Sunday, November 14, 2010

“ လောဘဆိုတဲ့သဘော…”



တစ်ခါတုန်းက မြေပိုင်ရှင်ကြီးရဲ့အခစားလယ်သမားတစ်ယောက်ကို

ချီးမြှောက်ချင်တာနဲ့ လိုတဲ့ဆုကိုတောင်းပါလို့ ပြောလိုက်တယ်။

လယ်သမားက သေသေချာချာစဉ်းစားပြီးနောက်

မြေတွေအများကြီးလိုချင်တယ်

လို့ပြောလိုက်ပါတယ်။

ဒီတော့ မြေပိုင်ရှင်ကြီးက

နေစထွက်ချိန်ကစပြီး

နေဝင်ချိန်အထိ

မြင်းစီးပြီးပတ်မိသလောက်မြေကိုယူစေ

လို့ မြေပိုင်ဆိုင်ခွင့်ကိုပေးလိုက်ပါတယ်။

လယ်သမားလည်း အရမ်းကို ဝမ်းသာသွားပါတယ်။

ဒါနဲ့ နေစထွက်ချိန်မှာပဲ မြင်းစီးပြီးထွက်ခဲ့ပါတယ်။

လောဘရဲ့သဘောအတိုင်းပါပဲ၊

မြေကို များများလိုချင်တာကြောင့် တော်တော်နဲ့နောက်ကြောင်းမလှည့်ဖြစ်ပါဘူး။

နေဝင်ခါနီးအချိန်ရောက်မှ စထွက်တဲ့နေရာကို ပြန်ရောက်မှ ဖြစ်မှာကို သတိရပြီး၊

မြင်းကို ဒုန်းဆိုင်းပြီး အားကုန်ပြန်မောင်းနှင်ခဲ့ပါတယ်။

မြင်းဟာ တစ်နေ့လုံး ဘာအစားမှလည်း မစားရ၊

ရေလည်းမသောက်ရတာကြောင့်

အမောဆို့ပြီး လမ်းမှာ သေဆုံးသွားပါတယ်။

နေကလည်း ဝင်တော့မယ်၊

ဒါနဲ့ပဲ လယ်သမားဟာ

စထွက်တဲ့နေရာရောက်ဖို့အားကုန်ပြေးလာခဲ့ပါတယ်။

သူဟာလည်း အစားလည်းမစားဖြစ်၊ရေလည်းမသောက်ဖြစ်တာကြောင့်

ခြေများလေးသည်ထက်လေးလာပါတယ်။

မောသည်ထက်မောလာတယ်။

လောဘဇောကြောင့်သာပြေးနေရပေမယ့် အားကုန်ခမ်းလာပါတယ်။

မိုးကုတ်စက်ဝိုင်းမှ စပြီးနေဝင်စပြုချိန်မှာတော့ စထွက်တဲ့နေရာကိုမြင်တွေ့နေရပါပြီ။

အချိန်နည်းနည်းသာ ကျန်ပါတော့တယ်။

စထွက်တဲ့နေရာရောက်ဖို့လည်း နည်းနည်းသာလိုပါတော့တယ်။

နောက်ဆုံး ကြိုးစားအားထုတ်မှုအတွက် သူ့မှာရှိသမျှ အင်အားတွေကို ထုတ်ပြီး

ဒယိမ်းဒယိုင် နဲ့ ပြေးလာခဲ့ပါတယ်။

စထွက်တဲ့နေရာကိုတော့ ရောက်လာခဲ့ပါတယ်။

ဒါပေမယ့် ပင်ပန်းလွန်းတဲ့အတွက် နှလုံးက မခံနိုင်တာကြောင့်

အမောဆို့ပြီး သေဆုံးသွားပါတယ်။

သူ့အနေနဲ့ မြေတွေ အမြောက်အများလိုချင်ခဲ့ပေမယ့်

တကယ်တမ်း ရလိုက်တဲ့ မြေနေရာအားလုံးမှာ

( -ပေx-ပေ ) အကျယ် မြေတစ်နေရာသာဖြစ်ပါတယ်။



မိုက်မဲလိုက်တာလို့ အပြောမစောပါနဲ့။

ဒီလောကကြီးထဲမှာ

အဲဒီလို မိုက်မဲသူတွေ အမြောက်အများရှိနေတယ် ဆိုတာကို

ဉာဏ်မျက်စိရှိရင် မြင်နိုင်ပါတယ်။


အဲဒီ မိုက်မဲသူတွေအထဲမှာ

ကိုယ်လည်းပါနိုင်ပါလား ?

ဆိုတာကတော့ ဉာဏ်သတိရှိမှ သိနိုင်ပါလိမ့်မယ်။

No comments:

လူသားတိုင်း ကျန်းမာကြပါစေ... လူသားတိုင်း ချမ်းသာကြပါစေ...
ခန္ဓာကိုယ်ကို လေ့ကျင့်ခန်းနဲ့စောင့်ရှောက်ပါ။ စိတ်ကို စာဖတ်ခြင်းနဲ့စောင့်ရှောက်ပါ။...

နူတ်ဆက်စကားလေးများ.....

မြန်မာတို့ရဲ့ ဘလော့ဂ်များ...

picoodle.com