Sunday, November 14, 2010

“ အလိုရှိတိုင်း ပြည့်ခဲ့ပြီလေ...”


တစ်ခါတုန်းက ရွှေကို မက်မောလွန်းတဲ့ ဘုရင်ကြီးတစ်ပါးရှိပါတယ်။

အဲဒီဘုရင်ကြီးရဲ့အချိန်တော်တော်များများဟာ ရွှေနဲ့ကုန်ဆုံးတာများပါတယ်။

တိုင်းပြည်အုပ်ချုပ်ဖို့ထက် ရွှေကိုကြည့်ပြီးကြည်နူးနေတာက များတာကြောင့်

တိုင်းသူပြည်သားတွေဟာ အဲဒီဘုရင်ကြီးရဲ့နောက်ကွယ်မှာ

ဘုရင်ကြီးရွှေရူးလို့တိုးတိုးတိတ်တိတ် ခေါ်ကြတာပေါ့။


ဘုရင်ကြီးကလည်းခေါ်လောက်စရာပါ။

အချိန်ရှိသရွေ့ ဘဏ္ဍာတိုက်ထဲဝင်ပြီး၊

အထဲမှာရှိတဲ့ရွှေတွေကို တစ်ခုပြီးတစ်ခုကိုင်တယ်။

ပြီးတော့ နမ်းတယ်၊

ပြီးတော့ ရင်ထဲပိုက်ထွေးထားတယ်၊

ပြီးတော့ ရွှေတွေပေါ်မှာ အိပ်တယ်။


တစ်နေ့မှာတော့ ဘုရင်ကြီးဟာ ရွှေတွေပေါ်မှာ နှစ်နှစ်ခြိုက်ခြိုက် အိပ်နေတုန်းမှာ

အိမ်မက်လိုလို၊ တကယ်လိုလိုနဲ့ တန်ခိုးရှင်တစ်ယောက်ပေါ်လာတယ်။

ဘုရင်ကြီးက သူတစ်ယောက်ထဲလို့ထင်ထားတော့ ရုတ်တရက်ဆိုတော့လန့်သွားတာပေါ့။

ကြောက်ကြောက်လန့်လန့်နဲ့

ဟေ့သင်ဟာ ဘယ်သူလဲ

လို့အော်လိုက်တာပေါ့။


ဒီတော့ တန်ခိုးရှင်က

ငါ ဟာတန်ခိုးရှင်ပဲ၊

သင်မင်းကြီးကို ကူညီရအောင်ရောက်လာတာပါ။


ဘုရင်ကြီးက မယုံကြည်နိုင်ဘူး၊

ဒါပေမယ့် ဟန်ကိုယ့်ဖို့ဆိုသလိုပေါ့။

ဒီလိုဆိုရင် သင်တန်ခိုးရှင်ဟာ

ငါ အလိုရှိတာကို လုပ်ပေးနိုင်မလား

လို့ မေးလိုက်တာပေါ့။

တန်ခိုးရှင်က

အသင်မင်းကြီး၊ အလိုရှိတာကိုသာပြောပါ

မင်းကြီးက

ဒီလိုဆိုရင် ငါ့လက်နဲ့ ထိတာမှန်သမျှ အားလုံးရွှေဖြစ်အောင်လုပ်ပေးနိုင်မလား


အသင်မင်းကြီးအလိုရှိတိုင်းလုပ်ပေးနိုင်ပါတယ်။

ဒါပေမယ့် မင်းကြီး ထပ်စဉ်းစားပါအုန်း၊

အလိုရှိတိုင်း ရတာမျိုးဟာ အမြဲတမ်းကောင်းတာတော့မဟုတ်ဘူးနော်၊

ပြီးတော့ ဆုတောင်းပြည့်ပြီးရင် ပြန်ပြင်လို့ရတာမျိုးမဟုတ်တာကိုလည်း

သိထားဖို့လိုပါတယ်။

လို့ ဘုရင်ကြီးကို သတိပေးပါတယ်။

မင်းကြီးက

ဘာဘဲဖြစ်ဖြစ် ငါ့လက်နဲ့ထိတဲ့အရာမှန်သမျှ

အားလုံး ရွှေဖြစ်စေချင်တာပဲ

လို့ထပ်တောင်းဆိုလိုက်ပါတယ်။


ကဲအသင်မင်းကြီး၊ အလိုရှိတိုင်း ပြည့်စုံစေ

လို့ပြောပြီး တန်ခိုးရှင်ဟာ ပျောက်ကွယ်သွားပါတယ်။


ဘုရင်ကြီးဟာ ဟုတ်၊မဟုတ် သိချင်တာနဲ့

