပြောပြနေတယ်။


ယောက်ျားသေပြီးနောက် တစ်ရက်အတွင်းမှာ တစ်ခေါင်းလုံး

ဆံပင်ဖြူသွားတဲ့ အမျိုးသမီးတစ်ယောက်ကို

တွေ့ဖူးတယ်


ကိုအေးကိုက

ဒါ ဘာဟုတ်သေးလဲ၊

ကျနော် တွေ့ဖူးတဲ့အမျိုးသမီးတစ်ယောက်ဆို

ယောက်ျားသေပြီး နောက်တစ်နေ့မှာတင်

တစ်ခေါင်းလုံး ဖြူနေရာက ရွှေရောင်ဆံပင်နဲ့

ချစ်စရာလေး ဖြစ်သွားတယ်ဗျ

“ဘယ်တုန်းက ပြည့်တာလဲ…”


မိန်းမဖြစ်သူ မအေးအေးပြုံးက

“ မနက်ဖြန်

ကျမ အသက်သုံးဆယ်ပြည့်မွေးနေ့

ကျင်းပမယ်


ယောက်ျားဖြစ်သူ ကိုသိန်းလွင် က

အင်း၊

ကျင်းပသင့်နေတာ ကြာပြီ

လူသားတိုင်း ကျန်းမာကြပါစေ... လူသားတိုင်း ချမ်းသာကြပါစေ...
ခန္ဓာကိုယ်ကို လေ့ကျင့်ခန်းနဲ့စောင့်ရှောက်ပါ။ စိတ်ကို စာဖတ်ခြင်းနဲ့စောင့်ရှောက်ပါ။...

နူတ်ဆက်စကားလေးများ.....

မြန်မာတို့ရဲ့ ဘလော့ဂ်များ...

picoodle.com