Thursday, September 1, 2011

" စိတ်ကူးတွေ ဖလှယ်ရအောင်လား..."





၁။


ကြွက်ထောင်ချောက်တစ်ခုသာ

ခင်ဗျားအိမ်နီးချင်းထက်ပိုကောင်းအောင်လုပ်ပါ။

တောကြီးမျက်မည်းထဲ နေရင်တောင်

တစ်ကမ္ဘာလုံးကလူတွေ

ခင်ဗျားအိမ်ဆီ လမ်းဖြိုင်ဖြိုင်ပေါက်အောင်ရောက်လာကြလိမ့်မယ်


{ အီမာဆင် (Ralph Waldo Emerson)}

၂။


မိမိစိတ်ကိုစောင့်ကြည့်သတိပြုမိပါစေ။

စိတ်တည်ငြိမ်ရေးတွင် အဓိက သော့ချက်တစ်ခုက

မိမိစိတ်လှုပ်ရှားဖြစ်ပေါ်သည်နှင့် မရှေးမနှောင်းပင်

ယင်းအား သတိပြုမိဖို့ဖြစ်သည်။

ဒေါသစိတ်၊

ကြောက်စိတ်၊

မနာလိုစိတ်များ

မိမိ၌ ဖြစ်ပေါ်သည်နှင့်

ဒါဒေါသစိတ်ပဲ၊

ဒါကြောက်စိတ်ပဲ၊

ဒါမနာလိုစိတ်ဖြစ်နေတာပဲ။

ဟု သတိပြုဆင်ခြင်နိုင်သောသူသည်

မိမိဘဝ လမ်းကြောင်းကို တည့်မတ်တည်ငြိမ်အောင်

ထိန်းကျောင်းနိုင်ပေမည်။


၃။


လွန်ကဲသောစိတ်လှုပ်ရှားမှုများကို

ခပ်ဝေးဝေးလမ်းလျှောက်ထွက်ခြင်းမျိုး၊

တစ်နေရာတွင် ငြိမ်ငြိမ်သက်သက်ထိုင်ကာ

အကြောအခြင်များ ဖြေလျှော့ပြီး၊

အသက်ရှူလေ့ကျင့်ခန်းလုပ်ခြင်း၊

တရားထိုင်ခြင်း၊

ဘုရားရှိခိုးခြင်း၊

စသည်တို့ဖြင့် ထိန်းချုပ်နိုင်ပါသည်။


၎။


မိမိကိုယ်ကို ယုံကြည်စိတ်၊

တစ်စုံတစ်ရာ၌ ထက်သန်ဝင်စားစိတ်၊

ရွပ်ရွပ်ချွံချွံပြုလုပ်လိုသောစိတ်၊

စတဲ့ အပြုသဘောဆောင်သော တိုက်တွန်းစေ့ဆော်စိတ်များသည်

လောက၌ အောင်မြင်မှု ရရှိစေမည့် အရေးကြီးဆုံးအရာများဖြစ်သည်။


၅။


ခင်ဗျားအိတ်ထဲက ငွေတစ်ရွက်နဲ့

ကျနော့်အိတ်ထဲက ငွေတစ်ရွက်လဲတယ်ဆိုပါတော့။

ဘာထူးမလဲဗျာ၊

ခင်ဗျားလဲ နဂိုအတိုင်းပဲ၊

ကျနော်လဲ နဂိုအတိုင်းပဲ။

ဒါပေမယ့် ကျနော့်စိတ်ကူးနဲ့ ခင်ဗျားစိတ်ကူး ဖလှယ်တဲ့အခါကျတော့

နှစ်ယောက်စလုံးမှာ စိတ်ကူးတွေ နှစ်ဆ ချမ်းသာသွားတယ်။

( အက်ဒီရစ်ကင် ဘေကာ )