အနီးဆုံးမှာ ရှိတဲ့ တိုင်တစ်တိုင်ကို လက်နဲ့ကိုင်ကြည့်လိုက်တယ်။

အဲဒီတိုင်ဟာ ချက်ချင်းပဲ ရွှေအဖြစ်ပြောင်းသွားတယ်။

ဘုရင်ကြီး ဝမ်းသာလိုက်တာ မပြောပါနဲ့တော့။

ပြီးတော့ ဘုရင်ကြီး ဘဏ္ဍာတိုက်ထဲက ဝမ်းသာအားရထွက်လာပါတယ်။

တွေ့တဲ့အရာတိုင်းကို လက်နဲ့ကိုင်သွားလိုက်တာ အားလုံး

ရွှေတွေချည်းဖြစ်သွားတော့တာပဲ။


ဘုရင်ကြီးက

ဒီလောကမှာ ငါ့လောက် ချမ်းသာသူ မရှိတော့ဘူး

လို့ ကြုံးဝါးလိုက်ပါတယ်။

သိပ်မကြာပါဘူး၊

ဘုရင်ကြီးဟာ ရေငတ်လာတယ်။

ရွှေခွက်ကို ကိုင်လိုက်တာနဲ့ ရေတွေဟာ ရွှေအဖြစ်ပြောင်းလဲသွားတော့

ရေသောက်လို့မရဘူး ဖြစ်လာတယ်။

ဆာလောင်လာတဲ့အတွက် အစားအစာတွေကို ကိုင်လိုက်ရင်

စားစရာတွေအားလုံး ရွှေအဖြစ်ပြောင်းသွားတော့ အစားလည်း မစားဖြစ်တော့ပါ။

ကြာလာတာနဲ့အမျှ ဆာသထက်ဆာလာတယ်။

ဘုရင်ကြီး မပျော်နိုင်တော့ဘူး၊

ဘုရင်ကြီးလေသာပြူတင်းပေါက်က ငေးငိုင်ပြီးကြည့်နေချိန်မှာ

တစ်ဦးတည်းသောသမီးတော်လေးဟာ ပန်းဥယျာဉ်မှာ ဆော့ကစားနေတာတွေ့ရတယ်။

လိပ်ပြာလေးတွေကို ဖမ်းမရတာကြောင့် လိပ်ပြာလေးတွေ ဖမ်းပေးဖို့

ဘုရင်ကြီးဆီပြေးလာပြီး အပြောမှာ

အရှိန်လွန်ပြီး ဖခင်ဘုရင်ကြီးရင်ခွင်ထဲ အဝင်၊

ဘုရင်ကြီးက ကိုင်လိုက်မိတာကြောင့်

မင်းသမီးလေးဟာ ရွှေရုပ်တုလေးဖြစ်သွားပါတယ်။

ဘုရင်ကြီးဟာ သမီးတော်လေးအတွက် အကြီးအကျယ် ငိုကြွေးမိပါတယ်။

အကြီးအကျယ် နောင်တရမိပေမယ့် အချိန်ကနှောင်းသွားပြီ။


ဘုရင်ကြီးဟာ

နောက်ဆုံးမှာ အစားကလည်း မစားရတာကြောင့် ငတ်သေသွားတာလား၊

သမီးလေး သေဆုံးသွားတာကြောင့် နှလုံးကွဲပြီးသေသွားတာလား၊

ဆိုတာ

ဘယ်သူမှ မပြောနိုင်တော့ပါဘူး။

“ ဘယ်မှာရေကူးရမလဲ…”



တစ်နေ့တော့ ရိုလန်ဆိုသူတစ်ယောက် အမေဇုန်မြစ်ထဲ

ရေဆင်းကူးရန်အတွက် အဝတ်အစားများကို ချွတ်တယ်။


ရက်အင်ဒီးယန်းတစ်ယောက်က လှမ်းပြောတယ်။

ဒီနေရာမှာ ရေ ဆင်းမကူးစေချင်ဘူးဗျာ၊

မိကျောင်းတွေ သိပ်ပေါတယ်ခင်ဗျ


မိကျောင်း မရှိတဲ့နေရာ ရှားပါတယ်။

ရေ သိပ်ကူးချင်နေတယ်ကွ


ရက်အင်ဒီးယန်းက...........

ပင်လယ်နဲ့ နီးတဲ့နေရာမှာတော့ မိကျောင်း မရှိပါဘူး


သေချာရဲ့လား


ရက်အင်ဒီးယန်း ပြောလိုက်တာက........

