Saturday, November 13, 2010

“ အောင်ပွဲဆိုတာ စွန့်ရဲသူအတွက်သာ…”



တစ်ခါတုန်းက ဘောက်ဖတ်ကောင်လေးမှာ သေးသေးလေးသာဖြစ်ပါတယ်။

သစ်ရွက်စိမ်းများပေါ်မှာတွေ့မြင်နေကျ အရွယ်ပင်ဖြစ်ပါတယ်။

ခြေတွေကလည်း အများကြီး၊ ကိုယ်ပေါ်မှာလည်း အမွေးတိုတွေ

ထိုးထိုးထောင်ထောင်နဲ့ နွေကာလ ဖြစ်ပါတယ်။

အဲဒီအချိန်မှာ ဘောက်ဖတ်ကောင်လေးဟာ လမ်းမကျယ်ကြီးတစ်လျှောက် သွားလာနေပါတယ်။

ရုတ်တရက်ဆာလောင်လာတယ်။

လမ်းမကြီးရဲ့တစ်ဖက်မှာ အစိမ်းရောင် မြက်တွေကို တွေ့နေရပါတယ်။

အဲဒါကြောင့် ဘယ်ကွေ့ကွေ့လိုက်ပြီး လမ်းမကြီးကို ဖြတ်ကူးဖို့ ခြေတစ်လှမ်း ပြင်လိုက်တယ်။

