Wednesday, December 29, 2010

“ နောက်မလုပ်တော့ပါဘူး…”


အမျိုးသမီးကြီးတစ်ဦးဟာ စိတ်ရောဂါအထူးကုဆေးရုံကို

လေ့လာဖို့ ရောက်လာတယ်။

အသက် (၅၀)ကျော်အရွယ်ရှိ အမျိုးသားတစ်ယောက်ကို

သူမ သတိထားမိတယ်။

ဒါနဲ့ သူရဲ့အနားကိုကပ်လာက မေးတယ်။

ရှင် ဒီကို ရောက်နေတာ ကြာပြီးလားရှင်

၁၂-နှစ်ရှိပါပြီ

ရှင့်ကို ကောင်းကောင်းမွန်မွန် ဆက်ဆံကြရဲ့လား ဟင်

အမျိုးသားကြီးနှင့် စကားအနည်းငယ် ဆက်ပြောပြီးနောက်

သူမဟာ အိမ်ပြန်ရန် ပြင်ဆင်တယ်။

ကားရှိရာကို အသွား၊ လမ်းမှာ သူမနဲ့အဖော်လိုက်လာသူရဲ့

မျက်နှာပေါ်တွင် အပြုံးရိပ်ကို မြင်ရတာနဲက အကြောင်းရင်းကို

မေးရာ စောစောက စိတ္တဇလူနာလို့ ထင်ခဲ့သူဟာ

စင်စစ် ဆေးရုံဆရာဝန်ဖြစ်ကြောင်း

အဖော်လိုက်လာသူက ပြောပြတယ်။

ဒီစကားကို ကြားရတာနဲ့ အမျိုးသမီးဟာ တောင်းပန်စကားပြောဖို့

နောက်ပြန်လှည့်တယ်။

ဆရာဝန်ကို စောစောက နေရာမှာပင်

တွေ့ရတယ်။


ဒေါက်တာ၊

ကျမကို ခွင့်လွှတ်ပါနော်၊

နောက်ဆိုရင် အပြင်ပန်းအမြင်နဲ့ လူတစ်ယောက်ကို

ဘယ်တော့မှ ကျမ အကဲမဖြတ်တော့ပါဘူးရှင်

No comments:

လူသားတိုင်း ကျန်းမာကြပါစေ... လူသားတိုင်း ချမ်းသာကြပါစေ...
ခန္ဓာကိုယ်ကို လေ့ကျင့်ခန်းနဲ့စောင့်ရှောက်ပါ။ စိတ်ကို စာဖတ်ခြင်းနဲ့စောင့်ရှောက်ပါ။...

နူတ်ဆက်စကားလေးများ.....

မြန်မာတို့ရဲ့ ဘလော့ဂ်များ...

picoodle.com