Friday, December 17, 2010

“ ကပ်စေးနဲတော့ပိုကုန်တာပေါ့…”



အလွန်ကပ်စေးနှဲတဲ့ ဦးကပ်စေး တစ်ယောက်ဟာ

ခြေမျက်စိနာတဲ့ဝေဒနာကို

မကြာခဏ ခံစားနေရတယ်။

ဒါပေမယ့် ပိုက်ဆံကုန်မှာ စိုးတဲ့အတွက် ဆရာဝန်ဆီ သွားမပြဖြစ်ခဲ့ပါ။

တစ်နေ့မှာတော့ သူရဲ့မိတ်ဆွေဖြစ်သူ

ကိုရွှေအေး တစ်ယောက်လည်း အလားတူ ဝေဒနာ

ခံစားနေရကြောင်းကြားရတဲ့အတွက် မိတ်ဆွေကို

ဒီလို အကြံပေးလိုက်ပါတယ်။


ကိုရွှေအေး၊

ခင်ဗျား ဆရာဝန်ဆီ ချက်ချင်း သွားပြပါ။

ပြီးရင် ကျုပ်ကို အကုန်ပြန်ပြောစမ်းပါ

လို့ ပြောလိုက်ပါတယ်။


နောက်တစ်နေ့မှာ သူရဲ့မိတ်ဆွေ ကိုရွှေအေး

ကွယ်လွန်သွားကြောင်းသတင်းကြားရတယ်။

ဒါနဲ့ပဲ သူဟာ ဆေးရုံကို ပြေးပြီး

ဆီး၊သွေး၊ ဝမ်း စတဲ့ လိုအပ်တာမှန်သမျှ

အားလုံး ဆေးစစ်မှုများကိုလုပ်လိုက်ရာ

ငွေစုစုပေါင်း တစ်သိန်းငါးသောင်းကျော်ကုန်ကျသွားပါတော့တယ်။

ရလဒ်များ ရလာတဲ့အခါမှာတော့

အားလုံးကောင်းကြောင်း အဖြေထွက်လာတယ်။

ဇဝေဇဝါဖြစ်သွားတဲ့အတွက်

သေဆုံးသူရဲ့ဇနီးမုဆိုးမကို ဖုန်းဆက်ပြီးမေးကြည့်ပါတယ်။


ကိုရွှေအေး မသေခင်က နာကျင်တဲ့ဝေဒနာကို

အကြာကြီးခံစားသွားရသလားဗျ ဟင်


ကိုရွှေအေးရဲ့ဇနီးက

ဟင့်အင်း၊

သူ့ကို တိုက်တဲ့ ထရပ်ကားကိုတောင်

သူ သတိမထားမိပါဘူးရှင်

“ မာကြည့်ပါလား…”



ကျနော် ငယ်ငယ်တုန်းက အရက်ဆိုင်နဲ့ သုံးအိမ်ကျော်မှာ

ကာလကြာရှည်စွာ နေဖြစ်ခဲ့ပါတယ်။

အရက်သမားများစွာကိုတွေ့ဖူးတယ်။


အဲဒီအထဲက တစ်ယောက်ကတော့ ' နိုးဘီလစ် 'ဆိုသူဖြစ်တယ်။

ဘာကြောင့်သူကို ဒီနာမည်ပေးရသလဲဆိုတော့

သူ့နာမည်အမှန်ကို မသိပါ။

သူအရက်မူးလာရင် ပြောနေကျစကားကတော့

နိုးဘီလစ်၊နိုးဘီလပ်၊နိုးသိုင်းကျူးဖြစ်ပါတယ်။

ငယ်စဉ်ကတော့ ဘာကြောင့်ပြောမှန်းမသိခဲ့ပါ။

အင်္ဂလိပ်စာနည်းနည်းတတ်လာတော့မှ

“ No Believe,

No Belove,

No Thank You ”

ဆိုမှန်းသိလာခဲ့ပါတယ်။

သူမူးတိုင်းပြောတာမို့ သူနာမည်ကိုနိုးဘီလစ်လို့

ကျနော်တို့လူငယ်လေးတွေကခေါ်ပါတယ်။


တစ်ခါမှာတော့ သူ့ကိုမေးကြည့်မိပါတယ်။

ဦးလေး အရက်ကို

ဘာလို့သောက်တာလဲ

အရည်ဖြစ်လို့ပေါ့။

မာကြည့်ပါလား၊

ကိုက်စားမှာပေါ့

တဲ့။

အော် သူ့ကြောင့်

အရက်ဆိုတာ အရည်ပါလားလို့ သိရပြန်ပါတယ်။

“ ထိပ်ပြောင်ရတဲ့အကြောင်းရင်း…”