၆။


ကျနော်ကတော့ ကျနော့်ဘေးပတ်လည်မှာ

ကျနော့်ထက်တော်တဲ့၊တတ်တဲ့လူတွေ ဝန်းရံထားပြီး

အဲဒီလူတွေ ပြောတဲ့စကားနားထောင်တာပဲဗျ။

အဲဒါနဲ့ ကျနော်တိုးတက်လာတာ

( အမေရိကန်လုပ်ငန်းရှင်ကြီး ဟင်နရီကိုင်ဇာ )

၇။


အောင်မြင်မည့်သူဟူသည် စမိသည့်အလုပ်ကို

ပြီးစီးအောင်လုပ်တတ်သည့်အလေ့အထရှိသူမျိုးဖြစ်သည်။

အောင်မြင်မှုအတွက် မရှိမဖြစ်အမူအကျင့်ဖြစ်သည်။


၈။


အကောင်းမြင်စိတ်ဟာ

ကိုယ်ခံအားစံနစ် တောင့်တင်းခိုင်မာအောင် အားပေးကြောင်း

အထောက်အထားတွေရှိတယ်

အကောင်းမြင်စိတ်ဆိုတာ အဆင်မပြေတဲ့အကြောင်းကိစ္စမျိုးကြုံတဲ့အခါတိုင်း

ကိုယ့်ကိုကိုယ် ပြေလည်အောင် ရှင်းပြတတ်တဲ့စိတ်ပဲ


( စိတ်ပညာပါမောက္ခ မာတင်ဆယ်လစ်ဂ်မန် (Martin Seligman)

၉။


ကိစ္စတစ်ခု မအောင်မြင်တာကိုလုပ်နည်းလုပ်ဟန်မှားတာလို့ မြင်ပါ။

ငါကိုယ်က ချို့ယွင်းချက်ရှိနေတာပဲလို့ မသုံးသပ်ပါနဲ့

( ဆယ်လစ်ဂ်မန် )


၁၀။


ဘယ်လုပ်ငန်းတွေမှာမဆို တချို့အပိုင်းတွေဟာ လွယ်တယ်၊

တချို့အပိုင်းတွေက ခက်တယ်၊

လုပ်ငန်းတစ်ခုမှာ တကယ်တမ်းအောင်မြင်ချင်ရင်

လွယ်တာချည်းလုပ်နေလို့ မပြီးဘူး၊

ကြိုက်သည်ဖြစ်စေ၊

မကြိုက်သည်ဖြစ်စေ၊

ခက်တဲ့အပိုင်းတွေကိုလည်း ကျေညက်အောင် လေ့ကျင့်ဖို့လိုတယ်


၁၁။


ကြောက်တဲ့အရာကို စေ့စေ့ကြည့်၊

ရဲရဲရင်ဆိုင်၊

ဘာမှ အခြေအမြစ်မရှိတဲ့ ကြောက်စိတ်မျိုးဆိုရင်

အဲဒီလို ရင်ဆိုင်ကြည့်ရုံနဲ့ လုံးဝအစပျောက်သွားလိမ့်မယ်။

တကယ်ကြောက်သင့်ကြောက်ထိုက်တဲ့အရာပဲလို့

တွေ့ရရင်တော့တစ်ခုခု ထလုပ်၊

အဲဒီလုပ်တဲ့တစ်ခုခုက ကြောက်စိတ်ပျောက်အောင် ကယ်သွားလိမ့်မယ်

(ဘာ့ခ်ဝှိုက်)


လူသားတိုင်း ကျန်းမာကြပါစေ... လူသားတိုင်း ချမ်းသာကြပါစေ...
ခန္ဓာကိုယ်ကို လေ့ကျင့်ခန်းနဲ့စောင့်ရှောက်ပါ။ စိတ်ကို စာဖတ်ခြင်းနဲ့စောင့်ရှောက်ပါ။...

နူတ်ဆက်စကားလေးများ.....

မြန်မာတို့ရဲ့ ဘလော့ဂ်များ...

picoodle.com