Thursday, November 3, 2011

"ကျနော် မှားပါတယ်..."


၁။ စိတ်ရှည်ပါ။
၂။ အခွင့်အရေးပေါ်လာတဲ့အခါ မလွတ်တမ်းအရယူပါ။
၃။ ပထမဦးစွာ လိုအပ်သမျှ အပင်ပန်းခံပါ။
၎။ အချိန်ယူပါ။
၅။ ကိုယ်နဲ့ဆက်သွယ်နေရတဲ့ လူတွေအကြောင်းကို သိနိုင်သမျှ
သိအောင်ကြိုးစားပါ။
၆။ အခြေအနေကို ကြည့်ပါ။
အချက်အလက်တွေ ရှာပါ။
တစ်ဖက်လူ ဘာလိုချင်သလဲ ဆိုတာ ကိုသိအောင်လုပ်ပါ။
တစ်ဖက်လူကို ပေးနိုင်မယ့် နည်းလမ်းရှာပါ။
၇။ ကံဆိုတာ ကြိုးစားမှုရဲ့ရလာဒ်ဖြစ်တယ်။
၈။ များများလေ့ကျင့်လေလေ များများကံကောင်းလေလေပဲ။
၉။ ကံက အလိုလို ရောက်လာတဲ့အချိန်အထိ စောင့်မနေပါနဲ့။
ကိုယ်က ကံတရားကို ဖန်တီးယူပါ။
၁၀။ ကံကောင်းတဲ့လူတွေဟာ အခွင့်အရေးသေးသေးလေးမြင်ရင်
အဲဒါကို အခွင့်အရေးအကြီးကြီး ဖြစ်အောင်လုပ်ယူတယ်။

++++++++++++++++++

လောကမှာ ပြောရခက်တဲ့စကား သုံး ခွန်းရှိတယ်။
၁။ ကျနော်မသိပါဘူး။
၂။ ကျနော်အကူအညီလိုနေပါတယ်။
၃။ ကျနော် မှားပါတယ်။

++++++++++++++++++

ကိုယ့်ကိုယ်ကိုယ် လျော့ပြောတာဟာ
ပိုပြီးပြောတာထက်
အများကြီးထိရောက်တယ်။
ကျနော် အကူအညီလိုနေပါတယ်။
ကျနော်ကို ကူညီပါ။
လုပ်ငန်းတစ်ခုကို
တစ်ယောက်တည်းလုပ်တာထက်
ပူးပေါင်းလုပ်ကိုင်တာ ပိုပြီးအကျိုးရှိတတ်ပါတယ်။
အပြန်အလှန်အကူအညီပေးတာ၊
ယူတာဟာ အလွန်ကောင်းတဲ့စီမံအုပ်ချုပ်ရေးစံနစ်တစ်ခုပါပဲ။
ကျနော်မှားပါတယ်။
အမှားလုပ်မိမှာ ကြောက်တာ၊
အမှားကိုဝန်မခံရဲတာဟာ
အဓိကပြဿနာပါပဲ။
မှားတာက အဓိက မဟုတ်ပါဘူး၊
အဲဒီအမှားကို ဘယ်လိုကိုင်တွယ်သလဲဆိုတာကသာ
အဓိကပါ။

++++++++++++++++++

လုပ်ငန်းတစ်ခုမှာ သစ္စာရှိမှုဟာ အလွန်အရေးကြီးတယ်။
အသက်ဆိုရင်လဲ မမှားဘူး။
ကိုယ့်ရဲ့သစ္စာရှိမှုကို အကောင်းဆုံး ဖော်ပြပါ။
အကောင်းဆုံးကတော့
စနစ်အတိုင်း အလုပ်ဖြစ်အောင် ကြိုးစားဖို့ပါပဲ။

++++++++++++++++++

ကိုယ့်ရဲ့လုပ်ဖော်ကိုင်ဖက်တွေကို ပြိုင်ဖက်တွေလို မမြင်ပါနဲ့။
မဟာမိတ်တွေလို မြင်ပါ။
တော်တဲ့လူတွေနဲ့ ပူးတွဲ လုပ်ကိုင်ရတာဟာ
ကိုယ့်အတွက် အောင်မြင်ရေးလှေကားထစ်ပါပဲ။

