Friday, October 26, 2012

“ တက္ကသိုလ်ကျောင်းသား…”






တစ်ခါတုန်းက မှောင်မည်းနေတဲ့ ညချမ်းတစ်ခုတွင်
လူငယ်တစ်ယောက်ကို လူဆိုး နှစ်ယောက်က လမ်းထောင့်တစ်နေရာမှာ
ညှပ်ပိတ်လိုက်ပြီး အမိန့်ပေးတယ်။
ဟေ့ကောင်၊
မင်းရဲ့ဂျာကင်ကို ချွတ်လိုက်စမ်း
ကျနော့်ဂျာကင်က ပလတ်စတစ်ဂျာကင်ပါခင်ဗျား
ကိုရွှေအေး ၊
သူပြောတဲ့အတိုင်းဟုတ်၊မဟုတ် စစ်ကြည့်စမ်း
ဟုတ်တယ်၊
သူပြောတဲ့အတိုင်း ပလတ်စတစ်ဂျာကင်ကြီး

အဲဒါဆို မင်းဘောင်းဘီချွတ်လိုက်
ဘောင်းဘီကလည်း စက္ကူဘောင်းဘီပါဗျာ
ကိုရွှေအေး၊ စစ်ကြည့်စမ်း
ဟုတ်တယ်၊ စက္ကူဘောင်းဘီကြီး
မင်း စီးထားတဲ့ ဖိနပ်ကို ချွတ်စမ်း
အောက်ခွာမပါဘူး
ဟေ့ကောင်၊ 
 မင်း တက္ကသိုလ်ကျောင်းသားလား
ဟုတ်ပါတယ်ခင်ဗျား
ကိုရွှေအေး
ဒီကောင်ကို ငွေ တစ်သိန်းပေးလိုက်စမ်းကွာ


လူသားတိုင်း ကျန်းမာကြပါစေ... လူသားတိုင်း ချမ်းသာကြပါစေ...
ခန္ဓာကိုယ်ကို လေ့ကျင့်ခန်းနဲ့စောင့်ရှောက်ပါ။ စိတ်ကို စာဖတ်ခြင်းနဲ့စောင့်ရှောက်ပါ။...

နူတ်ဆက်စကားလေးများ.....

မြန်မာတို့ရဲ့ ဘလော့ဂ်များ...

picoodle.com