Friday, December 17, 2010

“ လေသူရဲဖြစ်ချင်တယ်…”



စိတ်ရောဂါအထူးကုဆေးရုံကို စစ်ဆေးရေးကော်မရှင်

ရောက်လာကြတယ်။

ပထမဆုံး တွေ့တဲ့လူနာကိုမေးတယ်။


ခင်ဗျာနာမည် ဘယ်လိုခေါ်သလဲ

ရွှေအေးပါ

ခင်ဗျားမှာ ဘာ ရည်မှန်းချက် ရှိသလဲ၊

ခင်ဗျား ဘာဖြစ်ချင်သလဲဗျ ဟင်

မသိဘူး


ကော်မရှင်အဖွဲ့ဝင်လူကြီးတွေက

နောက်တစ်ယောက်ကို မေးပြန်တယ်။

ခင်ဗျား နာမည် ဘယ့်နှယ့် ခေါ်သလဲ

လူမင်းပါ

ခင်ဗျား ဘာဖြစ်ချင်သလဲဗျ ဟင်

မသိဘူး


ကော်မရှင်အဖွဲ့ဝင်လူကြီးများ စိတ်ပျက်ပျက်နဲ့

ဆေးရုံအုပ် ဆရာဝန်ကြီး အခန်းထဲကို ဝင်လာကြတယ်။

ဘယ်လိုလဲ ဆေးရုံအုပ်ကြီး၊

ခင်ဗျားလူနာတွေ သူတို့

ဘာဖြစ်ချင်ကြသလဲဆိုတာ တစ်ယောက်မှ မပြောနိုင်ကြပါလား


ဆေးရုံအုပ်ကြီး သဘောပေါက်သွားတယ်။

နောက်တစ်ပတ်အကြာတွင် ပြန်လာကြရန်

ကော်မရှင်အဖွဲ့ဝင်မျာကို မေတ္တာရပ်ခံတယ်။


နောက်တစ်ပတ်အကြာတွင်

ကော်မရှင်အဖွဲဝင်များ ရောက်လာကြတယ်။

လူနာတစ်ယောက်ကို မေးတယ်။

ခင်ဗျား ဘာဖြစ်ချင်တဲ့ ဆန္ဒရှိသလဲဗျ

လေသူရဲ

အလဲ့၊

တယ်ဟုတ်ပါလား၊

ဒါနဲ့ ခင်ဗျားနာမည် ဘယ်လိုခေါ်သလဲ

မသိဘူး

No comments:

လူသားတိုင်း ကျန်းမာကြပါစေ... လူသားတိုင်း ချမ်းသာကြပါစေ...
ခန္ဓာကိုယ်ကို လေ့ကျင့်ခန်းနဲ့စောင့်ရှောက်ပါ။ စိတ်ကို စာဖတ်ခြင်းနဲ့စောင့်ရှောက်ပါ။...

နူတ်ဆက်စကားလေးများ.....

မြန်မာတို့ရဲ့ ဘလော့ဂ်များ...

picoodle.com