++++++++++++++++++



သူ့တို့အတွက် လွယ်ကူချောမောအောင်
ငါ့ဖက်က ဘာတွေလုပ်ပေးနိုင်မှာလဲ…
ဆိုတာကို
ပထမဆုံးကိုယ့်ကိုယ်ကိုယ် မေးခွန်းထုတ်ကြည့်ပါ။

++++++++++++++++++

အထူးသဖြင့် အချိန်နည်းနည်းနဲ့
အထိရောက်ဆုံးဖြစ်အောင်
ဘယ်လိုလုပ်နိုင်မလဲဆိုတာကို
စဉ်းစားရမယ်။

++++++++++++++++++

အချိန်နဲ့နားပါ။
အပန်းဖြေပါ။
လေ့ကျင့်ခန်းလုပ်ပါ။
လုပ်ငန်းကိစ္စတွေ အားလုံးကို စာရွက်ပေါ်မှာ ရေးမှတ်ထားပါ။
လိုအပ်တဲ့အချိန်မှာ အဲဒီ…. မှတ်စုစာရွက်တွေကို ပြန်ကြည့်ပြီး
လုပ်စရာရှိတာလုပ်ပါ။
အလုပ်ကိုငြီးငွေ့တဲ့စိတ်က လေ့လာမှုပြတ်သွားတဲ့အခါ၊
ရပ်သွားတဲ့အခါဖြစ်ပေါ်လာတတ်တာမျိုးပါ။

++++++++++++++++++

ပန်းတိုင်တစ်ခုသတ်မှတ်ပြီးရင် အဲဒီပန်းတိုင်ကို
အကြောင်းပြုပြီး အခြေခံပြီး၊
နောက်ထပ်ကြီးမားတဲ့ ပန်းတိုင်တစ်ခုကို
ထပ်ပြီး မျှော်မှန်းတယ်။
အဲဒီလိုနဲ့မဆုံးနိုင်တဲ့ လေ့လာစရာတွေထဲမှာ
ကိုယ့်ကိုယ်ကိုယ် လုံးဝဥဿုံမြှပ်နှံထားလိုက်ပါ။
နေ့တိုင်း နံက် ၄း၀၀ မှာ အိပ်ရာကထတယ်။
တစ်ပတ်မှာ နာရီ ရှစ်ဆယ်က
ကိုးဆယ်အထိ အလုပ်လုပ်တယ်။
ကိုယ်လုပ်တဲ့အလုပ်ကို ချစ်လို့ပါ။

++++++++++++++++++



ကိုယ့်ကိုယ်ကိုယ်သင်ယူပါ။
လက်ရှိလုပ်ငန်းတာဝန်ကို အကောင်းဆုံးလုပ်ဆောင်ပါ။
တာဝန်သစ်တွေကို ကြံဆဖော်ထုတ်ပါ။

++++++++++++++++++

ကျနော်တို့ အောင်မြင်ခဲ့ရတာဟာ
တကယ်တော့ လုပ်သင့်တယ်လို့ ထင်တာတွေကို လုပ်ခဲ့ပြီး၊
မလုပ်သင့်ဘူးလို့ထင်တာတွေကို မလုပ်ခဲ့လို့ပါပဲ။

++++++++++++++++++

လုပ်ငန်းတစ်ခုကိုစ တင်တည်ထောင်တဲ့အခါမှာ
ယေဘုယျအားဖြင့်
ကိုယ့်ရဲ့ Common Sense လို့ခေါ်တဲ့ သာမန်ဆင်ခြင်ဉာဏ်
(သို့မဟုတ်)
ဘုံဉာဏ်ကို အသုံးချတာဟာ အကောင်းဆုံးပဲလို့ ထင်ပါတယ်။

++++++++++++++++++

ရည်ညွှန်း...................................( ဟားဗတ်စီးပွားရေးတက္ကသိုလ်မှာ မသင်ခဲ့ရသမျှ…)
( မောင်ပေါ်ထွန်း )

++++++++++++++++++



လူသားတိုင်း ကျန်းမာကြပါစေ... လူသားတိုင်း ချမ်းသာကြပါစေ...
ခန္ဓာကိုယ်ကို လေ့ကျင့်ခန်းနဲ့စောင့်ရှောက်ပါ။ စိတ်ကို စာဖတ်ခြင်းနဲ့စောင့်ရှောက်ပါ။...

နူတ်ဆက်စကားလေးများ.....

မြန်မာတို့ရဲ့ ဘလော့ဂ်များ...

picoodle.com