Friday, December 17, 2010

“ ကျမအသက် ဘယ်လောက်လဲသိလား…”



စကားဝိုင်းတစ်ခုတွင် ယောက်ျားနှင့် မိန်းမတို့

မည်သူ့ကို ပိုပြီး ယုံသင့်သနည်းဆိုတာနဲ့ပတ်သက်ပြီး

အချေအတင် ဆွေးနွေးနေကြတယ်။


တစ်ယောက်ကပြောတယ်။

ကျနော် ဘယ်သူနဲ့မဆို လောင်းကြေးစားကြေးနဲ့

စိမ်ခေါ်ရဲတယ်။

လျှို့ဝှက်ချက် တစ်စုံတစ်ခုကို ထိန်းသိမ်းထားနိုင်တဲ့

မိန်းမဆိုလို့ ဒီကမ္ဘာပေါ်မှာ တစ်ယောက်မှ

မရှိဘူးဗျာ


အမျိုးသမီးတစ်ယောက်က သူ့ရဲ့စကားကို

ကန့်ကွက်တယ်။

ဒီလို မပြောပါနဲ့၊

ကျမဆိုရင်အင်မတန် အရေးကြီးတဲ့ လျှို့ဝှက်ချက်တစ်ခုကို

ထုတ်မပြောဘဲထားတာ နှစ်တော်တော်တောင် ကြာနေပြီ

ဒါ လုံးဝ မဖြစ်နိုင်ဘူး

သိပ်ဖြစ်နိုင်တာပေါ့ရှင်။

ကျမအသက် ၂၆-နှစ် အရွယ်က စပြီး အခုထိ

ကျမရဲ့အသက်အမှန်ကို လျှို့ဝှက်ထားတယ်ရှင့်


ကျနော်အမြင်မှာတော့ ခင်ဗျားဟာ တစ်ချိန်ချိန်မှာ

ထုတ်ပြောမိမှာပါ


ရှင်က မိန်းမတွေကို အင်မတန် အထင်သေးတာကိုး။

ရှင် သိထားဖို့က မိန်းမတစ်ယောက်ဟာ လျှို့ဝှက်ချက်

တစ်ခုကို ၁၂-နှစ်ကြာ ထိန်းသိမ်းထားနိုင်ရင်

တစ်သက်လုံး မပေါက်ကြားနိုင်အောင်

ထိန်းထားနိုင်တယ်ဆိုတဲ့ အချက်ပဲရှင့်

No comments:

လူသားတိုင်း ကျန်းမာကြပါစေ... လူသားတိုင်း ချမ်းသာကြပါစေ...
ခန္ဓာကိုယ်ကို လေ့ကျင့်ခန်းနဲ့စောင့်ရှောက်ပါ။ စိတ်ကို စာဖတ်ခြင်းနဲ့စောင့်ရှောက်ပါ။...

နူတ်ဆက်စကားလေးများ.....

မြန်မာတို့ရဲ့ ဘလော့ဂ်များ...

picoodle.com