Thursday, September 8, 2011

" ညီမျှတဲ့တန်ဖိုး..."



တစ်ခါတုန်းက မင်းသားလေးတစ်ပါးရှိတယ်။
အရွယ်ရောက်လာတော့ ကြင်ယာတော်ကိုအရှာထွက်ခဲ့တယ်။
တိုင်းပြည်တစ်ပြည်မှာ အလွန်ချော၊အလွန်လှတဲ့မင်းသမီးတစ်ပါးကိုတွေ့တော့
မင်းသမီးလေးကို လက်ဆက်ထိမ်းမြားဖို့ကြိုးစားအားထုတ်ပါတယ်။
အဲဒီမင်းသားလေးက မင်းသမီးလေးကို တွေ့ပြီး လက်ဆောင်ပစ္စည်းတွေ ဆက်သပါတယ်။
ပထမနေ့မှာ
ရွှေခွက်နဲ့အပြည့်လက်ဆောင်ပစ္စည်းတွေပေးလိုက်ပါတယ်။
မင်းသမီးလေးက ငြင်းလိုက်ပါတယ်။
ဒုတိယနေ့မှာ တွေ့ဖို့ကြိုးစားပြီး၊
ငွေခွက်နဲ့အပြည့်လက်ဆောင်တွေပေးပြန်ပါတယ်။
မင်းသမီးကငြင်းလိုက်ပြန်ပါတယ်။
တတိယနေ့မှာ တွေ့ဖို့ကြိုးစားပြီးတော့
တွေ့တဲ့အခါမှာတော့ ကြေးခွက်နဲ့လက်ဆောင်ပစ္စည်းတွေအပြည့်ယူလာပြီး
လက်ဆောင်ပေးခဲ့ပြန်ပါတယ်။
အဲဒီတော့ မင်းသမီးလေးက မင်းသားလေးကို နားမလည်နိုင်အောင်ဖြစ်လာပါတယ်။ မင်းသမီးလေးတွေးမိတာက
“လူ့လောကမှာ ယောကျာ်းတစ်ယောက်ဟာ
ချစ်ခင်နှစ်သက်တဲ့မိန်းမပျိုတစ်ယောက်ကို ရရှိပိုင်ဆိုင်ဖို့အတွက်
လက်ဆောင်ပေးကြပြီးဆိုရင် တစ်နေ့ထက်တစ်နေ့
တစ်ကြိမ်ထက်တစ်ကြိမ်ပိုပိုပြီး ပေးရိုး ထုံးစံသာရှိပါတယ်။
အခုတော့ မင်းသားက တစ်နေ့ထက်တစ်နေ့ ပေးတဲ့လက်ဆောင်ပစ္စည်းဟာ တန်ဖိုးနည်းသထက်နည်းလာတာကိုတွေ့ရတယ်ဆိုတော့ မင်းသမီးလေးက စိတ်ဝင်စားပြီးမင်းသားလေးကို မေးပါတယ်။
“ အားလုံးသောမင်းသားတွေက လက်ဆောင်ပစ္စည်းပေးရင် တစ်နေ့ထက်တစ်နေ့တန်ဖိုးများသထက်များလာတာပဲရှိတယ်။
အသင်မင်းသားကတော့
တစ်နေ့ထက်တစ်နေ့လက်ဆောင်ပစ္စည်းရဲ့တန်ဖိုးက
နည်းသထက်နည်းလာတယ်ဆိုတာကို သတိထားမိတယ်။
မိုက်မဲတဲ့ကုန်သည်တစ်ယောက်လို့ပြောရမှာလား၊
ဒါမှမဟုတ်
နောက်ပြောင်ကျီစယ်နေတာလား၊
မင်းသားလေး…
ဒါကဘာသဘောလဲ၊ ဆိုတာကိုသဲသဲကွဲကွဲ သိချင်ပါတယ်”
လို့မေးပါတယ်။
မင်းသားလေးက…
“ကျွန်ုပ်ဟာ
လိမ်မာပါးနပ်တဲ့ ကုန်သည်တစ်ယောက်လို့ပြောနိုင်တယ်။
အကျိုးမရှိတဲ့နေရာမှာ အလကား အချည်းနှီးပစ္စည်းဥစ္စာကို
မဖြုန်းတီးတတ်တဲ့သူလို့ပြောရမှာပါ။
အခုသင်မင်းသမီးကိုပေးနေတာဟာ တန်ရာတန်ကြေးကို ပေးတဲ့သဘောပါ။
တကယ်လို့ သင်မင်းသမီးလေးရဲ့အသက်၊
သင်မင်းသမီးလေးရဲ့ရုပ်ရည်အဆင်းလှပခြင်းတွေဟာ
တစ်နေ့ထက်တစ်နေ့တိုးလာမယ်ဆိုရင်တော့
သင်မင်းသမီးလေးကိုပေးတဲ့ ငါ့ရဲ့လက်ဆောင်ဟာ
တိုးသည်ထက်တိုးလာမှာ အမှန်ပါပဲ။
သင်မင်းသမီးလေးရဲ့အသက်၊
သင်မင်းသမီးလေးရဲ့ရုပ်ရည်အဆင်းလှပခြင်းတွေဟာ
တစ်နေ့ထက်တစ်နေ့ကျဆင်းနေလို့
လက်ဆောင်ရဲ့အရည်အချင်းဟာလည်း ကျဆင်းသွားရတာပါ။
ဒါဟာ ညီမျှခြင်းတစ်ခုပါ။
အိုတဲ့ဘက်၊ နာတဲ့ဘက်၊သေတဲ့ဘက်ကို သွားနေတဲ့ခန္ဓာဆိုတော့
သေဖို့နီးလာတဲ့ခန္ဓာဟာ တန်ဖိုးကျကျလာပါတယ်။
နောက်ဆုံးတစ်နေ့မှာ
သင်မင်းသမီးလေးဟာ သေဆုံးခြင်းကို ကျိန်းသေ ရင်ဆိုင်ရမှာပါ။
ဒါကြောင့်တန်ဖိုးကျသထက်ကျလာတဲ့ သင်မင်းသမီးလေးကို
ပေးတဲ့လက်ဆောင်ပစ္စည်းတွေဟာလည်း တန်ဖိုးနည်းသထက်နည်းလာခြင်းဖြစ်ပါတယ်”
လို့ပြန်လည်ပြောပြလိုက်ပါတယ်။

