Saturday, November 13, 2010

“ ငယ်ရွယ်သူတို့ရဲ့ အားမာန်…”


တစ်ခါတုန်းက သစ်ပင်ကြီးတစ်ပင် အထက်မှာ ငှက်မတစ်ကောင်က ဥတွေ ဥထားတယ်။
ရုတ်တရက်မှာပင် စပါးကြီးမြွေကြီးတစ်ကောင်က
ငှက်မဆီကို တိတ်တိတ်လေး တက်လာနေတာကို တွေ့လိုက်ပါတယ်။
အဲဒီမြွေကြီးရန်က ငှက်မဟာ ဘယ်လိုကာကွယ်နိုင်မလဲ စဉ်းစားပါတယ်။
မျောက်တစ်ကောင်က အခြေအနေကို တွေ့ပြီး
အသင် ငှက်မ မကြောက်ပါနဲ့၊
ကျွန်ုပ်အဲဒီစပါးကြီးမြွေကို ဖယ်ရှားပေးမယ်။
ကျောက်ခဲနဲ့ပေါက်မယ်လို့ ပြောပါတယ်။
အဲဒီအခါ ငှက်မက
ရှင် ကျောက်ခဲနဲ့ပေါက်ရင် ကျမရဲ့ဥတွေထိပြီး ကွဲကုတ်မှာ စိုးရပါတယ်။
လို့ပြန်ပြောပါတယ်။
အနီးအနားတွင် ဆင်ကြီးတစ်ကောင် ရောက်လာပါတယ်။
ဆင်ကြီးက အန္တရာယ်များတဲ့ အခြေအနေကို တွေ့ပြီး
ငှက်မကြီး ဘာမှ မစိုးရိမ်ပါနဲ့၊ ဒီမြွေကြီးပါ ပါသွားအောင် ဒီအပင်ကြီးကို
အမြစ်ပါ ပါသွားအောင် ဆွဲနူတ်လိုက်ပါမယ်
လို့ ဆင်ကြီးက ပြောပါတယ်။
အမလေးခဏနေပါဦး ဆင်ကြီးရယ်၊
အပင်ကြီးကို ဆွဲ နှုတ်လိုက်ရင် ကျမရဲ့ဥတွေပါ ပါသွားပါ့မယ်။
အားလုံးကွဲကုန်ပါမယ်ရှင်
လို့ ငှက်မကြီးက စိုးရိမ်တကြီး ဟန့်တားပါတယ်။
တောထဲမှာရှိတဲ့ အကောင်ကြီးတွေဟာ သူ့မရဲ့ဥတွေကို မကွဲစေပဲ
စပါးကြီးမြွေရဲ့ ရန်က ကင်းဝေးအောင် မလုပ်နိုင်တာကို
ငှက်မကြီးကသိသွားပါတယ်။
ရုတ်တရက် အကြံတစ်ခု ထွက်လာပါတယ်။
ပုရွက်ဆိတ်များထံ အကူအညီသွားတောင်းပါတယ်။
ရုတ်တရက်အချိန်အတွင်းမှာပင် ထောင်ပေါင်းများစွာ ပုရွက်ဆိတ်အုပ်ကြီးဟာ
သစ်ပင်ရဲ့ ပင်စည်ကြီးအတိုင်း တက်လာကြပြီး
စပါးကြီးမြွေရဲ့ တစ်ကိုယ်လုံးဖြစ်တဲ့ ခေါင်းမှ အမြီးအထိ ဝိုင်းအုံကိုက်ခဲကြပါတယ်။
နောက်ဆုံးမှာ မြွေကြီးရဲ့ အရိုးနဲ့ အရေခွံ သာကျန်တဲ့အထိ ကိုက်ဖြတ်စားလိုက်ကြပါတယ်။
အောင်ပြီဟေ့
လို့ ငှက်မကြီးက အော်ပြီး
သူမရဲ့မိတ်ဆွေသူရဲကောင်း ပုရွက်ဆိတ်များကို ချီးကျူးလိုက်ပါတယ်။

အခုတော့ ကျမရဲ့ဥတွေ အန္တရာယ်က ကင်းပြီးဖြစ်လို့
ကျမလည်း အလုပ်ကို ကောင်းကောင်း လုပ်နိုင်ပါပြီ
လို့ ဝမ်းသာစွာ ပြောလိုက်ပါတယ်။

No comments:

လူသားတိုင်း ကျန်းမာကြပါစေ... လူသားတိုင်း ချမ်းသာကြပါစေ...
ခန္ဓာကိုယ်ကို လေ့ကျင့်ခန်းနဲ့စောင့်ရှောက်ပါ။ စိတ်ကို စာဖတ်ခြင်းနဲ့စောင့်ရှောက်ပါ။...

နူတ်ဆက်စကားလေးများ.....

မြန်မာတို့ရဲ့ ဘလော့ဂ်များ...

picoodle.com