Friday, December 17, 2010

“ ကပ်စေးနဲတော့ပိုကုန်တာပေါ့…”



အလွန်ကပ်စေးနှဲတဲ့ ဦးကပ်စေး တစ်ယောက်ဟာ

ခြေမျက်စိနာတဲ့ဝေဒနာကို

မကြာခဏ ခံစားနေရတယ်။

ဒါပေမယ့် ပိုက်ဆံကုန်မှာ စိုးတဲ့အတွက် ဆရာဝန်ဆီ သွားမပြဖြစ်ခဲ့ပါ။

တစ်နေ့မှာတော့ သူရဲ့မိတ်ဆွေဖြစ်သူ

ကိုရွှေအေး တစ်ယောက်လည်း အလားတူ ဝေဒနာ

ခံစားနေရကြောင်းကြားရတဲ့အတွက် မိတ်ဆွေကို

ဒီလို အကြံပေးလိုက်ပါတယ်။


ကိုရွှေအေး၊

ခင်ဗျား ဆရာဝန်ဆီ ချက်ချင်း သွားပြပါ။

ပြီးရင် ကျုပ်ကို အကုန်ပြန်ပြောစမ်းပါ

လို့ ပြောလိုက်ပါတယ်။


နောက်တစ်နေ့မှာ သူရဲ့မိတ်ဆွေ ကိုရွှေအေး

ကွယ်လွန်သွားကြောင်းသတင်းကြားရတယ်။

ဒါနဲ့ပဲ သူဟာ ဆေးရုံကို ပြေးပြီး

ဆီး၊သွေး၊ ဝမ်း စတဲ့ လိုအပ်တာမှန်သမျှ

အားလုံး ဆေးစစ်မှုများကိုလုပ်လိုက်ရာ

ငွေစုစုပေါင်း တစ်သိန်းငါးသောင်းကျော်ကုန်ကျသွားပါတော့တယ်။

ရလဒ်များ ရလာတဲ့အခါမှာတော့

အားလုံးကောင်းကြောင်း အဖြေထွက်လာတယ်။

ဇဝေဇဝါဖြစ်သွားတဲ့အတွက်

သေဆုံးသူရဲ့ဇနီးမုဆိုးမကို ဖုန်းဆက်ပြီးမေးကြည့်ပါတယ်။


ကိုရွှေအေး မသေခင်က နာကျင်တဲ့ဝေဒနာကို

အကြာကြီးခံစားသွားရသလားဗျ ဟင်


ကိုရွှေအေးရဲ့ဇနီးက

ဟင့်အင်း၊

သူ့ကို တိုက်တဲ့ ထရပ်ကားကိုတောင်

သူ သတိမထားမိပါဘူးရှင်

No comments:

လူသားတိုင်း ကျန်းမာကြပါစေ... လူသားတိုင်း ချမ်းသာကြပါစေ...
ခန္ဓာကိုယ်ကို လေ့ကျင့်ခန်းနဲ့စောင့်ရှောက်ပါ။ စိတ်ကို စာဖတ်ခြင်းနဲ့စောင့်ရှောက်ပါ။...

နူတ်ဆက်စကားလေးများ.....

မြန်မာတို့ရဲ့ ဘလော့ဂ်များ...

picoodle.com