ဒေါက်တာအောင်ကြည်ဆွေက

သူ့လူနာကို ပြောလိုက်တယ်။


အင်း ခင်ဗျား ဆံပင်တော်တော် ကျွတ်နေပါလား၊

တစ်ခေါင်းလုံး မပြောင်အောင် တစ်ခုခု လုပ်ဦးလေ

လို့ အကြံပေးစကားပြောပါတယ်။


လူနာကိုရွှေဆီက

ဒေါက်တာအောင်ကြည်ဆွေပြန်ကြားချင်တာက

ဆရာ၊ ကျနော်ဘာလုပ်ရမလဲ၊

အကြံပေးပါဦး

လို့ပြောရင်

ဒေါက်တာအောင်ကြည်ဆွေက

သူကိုယ်တိုင်ဖေါ်စပ်ထားတဲ့ ဆေးကိုကြော်ငြာဖို့စိတ်ကူးထားပါတယ်။

ဒါပေမယ့်

လူနာက ဘယ်လိုသဘောပေါက်သွားတယ်မသိပါ။


လူနာကိုရွှေ ပြန်ပြောလိုက်တာက

ဟုတ်ကဲ့၊

ကျနော့်မိန်းမနဲ့ ကွာရှင်းလိုကြောင်း တရားရုံးမှာ

လျှောက်လွှာ တင်ထားပါပြီတဲ့။

“ အတွေ့အကြုံမရှိသေး…”



မိန်းမယူချင်တဲ့သား လူအေးထွန်းကို

အဖေဦးလှထွန်းက ပြောတယ်။


မိန်းမယူဖို့အတွက် မင်းဆီမှာ

အတွေ့အကြုံလုံလုံလောက်လောက်

မရှိသေးဘူးကွယ်


ဘယ်အချိန်မှာ အဲဒီအတွေ့အကြုံ ရှိမယ်လို့

အဖေထင်သလဲ


မိန်းမ မယူသင့်ဘူးဆိုတာ

မင်း နားလည်လာတဲ့အချိန်အထိပေါ့ကွာ

“ အထူးမေတ္တာရပ်ခံချက်…”



စာရေးက ကုမ္ပဏီပိုင်ရှင်ကို ပြောတယ်။

ကျနော့်ကို လူကြီးမင်း လစာတိုးမပေးရင်

ကျနော့်ကို ပစ်သွားမယ်လို့ မိန်းမက

ခြိမ်းခြောက်နေပါတယ်။

ကျနော်အထူးတောင်းပန်ပါရစေ၊

ကျနော့်ကို လစာတိုးမပေးပါနဲ့ခင်ဗျာ

“ လက်သံပြင်းလွန်းတယ်…”



ကိုအောင်မင်းက

ကိုတင်ဝင်းကို ပြောတယ်။


ငါ ဒီနေ့ အရက်မသောက်တော့ဘူးဗျာ၊

ဝီစကီသောက်တိုင်း သောက်တိုင်း

ငါ့ကိုယ်ပေါ်မှာ ပြာနှမ်းနှမ်းအကွက်တွေ ပေါ်လာတယ်


ကိုတင်ဝင်းက

အင်း၊

မသောက်ချင်လည်း နေပေါ့၊

ငါ မင်းကို ကိုယ်ချင်းစာပါတယ်၊

ပြီးတော့ နားလည်းလည်နိုင်ပါတယ်။

ငါ့မိန်းမရဲ့ လက်သံလည်း အတော်ပြင်းပါတယ်။

ဒါပေမယ့် အသားပေါ်မှာတော့

ပြာနှမ်းနှမ်းအကွက်တွေတော့ မပေါ်ပါဘူး

“ နားထောင်မိတာ မှားပြီ…”



ရုပ်ရှင်ရုံရဲ့ ဝင်ပေါက်ရှေ့မှာဖြစ်တယ်။

ယောက်ျားက မိန်းမကို ပြောတယ်။


မိန်းမရေ၊

မင်း ငါ့ကို ဝတ်စုံအသစ်ဝတ်ခိုင်းတာ

မှားပြီထင်တယ်


ဘာဖြစ်လို့ မှားရမှာလဲ၊

ဒီဝတ်စုံက ရှင်နဲ့ သိပ်လိုက်တာပဲ


ဒါပေမယ့် ရုပ်ရှင်လက်မှတ်က

ကုတ်အင်္ကျီအဟောင်းမှာကွ

လူသားတိုင်း ကျန်းမာကြပါစေ... လူသားတိုင်း ချမ်းသာကြပါစေ...
ခန္ဓာကိုယ်ကို လေ့ကျင့်ခန်းနဲ့စောင့်ရှောက်ပါ။ စိတ်ကို စာဖတ်ခြင်းနဲ့စောင့်ရှောက်ပါ။...

နူတ်ဆက်စကားလေးများ.....

မြန်မာတို့ရဲ့ ဘလော့ဂ်များ...

picoodle.com