အဲဒီအချိန်မှာ လူတစ်ဦးလမ်းလျှောက်လာတာနဲ့ တိုးနေပါတယ်။

အဲဒီလူရဲ့ ခြေထောက်က ဘောက်ဖတ်ကောင်လေးနားကပ်ပြီးကျလာပါတယ်။

ဘောက်ဖတ်လေးကို နင်းတော့ မတတ်ဖြစ်သွားပါတယ်။

အဲဒီအခါ ဘောက်ဖတ်လေးဟာ ကိုယ်ကို နောက်ကို အနည်းငယ်တွန့်ဆုတ်လိုက်ပါတယ်။

အဲဒီနောက် အဲဒီလူက ခါးကို ကိုင်းပြီး

ဟေ့ ကောင်လေး၊ မင်းဘာလုပ်မလို့လဲ၊

မင်းရူးနေသလား၊

မင်းရှေ့ကို နည်းနည်းသာ တိုးလိုက်ရင် မင်းသေမှာပဲ။

ကဲငါပြောတာ နားထောင်စမ်း။

ဒီလမ်းမကြီးပေါ်မှာ ကားတွေ ဘယ်လောက်မျုားတယ်ဆိုတာ မင်းသိရဲ့လား၊

တစ်မိနစ်မှာ ကားအမျိုးမျိုး အစီး၂၀-လောက်ဖြတ်နေတာ၊

ကားငယ်တွေ၊ကားကြီးတွေ၊ နောက်တွဲပါတဲ့ကားတွေ စုံလို့ပါပဲ။

ဒါပေမယ့် ဘောက်ဖတ်လေးဟာ အဲဒီလူပြောပြတဲ့ ကြောက်စရာကောင်းပြီး

အသံဆူညံတဲ့ ယာဉ်တွေအကြောင်း ဘာမှ နားမလည်ပါ။

ဟေ့ကောင်လေး၊

မင်းမမိုက်မဲစမ်းပါနဲ့ကွာ၊

မင်းစဉ်းစားနေတာတွေအားလုံး မေ့ပစ်လိုက်စမ်းပါ။

မင်းကြုံနေရတာကို ရင်ဆိုင်နိုင်ဖို့ ကြိုးစားပါ။

မင်းဟာလမ်းရဲ့ ဒီဘက်မှာမွေးဖွားလာတာပါ၊

ဒီဘက်မှာပဲ ဆက်နေနိုင်ဖို့ ကြိုးစားအားထုတ်ပါ

လို့ အဲဒီလူက ဘောက်ဖတ်ကို ထပ်ပြောပါတယ်။

သာမန်လူတို့အမြင်နဲ့ကြည့်ရင် အဲဒီလူပြောပြချက်မှာ မှန်ကန်ပါတယ်။

လမ်းမကြီးကို ဖြတ်ကူးရင် အန္တရာယ်ကင်းကင်း ဘေးရှင်းရှင်းနဲ့ အခြားတစ်ဖက်ကို

ရောက်ဖို့ အခွင့်အလမ်းမှာ အလွန်နည်းလှပါတယ်။

အဲဒါကြောင့် လမ်းရဲ့ ဒီဘက်ကမ်းမှာပင်နေပြီး၊

လက်ရှိ အနေအထားကို အကောင်းဆုံးအသုံးချဖို့နဲ့

ဒီဘက်ကမ်းမှာအခွင့်အလမ်းနည်းတာကို အားမလို အားမရဖြစ်ပြီး မစွန့်စားဖို့

အဲဒီ လူက တိုက်တွန်းနေခြင်းဖြစ်ပါတယ်။

မင်းက ငယ်လည်းငယ်၊ နှေးလည်းနှေးလွန်းလှပါတယ်ကွယ်

လို့အဲဒီလူကပြောပါတယ်။

ဒါပေမယ့် ဘောက်ဖတ်က တစ်ဖက်ကမ်းမှ မြက်စိမ်းတွေကိုသာ မြင်နေပါတယ်။

ဘောက်ဖတ်ဟာ ဆာလောင် လာပြန်ပါတယ်။

လမ်းမကြီးပေါ်မှာပြေးနေတဲ့ ကားတွေက တစ်မိနစ် အစီး၂၀၊

တစ်နာရီဆိုရင် အစီးထောင်ကျော် ဖြတ်နေပါတယ်။

အဲဒါကြောင့် ဘေးမသီ ရန်မခဘဲ လမ်းမရဲ့ တစ်ဖက်ရောက်ဖို့မှာ

အလွန်အခွင့်အလမ်းနည်းလှပါတယ်။

မင်းလို ဘောက်ဖတ်အနေနဲ့ ဒီလောက်ကျယ်တဲ့ လမ်းမကြီးကို

ဖြတ်ကူးဖို့ဆိုတာ မလွယ်ပါဘူး။

အန္တရာယ်ကင်းကင်းနဲ့ တစ်ဖက်ကမ်းရောက်ဖို့ မလွယ်ပါဘူး။

မင်းကိုယ်မင်း ဘာများထင်နေသလဲ။

ဒီလောက်ကားတွေများတဲ့ကြားက မင်းက ဘယ်လိုဖြတ်ကူးမှာလဲ။

ဘယ်လိုမှ မဖြစ်နိုင်ပါဘူးကွာ။

မင်းဟာ အကောင်သေးသေးလေး၊

ပြီးတော့ ကိုယ့်ကိုယ်ကိုယ်လည်းကာကွယ်နိုင်တာ မဟုတ်ဘူး။

ကာကွယ်နိုင်တဲ့လက်နက်လည်း မရှိဘူး။

အပြေးလည်း မသန်ဘူး။

သွားထက်ထက်တွေလည်း ရှိတာမဟုတ်ဘူး။

လို့ အဲဒီလူက ဘောက်ဖတ်ကို ဝေဖန်ပြောဆိုပါတယ်။


ဒါပေမယ့် ဘောက်ဖတ်လေးဟာ လမ်းတစ်ဖက်မှ မြက်စိမ်းတွေကိုသာ မြင်ပါတယ်။

အဲဒါကြောင့် စတင်ပြီး လမ်းကူးပါတယ်။

အလျင်စလိုကူးခြင်းမရှိပါ။

ကြောက်ရွံ့ခြင်းလည်း မရှိ၊

လွတ်မြောက်အောင် နည်းလမ်းရှာပြီးမှ ကူးခြင်းလည်း မဟုတ်ပါ။

ဘောက်ဖတ်လေး လမ်းဖြတ်ကူးတဲ့အချိန်မှာ ကားကြီး -စီး မောင်းသွားပါတယ်။

နောက်တွဲပါတဲ့ ကားကြီးတစ်စီးလည်း မောင်းသွားပါတယ်။

ဘောက်ဖတ်လေးဟာ ဆက်ခါ ဆက်ခါ လမ်းဖြတ်ကူးသွားပါတယ်။

နောက်ဆုံး လမ်းတစ်ဖက်သို့ ရောက်သွားပါတော့တယ်။


စွန့်စားတယ်ဆိုတာ တကယ်တော့ စွန့်ရဲသူအတွက် စားရတဲ့သဘောကိုဆောင်ပါတယ်။

စွန့်စားသူတွေက သေဖို့နီးတယ်လို့ အဆိုးမြင်သူတွေကပြောရင်

မစွန့်စားသူတွေကရော မသေတော့ဘူးလားလို့ မေးစရာရှိလာပါတယ်။

စွန့်စားလို့သေတာမဟုတ်ပါဘူး။

မွေးလာလို့သေကြတာပါ။

လူဖြစ်လာရင်တော့ လုပ်သင့်တယ်လို့ထင်တာကို လုပ်ဖို့လိုပါလိမ့်မယ်။

ကြောက်လို့ငတ်ပြီးသေတာထက် စာရင်တော့ စွန့်စားပြီးသေရတာက

ပိုမိုကောင်းပါလိမ့်မယ်လို့ထင်မိကြောင်းပါခင်ဗျား။ ။


“ ဘုရင်လိုပဲ ဆက်ဆံစေချင်တယ်…”



