Friday, October 26, 2012

“ တက္ကသိုလ်ကျောင်းသား…”






တစ်ခါတုန်းက မှောင်မည်းနေတဲ့ ညချမ်းတစ်ခုတွင်
လူငယ်တစ်ယောက်ကို လူဆိုး နှစ်ယောက်က လမ်းထောင့်တစ်နေရာမှာ
ညှပ်ပိတ်လိုက်ပြီး အမိန့်ပေးတယ်။
ဟေ့ကောင်၊
မင်းရဲ့ဂျာကင်ကို ချွတ်လိုက်စမ်း
ကျနော့်ဂျာကင်က ပလတ်စတစ်ဂျာကင်ပါခင်ဗျား
ကိုရွှေအေး ၊
သူပြောတဲ့အတိုင်းဟုတ်၊မဟုတ် စစ်ကြည့်စမ်း
ဟုတ်တယ်၊
သူပြောတဲ့အတိုင်း ပလတ်စတစ်ဂျာကင်ကြီး

အဲဒါဆို မင်းဘောင်းဘီချွတ်လိုက်
ဘောင်းဘီကလည်း စက္ကူဘောင်းဘီပါဗျာ
ကိုရွှေအေး၊ စစ်ကြည့်စမ်း
ဟုတ်တယ်၊ စက္ကူဘောင်းဘီကြီး
မင်း စီးထားတဲ့ ဖိနပ်ကို ချွတ်စမ်း
အောက်ခွာမပါဘူး
ဟေ့ကောင်၊ 
 မင်း တက္ကသိုလ်ကျောင်းသားလား
ဟုတ်ပါတယ်ခင်ဗျား
ကိုရွှေအေး
ဒီကောင်ကို ငွေ တစ်သိန်းပေးလိုက်စမ်းကွာ


No comments:

လူသားတိုင်း ကျန်းမာကြပါစေ... လူသားတိုင်း ချမ်းသာကြပါစေ...
ခန္ဓာကိုယ်ကို လေ့ကျင့်ခန်းနဲ့စောင့်ရှောက်ပါ။ စိတ်ကို စာဖတ်ခြင်းနဲ့စောင့်ရှောက်ပါ။...

နူတ်ဆက်စကားလေးများ.....

မြန်မာတို့ရဲ့ ဘလော့ဂ်များ...

picoodle.com