Sunday, November 14, 2010

“ ယဉ်ယဉ်ကျေးကျေး ငြင်းပယ်နည်း…”



ပါတီပွဲ တစ်ခုမှာ လူငယ်လူရွယ်များပြည့်နေပါတယ်။

အဲဒီအချိန်မှာ လူငယ်တစ်ဦးက

အလွန်ချောမောလှပတဲ့ မိန်းမပျိုလေးဆီကို ချဉ်းကပ်ပြီး

ဟေးမင်းက သိပ်လှတာပဲ၊

မင်းနဲ့ငါ အတူတူ ကရရင် သိပ်ပျော်စရာကောင်းမှာပဲ။

ငါနဲ့အတူ တစ်ခုခု မကစားချင်ဘူးလား

လို့မေးပါတယ်။

ရှင်က ဘာများ ကစားချင်တာလဲ

လို့ မိန်းမချောလေးက မေးလိုက်ပါတယ်။

စာတိုက်ပုံးလုပ်တမ်း ကစားရအောင်လေ

လို့လူငယ်က ကမ်းလှမ်းပါတယ်။

အိုးအဲဒီကစားနည်းက ကလေးတွေ ကစားတာပဲ။

တို့တစ်တွေ အဆောက်အဦးနဲ့

တစ်ဦးတည်း ကစားနည်း ကစားရင် မကောင်းဘူးလား

လို့ မိန်းမချောလေးက ပြောလိုက်တယ်။


ဒီတော့ ချဉ်ကပ်လာတဲ့ လူငယ်လေးက

အဲဒီ အဆောက်အဦးနဲ့တစ်ဦးတည်း

ကစားနည်းက ဘယ်လိုကစားရတာလဲ

လို့ စိတ်အားထက်သန်စွာနဲ့မေးပါတယ်။

မိန်းမချောလေးက

အိုးဒီကစားနည်းက လွယ်ပါတယ်။

ရှင်က အဆောက်အဦးရဲ့ အပြင်ဘက်ကို ထွက်သွားပြီး

ကျမတစ်ဦးတည်း ဒီမှာ နေရစ်ခဲ့ဖို့ပဲ

လို့ ရှင်းပြလိုက်ပါတော့တယ်။

No comments:

လူသားတိုင်း ကျန်းမာကြပါစေ... လူသားတိုင်း ချမ်းသာကြပါစေ...
ခန္ဓာကိုယ်ကို လေ့ကျင့်ခန်းနဲ့စောင့်ရှောက်ပါ။ စိတ်ကို စာဖတ်ခြင်းနဲ့စောင့်ရှောက်ပါ။...

နူတ်ဆက်စကားလေးများ.....

မြန်မာတို့ရဲ့ ဘလော့ဂ်များ...

picoodle.com