“ စားမှာ မဟုတ်ဘူး…”


ရန်ကုန်မြို့ရဲ့

နာမည်ကြီး စားသောက်ဆိုင်တစ်ခုမှာ

ဆာလွန်းတဲ့အတွက် ကိုအောင်ကျော်ဟိန်းက ဝင်လာပြီး

အစိမ်းကြော်မှာ စားတယ်။

အစဉ်မပြေချင်တော့ အစိမ်ကြော်က သိုးနံ့ရနေတယ်။

စိတ်လည်းတိုသွားတယ်။

အမျိုးသမီးစားပွဲထိုးကို လှမ်းခေါ်လိုက်ပြီး၊

ခင်ဗျားချပေးတဲ့ အစိမ်းကြော် သိုးနဲ့ရနေပါလား၊

ကျုပ်မစားနိုင်ဘူး၊

စားဖိုမှူးကို ခေါ်ပေးပါ

အမျိုးသမီးစားပွဲထိုးက ဘယ်လိုသဘောပေါက်သွားလဲမသိပါ။

အမျိုးသမီးစားပွဲထိုးပြန်ပြောလိုက်တာက...

ခေါ်လို့လည်း အပိုပါပဲရှင်၊

စားဖိုမှူးလည်း စားမှာ မဟုတ်ပါဘူး

လူသားတိုင်း ကျန်းမာကြပါစေ... လူသားတိုင်း ချမ်းသာကြပါစေ...
ခန္ဓာကိုယ်ကို လေ့ကျင့်ခန်းနဲ့စောင့်ရှောက်ပါ။ စိတ်ကို စာဖတ်ခြင်းနဲ့စောင့်ရှောက်ပါ။...

နူတ်ဆက်စကားလေးများ.....

မြန်မာတို့ရဲ့ ဘလော့ဂ်များ...

picoodle.com