Tuesday, October 6, 2015

"မအ,ချင်ရင်… သမိုင်းသင်..."





မအ,ချင်ရင်…

သမိုင်းသင်။


ဒေါက်တာ သန်းထွန်း

သမိုင်းပညာရှင်

+++++++++++++++++++++

သမိုင်းဟာ အတိတ်မှာ ကျန်ခဲ့ပြီဆိုပေမယ့်
သင်ခန်းစာယူတတ်မယ်ဆိုရင် အများကြီးရနိုင်တယ်။
အမှောင်ခေတ်ရဲ့သမိုင်းဆိုရင် သင်ခန်းစာ ယူလို့မကုန်နိုင်ဘူး။
အတိတ်သမိုင်းက သင်ခန်းစာယူတတ်မယ်ဆိုရင်…
အနာဂတ်ကာလအတွက် အမှားနည်းနည်းနဲ့ဆက်လျှောက်နိုင်တယ်။
မြန်မာနိုင်ငံသမိုင်းအကျဉ်း…
၁၉၄၈-ခုနှစ်မှာ လွတ်လပ်ရေးရတယ်။
လွတ်လပ်ရေးရပြီးနောက်ပိုင်းမှာ ဒီမိုကရေစီစံနစ်နဲ့ ဆက်လျှောက်တယ်။
တိုင်းပြည်ရဲ့စီးပွားရေးဟာ အရှေ့တောင်အာရှမှာ အချမ်းသာဆုံးအုပ်စုမှာ ပါဝင်လာတယ်။
အခု အချမ်းသာဆုံးနိုင်ငံတစ်နိုင်ငံဖြစ်နေတဲ့စကာင်္ပူနိုင်ငံကတောင် အားကျအတုယူရတယ်။
၁၉၆၂-ခုနှစ်မှာ တိုင်းပြည်ကို စစ်တပ်က အာဏာသိမ်းတယ်။
အာဏာရှင်စံနစ်နဲ့အုပ်ချုပ်တယ်။
အဲဒီအချိန်ကထဲက တစ်နှစ်ထက်တစ်နှစ် ဆင်းရဲလာလိုက်တာ
ဒီနေ့အထိဆိုတာ ပြည်သူအားလုံးအသိ။
စစ်တပ် (ဒါမှမဟုတ်)တပ်မတော်က အသွင်အမျိုးမျိုးနဲ့အာဏာတွေသိမ်းခဲ့တာလည်း
အားလုံးအသိပါပဲ။
တစ်ဗိုလ်ကျ၊တစ်ဗိုလ်တက်ပြီး အာဏာကိုလက်လွှဲလက်ပြောင်းလုပ်ခဲ့။
ဘောင်ဘီဝတ်လိုက်၊ဘောင်ဘီချွတ်လိုက်နဲ့အလှည့်အပြောင်းလုပ်ခဲ့ရင်းနဲ့
အခုဆိုရင် အဆင်းရဲဆုံးနိုင်ငံတစ်နိုင်ငံဖြစ်နေပြီ။

နှစ်စဉ် အငတ်ဘေးဒဏ်ကြောင့် ပြည်သူတွေ၊ကလေးငယ်တွေ
သန်းနဲ့ချီပြီး သေကျေပျက်စီးခဲ့ဖူးတဲ့အီသီယိုပီးယားနိုင်ငံတောင်
မြန်မာနိုင်ငံထက် ပိုချမ်းသာနေပြီ။ ပိုတိုးတက်နေပြီ။
ဒီအတိုင်း စံနစ်မပြောင်း၊လူမပြောင်းပဲ ခရီးဆက်သွားရင်
တစ်ချိန်မှာ အီသီယိုပီးယားမှာ ဖြစ်ခဲ့ဖူးတဲ့အငတ်ဘေးမျိုး မကြုံနိုင်ပါဘူးလို့ ဘယ်သူပြောရဲလဲ။

++++++++++++++

ကမ္ဘာ့သမိုင်းပြန်ကြည့်၊
ချမ်းသာတဲ့နိုင်ငံတွေမှာ
စစ်တပ်က အုပ်ချုပ်လို့ချမ်းသာတာလား။
အရပ်သားအစိုးရအုပ်ချုပ်လို့ ချမ်းသာတာလား။
လေ့လာကြည့်မိသလောက်တော့
စစ်တပ်က အုပ်ချုပ်လို့ ချမ်းသာတဲ့နိုင်ငံမရှိဘူး။
အရပ်သားအစိုးရ အုပ်ချုပ်လို့ ချမ်းသာလာကြတာချည်းပဲ။

+++++++++++++++

အချမ်းသာဆုံးနိုင်ငံတစ်နိုင်ငံဖြစ်တဲ့အမေရိကန်နိုင်ငံကို လေ့လာကြည့်။
စစ်အင်အားလည်း ကမ္ဘာမှာ အကြီးမားဆုံးရှိပေမယ့် အာဏာသိမ်းတာ မရှိဘူး။
အရပ်သားအစိုးရဟာ လွတ်လပ်ရေးရပြီးကထဲက တောက်လျှောက်အုပ်ချုပ်လာခဲ့တယ်။
တိုင်းပြည်က တိုးတက်သထက်တိုးတက်လာတယ်။ ချမ်းသာသထက်ချမ်းသာလာတယ်။
အခုလက်ရှိသမ္မတ အိုဘားမားဟာ စစ်ရေးအတွေ့အကြုံမရှိဘူး။
လူမျိုးကျတော့ အာဖရိကနွယ်ဖွား အမေရိကန်နိုင်ငံသား။လူမည်းသမ္မတ။
ကမ္ဘာ့အင်အားအကြီးဆုံးစစ်တပ်ကို အကောင်းဆုံးစီမံခန့်ခွဲနိုင်တယ်။
အိုဘားမားဟာ ရပ်တန့်နေတဲ့စီးပွားရေးကို ဦးမော့လာအောင် လုပ်ပေးနိုင်တဲ့သမ္မတလည်းဖြစ်တယ်။

++++++++++

အခြားကမ္ဘာ့သမိုင်းကို လေ့လာကြည့်လိုက်ပါဦး။
ဘာသင်ခန်းစာ ရပါသလဲ။
သင်နဲ့သင့်သားသမီး၊သင့်မြေးမြစ်တွေ ဆင်းရဲပြီးဆင်းရဲ။
ကြတ်ပြီးကြတ်၊
ငတ်ပြီးငတ်၊
ပညာတွေလည်း မတတ်ပြီးမတတ်တာကို
သင်မကြောက်ရင်…
စစ်တပ်နဲ့ဆက်နွယ်နေတဲ့ပုဂ္ဂိုလ်တွေကို သင်က မဲပေးလိုက်ပါ။
လူသားတိုင်း ကျန်းမာကြပါစေ... လူသားတိုင်း ချမ်းသာကြပါစေ...
ခန္ဓာကိုယ်ကို လေ့ကျင့်ခန်းနဲ့စောင့်ရှောက်ပါ။ စိတ်ကို စာဖတ်ခြင်းနဲ့စောင့်ရှောက်ပါ။...

နူတ်ဆက်စကားလေးများ.....

မြန်မာတို့ရဲ့ ဘလော့ဂ်များ...

picoodle.com