Monday, December 20, 2010

“ စာနာတဲ့စိတ်…”



၁၀-နှစ်အရွယ် ကောင်လေးတစ်ယောက်ဟာ

ဟိုတယ် စားသောက်ဆိုင်ထဲဝင်လာပြီး စားပွဲတစ်လုံးမှာထိုင်တယ်။

စားပွဲထိုးအမျိုးသမီးတစ်ယောက် သူ့ရှေ့ရောက်လာပြီး

ရေတစ်ခွက် ချပေးပြီးနောက် သူ ဘာမှာမလဲဆိုကာ

စောင့်ဆိုင်းနေတယ်။


ကလေးလေးက

သီးစုံ အိုက်စကရင်တစ်ခွက် ဘယ်လောက်လဲခင်ဗျ

ဆင့် ငါးဆယ်ပါ

လို့ စားပွဲထိုးက ပြောတယ်။

ကောင်လေးက သူ့အိတ်ထဲမှ အကြွေစေ့တွေ နှိုက်ထုတ်ကာ

ရေတွက်တယ်။

ပြီးတော့

အိုက်စကရင် ရိုးရိုးတစ်ခွက် ဆိုရင်ကောဗျာ

လို့မေးတယ်။

ထိုင်စရာ နေရာမရသေးတဲ့ ဧည့်သည်အချို့လည်း ရှိနေတော့

စားပွဲထိုးအမျိုးသမီး သိပ်စိတ်မရှည်ချင်။

သုံးဆယ့်ငါးဆင့်

သူမက တိုတိုပြတ်ပြတ် ဖြေတယ်။


ကောင်လေးက သူ့ပိုက်ဆံပြားတွေ ရေတွက်ပြန်တယ်။

အဲဒီနောက်

အိုက်စကရင် ရိုးရိုးတစ်ခွက်ပဲ ပေးပါခင်ဗျာ

လို့ပြောတယ်။

အမျိုးသမီးက အိုက်စကရင် ယူလာတယ်။

ဘီလ်စာရွက်ကိုပါ တစ်ပါတည်း စားပွဲပေါ် တင်ပေးခဲ့ပြီး

လှည့်ထွက်သွားတယ်။

ကောင်လေး အိုက်စကရင်ကိုစားပြီးနောက်

ကောင်တာမှာ ငွေသွားရှင်းတယ်။

ပြီးတော့ ထွက်ခွာသွားတယ်။


စားပွဲထိုး အမျိုးသမီး ကောင်လေးထိုင်တဲ့စားပွဲဆီ

ပြန်လာပြီး ခုံကိုသုတ်တဲ့အခါမြင်လိုက်ရတဲ့အရာကြောင့်

သူ့ရင်ထဲ လှိုက်ခနဲဖြစ်သွားတယ်။

ကောင်လေး စားသွားတဲ့အိုက်စကရင်ခွက်

နံဘေးတွင် ငါးစေ့ နှစ်စေ့ နှင့် တစ်ဆင့်စေ့ ငါးစေ

ညီညီညာညာလေး ပုံထားတာကို တွေ့ရပါတယ်။

သူမအတွက် တစ်ပ်စ် (Tips )ပေးထားခဲ့ခြင်းဖြစ်ပါတယ်။


တကယ်တော့ သီးစုံ အိုက်စကရင်ကို စားနိုင်ပါရက်ကယ်နဲ့

မစားပဲ စားပွဲထိုးအမျိုးသမီးကို တစ်ပ်စ်ပေးချင်တဲ့အတွက်

ရိုးရိုးအိုက်စကရင်ကိုသာ စားသွားခြင်းကို

သိလိုက်ရတဲ့အတွက် ကြောင့် ဖြစ်ပါတယ်။


{ Ref; Two Nickels and Five Pennies }

No comments:

လူသားတိုင်း ကျန်းမာကြပါစေ... လူသားတိုင်း ချမ်းသာကြပါစေ...
ခန္ဓာကိုယ်ကို လေ့ကျင့်ခန်းနဲ့စောင့်ရှောက်ပါ။ စိတ်ကို စာဖတ်ခြင်းနဲ့စောင့်ရှောက်ပါ။...

နူတ်ဆက်စကားလေးများ.....

မြန်မာတို့ရဲ့ ဘလော့ဂ်များ...

picoodle.com