Saturday, November 13, 2010

“( I.Q ) အိုင်ကျူ နဲ့ အီးကျူ (E.Q)…”



တစ်ခါတုန်းက ကျော် မူကြိုကျောင်းတစ်ခုမှာ

ကျောင်းအုပ်ဆရာမကြီးဒေါ်အေးသန်းက

အရေးပေါ် တယ်လီဖုန်းလာတဲ့အတွက်

အတန်းထဲမှာ ရှိတဲ့

ကျောင်းသူကျောင်းသားတွေကို သေသေချာချာမှာတယ်။


ဆရာမကြီးအရေးကြီးတဲ့ကိစ္စနဲ့ အပြင်ထွက်စရာအကြောင်းရှိတယ်။

အဲဒီလိုသွားနေတဲ့အချိန်မှာ သကြားလုံးတစ်ယောက်တစ်လုံးစီပေးထားခဲ့မယ်။

မစားပဲနေနိုင်တဲ့ကလေးကို ဆရာမကြီးပြန်လာတဲ့အခါ သကြားလုံး နောက်ထပ်တစ်လုံးပေးမယ်


လို့ပြောပြီး

ဆရာမကြီးက အပြင်ကိုထွက်ခဲ့ပါတယ်။


အတန်းထဲမှာတော့

လျှို့ဝှက်ကင်မရာ(Camera movie ) စက်များကိုတပ်ဆင်ထားတဲ့အတွက်

ကလေးများရဲ့ရုပ်ပုံများကို အသေးစိတ်မြင်နေရပါတယ်။

အချို့ကလေးက

ဆရာမကြီးထွက်သွားတာနဲ့ ချက်ချင်းလိုလို သကြားလုံးကို စားလိုက်ကြတယ်။

အချို့ကလေးများကတော့ လက်နဲ့အုပ်ထားတယ်။ တော်တော်နဲ့မစားကြပါ။

နောက်ဆုံးမှာတော့ မနေနိုင်ကြပဲ စားကြတယ်။

အချို့ကလေးများကတော့ ခုံတန်းပေါ်မှာ မှောက်အိပ်ပြီး မစားပဲနေကြည့်ကြတယ်။

ကြာလာတော့ မနေနိုင်သူတွေက စားကြတယ်။

အချို့ကလေးများကတော့ စာဖတ်နေကြတယ်။


အတန်းအစားခွဲခြားလိုက်ရင် ကလေးနှစ်မျိုးထွက်လာပါတယ်။

တစ်မျိုးက မနေနိုင်လို့ သကြားလုံးကို စားကြတဲ့ ကလေးများ၊

နောက်တစ်မျိုးက သကြားလုံးကို မစားပဲ နေနိုင်ကြတဲ့ ကလေးများ၊

ဆရာမကြီးပြန်လာတော့ သကြားလုံးကို မစားပဲနေနိုင်ကြတဲ့ ကလေးများကို

နောက်ထပ် သကြားလုံး တစ်လုံးစီ ထပ်ပေးလိုက်ကြတယ်။


သကြားလုံး နှစ်လုံးစားရအောင် သည်းခံစောင့်ဆိုင်းတတ်တဲ့ကလေးများဟာ

လူရေးလူရာမှာ ပိုမိုလိမ္မာကြတာကိုတွေ့ရတယ်။

ဒ့ါပြင် ရဲဝံ့ယုံကြည်စိတ်လည်းရှိကာ၊

ပြဿနာအခက်အခဲကြုံတဲ့အခါ ပိုပြီးတည်တည်ငြိမ်ငြိမ်

ဖြေရှင်းနိုင်ကြကြောင်းကိုတွေ့ရပါတယ်။


လတ်တလောရတဲ့

သကြားလုံးတစ်လုံးကို ချက်ချင်းယူစားခဲ့တဲ့ ကလေးများမှာ

တစ်ဇွတ်ထိုးနိုင်သူများ၊

ကောင်းစွာမပိုင်ခြား၊ မဝေဖန်တတ်သူများ၊

ပြဿနာပေါ်ရင် ပျာယာခတ်တတ်သူများဖြစ်လာကြတာကို တွေ့ကြရပါတယ်။


စမ်းသပ်မှုက ဒီမှာတင်မပြီးပါ။

နောက်ထပ် အနှစ် နှစ်ဆယ်ကျောအကြာမှာတော့

ကလေးတွေရဲ့နောက်ကြောင်းကို

လေ့လာကြည့်တဲ့အခါမှာ

သကြားလုံးကိုချက်ချင်းစားသူများထက်

သကြားလုံးနှစ်လုံးရအောင်အောင့်အည်းသီးခံနိုင်သူများက

ပညာရေး၊ စီးပွားရေး၊ လူမှုရေးရာမှာ

ပိုမိုအောင်မြင်ကြတာကို တွေ့ရှိရပါတယ်။


ဒီသုတေသနပြုချက်အရ..

ဉာဏ်ကောင်းသူ (I.Q မြင့်သူ )များထက်

စိတ်ရှည်သည်းခံတတ်သူ (E.Q မြင့်သူ ) များ က

ပိုမိုအောင်မြင်ကြောင်း ထင်ရှားတဲ့သက်သေတစ်ခုဖြစ်ပါတယ်။


ဒါကြောင့်

ရေရှည်အကျိုးစီးပွားကို မြော်မြင် တွက်ဆကြည့်ပါ။

ရေရှည်မှာ နစ်နာဆုံးရှုံးမှုရစေမယ်ဆိုတာ

ထင်ရှားရင် လတ်တလောမက်မောစိတ်ကို မျိုသိပ်ပါ။

ဒီအရည်အချင်းများဟာ လေ့ကျင့်ယူလျှင် ရနိုင်တဲ့ အရည်အချင်းများဖြစ်ပါတယ်။


လူကြီးမင်းကိုယ်တိုင်ဖြစ်စေ၊

လူကြီးမင်းရဲ့သား၊သမီးများကိုဖြစ်စေ၊

နောင်အနာဂတ် ရင်သွေးရတနာများကိုဖြစ်စေ၊

ပြုစု ပျိုးထောင်ဖို့ အခွင့်အရေးရလာခဲ့ပါက

ဒီအချက်ကို အလေးအနက်ထားစေချင်ပါတယ်။


အဲဒါကတော့
ဉာဏ်တော်တာထက် စိတ်ထားကောင်းဖို့က

ဘဝမှာ ပိုမို အရေးပါ အရာရောက်ပါတယ်။

No comments:

လူသားတိုင်း ကျန်းမာကြပါစေ... လူသားတိုင်း ချမ်းသာကြပါစေ...
ခန္ဓာကိုယ်ကို လေ့ကျင့်ခန်းနဲ့စောင့်ရှောက်ပါ။ စိတ်ကို စာဖတ်ခြင်းနဲ့စောင့်ရှောက်ပါ။...

နူတ်ဆက်စကားလေးများ.....

မြန်မာတို့ရဲ့ ဘလော့ဂ်များ...

picoodle.com