သေချာပါတယ်။

မိကျောင်းတွေက ငမန်းကို သိပ်ကြောက်ကြတယ်လေ

“ မထိုင်နဲ့လေ…”



အိမ်ထောင်ပရိဘောဂဆိုင်ကို

လူကြီးတစ်ယောက် ဝင်လာပြီး

ဆိုင်ရှင်ကို မကျေမနပ် ပြောတယ်။


မနေ့က ခင်ဗျားရဲ့ဆိုင်က

ကျနော် ကုလားထိုင်ဝယ်သွားတယ်။

ဒီနေ့ ကျိုးသွားပါပကောလား


ဆိုင်ရှင်က


ဟုတ်လား၊

တစ်ယောက်ယောက် တက်ထိုင်လိုက်မိပြီ ထင်တယ်

“ မကျေနပ်ဘူး…”



နံက်ပိုင်း ယူရိုကော်ဖီဆိုင်မှာ ဖြစ်တယ်။

ကိုရွှေအေးဟာ သူရဲ့မိတ်ဆွေဖြစ်သူ

ကိုအောင်ဟိန်းကို ပြောတယ်။


အခုခေတ် လူတွေ တော်တော့ကို ရိုင်းစိုင်းလာကြတယ်


ဘာဖြစ်လို့လဲ ကိုရွှေအေးရဲ့


ဘာဖြစ်ရမလဲဗျာ၊

မနေ့ညက ကျော်ကမ္ဘာအရက်ဆိုင်မှာ

ကျနော်ထွက်လာတော့ ဘယ်ကောင်လဲမသိဘူး။

ကျနော်ရဲ့နားရွက်ကို တက်နင်းသွားတယ်။

တောက်...။



“ ယဉ်ယဉ်ကျေးကျေး ငြင်းပယ်နည်း…”



ပါတီပွဲ တစ်ခုမှာ လူငယ်လူရွယ်များပြည့်နေပါတယ်။

အဲဒီအချိန်မှာ လူငယ်တစ်ဦးက

အလွန်ချောမောလှပတဲ့ မိန်းမပျိုလေးဆီကို ချဉ်းကပ်ပြီး

ဟေးမင်းက သိပ်လှတာပဲ၊

မင်းနဲ့ငါ အတူတူ ကရရင် သိပ်ပျော်စရာကောင်းမှာပဲ။

ငါနဲ့အတူ တစ်ခုခု မကစားချင်ဘူးလား

လို့မေးပါတယ်။

ရှင်က ဘာများ ကစားချင်တာလဲ

လို့ မိန်းမချောလေးက မေးလိုက်ပါတယ်။

စာတိုက်ပုံးလုပ်တမ်း ကစားရအောင်လေ

လို့လူငယ်က ကမ်းလှမ်းပါတယ်။

အိုးအဲဒီကစားနည်းက ကလေးတွေ ကစားတာပဲ။

တို့တစ်တွေ အဆောက်အဦးနဲ့

တစ်ဦးတည်း ကစားနည်း ကစားရင် မကောင်းဘူးလား

လို့ မိန်းမချောလေးက ပြောလိုက်တယ်။


ဒီတော့ ချဉ်ကပ်လာတဲ့ လူငယ်လေးက

အဲဒီ အဆောက်အဦးနဲ့တစ်ဦးတည်း

ကစားနည်းက ဘယ်လိုကစားရတာလဲ

လို့ စိတ်အားထက်သန်စွာနဲ့မေးပါတယ်။

မိန်းမချောလေးက

အိုးဒီကစားနည်းက လွယ်ပါတယ်။

ရှင်က အဆောက်အဦးရဲ့ အပြင်ဘက်ကို ထွက်သွားပြီး

ကျမတစ်ဦးတည်း ဒီမှာ နေရစ်ခဲ့ဖို့ပဲ

လို့ ရှင်းပြလိုက်ပါတော့တယ်။

“ လူနာဖတ်ဖို့ပါ…”



လပ်ကီးစာအုပ်ဆိုင်မှာ ဖြစ်တယ်။

ဆရာဝန်ဒေါက်တာအောင်ဝင်းဟိန်းက

စာအုပ်တစ်အုပ်ဝယ်ဖို့ စာအုပ်ဆိုင်ထဲ ဝင်လာတယ်။


ဆိုင်ရှင် ကိုနေဝင်းထွန်းက

ဘာလိုချင်လဲဆရာ


ဆရာဝန်က

ကျနော် စာအုပ် တစ်အုပ်လောက် ဝယ်ချင်ပါတယ်


ကိုနေဝင်းထွန်းက

ဘယ်လို အကြောင်းအရာမျိုး စာအုပ်ပါလဲ


ဆရာဝန်က

ကျနော့်လူနာဖတ်ဖို့ပါ


ဆိုင်ရှင်က

သမ္မာကျမ်းစာအုပ် ယူသွားမလား


ဆရာဝန်က

မဖြစ်ဘူးထင်တယ်၊

ကျနော့်လူနာက ဒီလောက်အထိ ရောဂါ မပြင်းဘူးခင်ဗျ

လူသားတိုင်း ကျန်းမာကြပါစေ... လူသားတိုင်း ချမ်းသာကြပါစေ...
ခန္ဓာကိုယ်ကို လေ့ကျင့်ခန်းနဲ့စောင့်ရှောက်ပါ။ စိတ်ကို စာဖတ်ခြင်းနဲ့စောင့်ရှောက်ပါ။...

နူတ်ဆက်စကားလေးများ.....

မြန်မာတို့ရဲ့ ဘလော့ဂ်များ...

picoodle.com