တစ်ခါတုန်းက အလက်ဇန္ဒားဘုရင်ကြီး ဟာ

တိုင်းပြည်တစ်ပြည်ကိုသိမ်းပိုက်ပြီး ဘုရင်ပိုးရပ်ကို ဖမ်းမိခဲ့ပါတယ်။

အလက်ဇန္ဒားဘုရင်ကြီးက

ဘယ်လိုများ ဖြစ်စေချင်ပါသလဲ

လို့ ပိုးရပ်ဘုရင်ကို မေးလိုက်ပါတယ်။

ပိုးရပ်ဘုရင်က

ဘုရင်လိုပဲ ဆက်ဆံစေချင်တယ်

လို့ ရဲဝံ့စွာပြန်ဖြေပါတယ်။

အလက်ဇန္ဒားဘုရင်ကြီးက

နောက်ထပ် ဘာများမေတ္တာရပ်ခံချင်တာ ရှိသေးသလဲ

လို့ထပ်မေးပါတယ်။

ဘုရင်ပိုးရပ်က

ဘာမှ မရှိတော့ပါဘူး၊

ဘုရင်လို ဆက်ဆံစေချင်တယ်ဆိုတဲ့ အထဲမှာ အားလုံးအကြုံးဝင်နေပါပြီ

လို့ ပြန်ဖြေခဲ့ပါတယ်။

အလက်ဇန္ဒားဘုရင်ကြီးက ပိုးရပ်ဘုရင်အား

သူ့နိုင်ငံတော်ကို ပြန်လည်ပေးအပ်ခဲ့ပါတော့တယ်။

“ မာန်မာန…”



တတိယတန်း ကျောင်းသားတစ်ဦးဟာ အတန်းထဲမှ

အကောင်းဆုံး စာဖတ်သမားဆုကို ရခဲ့ပါတယ်။

သူရခဲ့တဲ့ ဆုအတွက် ဂုဏ်ယူမဆုံးဖြစ်ပြီး၊

သူ့အိမ်ရှိ အိမ်ဖော်အား သွားကြွားပါတယ်။

ဒေါ်မာလာ

ခင်ဗျား ကျနော်ဖတ်သလို ဖတ်နိုင်သလားဆိုတာ ကြည့်ရအောင်

အိမ်ဖော် အမျိုးသမီးကြီးဟာ စာအုပ်ကိုယူလိုက်ပါတယ်။

အနီးကပ်ပြီးကြည့်ပါတယ်။

နောက်ဆုံးထစ်ထစ်ငေါ့ငေါ့အသံဖြင့်

ဘာဖြစ်လို့လဲ တူးတူးရယ်

ဒေါ်မာလာကစာမဖတ်တတ်ပါဘူး

လို့ပြန်ပြောပါတယ်။

ဒေါင်းတစ်ကောင်လို မာနတက်ပြီး ကောင်ငယ်လေးဟာ

ဧည့်ခန်းထဲကို ပြေးဝင်သွားရင်း သူ့အဖေအား

ဖေဖေရေ

ဒေါ်မာလာက စာမဖတ်တတ်ဘူး၊

သားက ()နှစ်ပဲရှိသေးတယ်။

စာဖတ်တော်တဲ့ ဆုတောင်ရခဲ့တယ်။

သူ ဘယ်လိုခံစားရမယ်ဆိုတာ သားတော့ မပြောတတ်ပါဘူး၊

မဖတ်တတ်တဲ့ စာအုပ်ကို ကြည့်ပြီး ဘယ်လိုခံစားရမလဲ မသိဘူးနော်…”

လို့ အော်ပြောပါတယ်။

ဖခင်က စကားတစ်ခွန်းမှ ပြန်မပြောဘဲ စာအုပ်စင်ကို သွားပြီး

စာအုပ်တွဲ တစ်တွဲကို ယူလာပါတယ်။

ပြီးတော့ သားငယ် တူးတူးကိုပေးလိုက်ပါတယ်။

သူ ဒီလိုခံစားရတယ်

လို့ပြန်ပြောလိုက်ပါတယ်။

စာအုပ်မှာ တရုတ်ဘာသာစကားနဲ့ရေးထားတဲ့အတွက်

တူးတူးမှာ စာတစ်ကြောင်းမှပင် မဖတ်နိုင်ပါ။

သားငယ်လေး တူးတူးဟာ အဲဒီအဖြစ်အပျက်ကို ဘယ်တော့မှ မမေ့တော့ပါဘူး။

နောက်ပိုင်းမှာ ကြွားချင်တဲ့စိတ်ပေါ်လာတိုင်း သူ့ကိုယ်သူ

မင်း တရုတ်စာ မဖတ်တတ်တာကို သတိရပါ

လို့ ကိုယ့်ကိုယ်ကို အမြဲတမ်းသတိပေးတတ်ပါတယ်။

လူသားတိုင်း ကျန်းမာကြပါစေ... လူသားတိုင်း ချမ်းသာကြပါစေ...
ခန္ဓာကိုယ်ကို လေ့ကျင့်ခန်းနဲ့စောင့်ရှောက်ပါ။ စိတ်ကို စာဖတ်ခြင်းနဲ့စောင့်ရှောက်ပါ။...

နူတ်ဆက်စကားလေးများ.....

မြန်မာတို့ရဲ့ ဘလော့ဂ်များ...

picoodle.com