Tuesday, December 13, 2011

" သိချင်တာချင်း မတူကြပါလား..."


တစ်ခါတုန်းက

တာချီလိတ်မြို့ရဲ့တာလော့ဈေးလမ်းပေါ်မှာရှိတဲ့

နိုင်းနိုင်းကော်ဖီဆိုင်မှာ ကော်ဖီသောက်ဖြစ်ပါတယ်။

မိတ်ဆွေတွေလည်းပါဝင်ပါတယ်။

စကားဝိုင်းက အလွန်စိုပြေလှပါတယ်။

ထွေရာလေးပါးပြောကြရင်းနဲ့

ကိုဟိန်းလတ်က

"ဆော်လမွန်ဘုရင်ကြီးမှာ မယားကိုးရာရှိတယ်လို့ကြားရတယ်။

ဒီလောက်များတဲ့မယားတွေကို သူဘယ်လိုလုပ်ပြီးရန်မဖြစ်အောင်အုပ်ချုပ်သလဲဆိုတာ

စိတ်ဝင်စားစရာပဲနော်၊ အဲဒီအချက်ကိုသိချင်တယ်။

ငါတို့မှာတော့ နှစ်ယောက်လေးရှိတာတောင် ရန်ပွဲတွေခဏခဏဖြစ်နေတာနဲ့

ဘာလုပ်လို့ဘာကိုင်ရမှန်းမသိအောင်ဖြစ်ရတယ်ကွာ"လို့

ပြောပါတယ်။

ဒီတော့ ကိုအေးမောင်ပြန်ပြောလိုက်တာက...

"ငါကတော့ ဆော်လမွန်ဘုရင်ကြီး ဘာမှီဝဲသလဲဆိုတာကို ပိုစိတ်ဝင်စားတယ်။

အဲဒီအချက်ကိုပိုသိချင်တယ်"


"ရိုက်သင့်ပါတယ်..."



တစ်ခါတုန်းက

ကော့သောင်းမြို့ရဲ့တရားရုံးတွင် လင်မယားရန်ဖြစ်သောအမှုတစ်ခုကိုစစ်ဆေးနေပါတယ်။

တရားသူကြီးဦးသိန်းဦးက တရားခံကိုခင်မောင်ဝင်းကို မေးတယ်။

"ခင်ဗျားလို လူကြီးလူကောင်းတစ်ယောက်က

ကိုယ့်မိန်းမကို ကိုယ်ထိလက်ရောက်ထိုးကြိတ်ရိုက်နှက်တယ်ဆိုတာ

ကျနော့်အနေနဲ့ မယုံနိုင်အောင်ဖြစ်နေတယ်"

ကိုခင်မောင်ဝင်းက

"တစ်ချိန်လုံး သူက ကျနော့်ကိုဆူဆဲပြီးပြောနေတော့

သီးမခံနိုင်တဲ့အဆုံးမှာ ပေါက်ကွဲပြီးထိုးကြိတ်မိလိုက်တာပါ"

တရားသူကြီးက

"သူက ခင်ဗျားကို ဘယ်လိုပြောလို့လဲ"

ကိုခင်မောင်ဝင်းပြန်လျှောက်လဲတာက...

"ရှင်၊ ကျမကိုရိုက်ရဲရင် ရိုက်ကြည့်စမ်း၊

ရှင့်ကို ကျမလုံးဝမကြောက်ဘူး။

ရှင်ရဲ့လက်တစ်ချက်ကျမကိုယ်ပေါ်ရောက်တယ်ဆိုတာနဲ့

ရှင့်ကို သင်္ချိုင်းကုန်းဖက်ကို ခြေတစ်ဖက်နင်းနေတဲ့ ဟိုတရားသူကြီးအစုပ်ပလုပ်ဆီကို

ရှင့်ကို ဆွဲခေါ်သွားမယ်လို့ပြောပါတယ်။

တရားသူကြီးဦးသိန်းဦးကအမိန့်ချလိုက်ပါတယ်။

"သက်သေတွေမခိုင်လုံလို့ဒီအမှုကိုပိတ်လိုက်တယ်"


လူသားတိုင်း ကျန်းမာကြပါစေ... လူသားတိုင်း ချမ်းသာကြပါစေ...
ခန္ဓာကိုယ်ကို လေ့ကျင့်ခန်းနဲ့စောင့်ရှောက်ပါ။ စိတ်ကို စာဖတ်ခြင်းနဲ့စောင့်ရှောက်ပါ။...

နူတ်ဆက်စကားလေးများ.....

မြန်မာတို့ရဲ့ ဘလော့ဂ်များ...

picoodle.com