Saturday, July 30, 2011

"မဖြစ်နိင်ဘူးတဲ့ဗျာ..."



စာအုပ်ဆိုင် အတွင်းသို့ လူငယ်တစ်ယောက် ၀င်လာပြီး

အရောင်းအမျိုးသမီးဝန်ထမ်းအား မေးပါတယ်။

လူငယ် က

“ စာအုပ်လိုချင်လို့ဗျာ”


အမျိုးသမီးဝန်ထမ်း က

“ ဟုတ်ကဲ့….ဘာစာအုပ်များလဲ ရှင် ”


လူငယ်က

“နာမည်တော့ မမှတ်မိတော့ဘူး။

စာအုပ်ရေးတဲ့ အကြောင်းအရာက

” ယောင်္ကျားတွေဟာ

မိန်းမ တွေအပေါ် ဘယ်လို လွှမ်းမိုးချုပ်ကိုင်ထားသလဲ ”

ဆိုတဲ့ အကြောင်းပါ”


အမျိုးသမီးဝန်ထမ်း က

“ဒါဆို ညာဘက်တန်းက

” စိတ်ကူးယဉ် စာပေများ ”

ဆိုတဲ့ စင်မှာ ရှာကြည့်ပါရှင်”


"ကျေးဇူးတင်တဲ့စိတ်..."


သဘာဝ ရေမြေတောတောင်ဟာ

လူ့ရဲ့စိတ်ကို ရွှင်လန်းစေတယ်။

+++++++++++++++++++++++++++++++++++++++


တကယ်အဆင့်မြင့်တဲ့ အသိဉာဏ်ကို လိုချင်ရင်

အဖက်ဖက် က သန့်ရှင်းတဲ့

ပတ်ဝန်ကျင်မှာ နေပါ။

+++++++++++++++++++++++++++++++++++++++

ရုပ်ပိုင်းပတ်ဝန်ကျင် ဟာ

အတွေးအခေါ်နဲ့ စိတ်ခံစားမှုကို

နက်နက်ရှိုင်းရှိုင်း အကျိုးသက်ရောက်မှု ရှိပါတယ်။

+++++++++++++++++++++++++++++++++++++++


လှပတာကိုခံစားရလို့လှတဲ့စိတ်ဖြစ်တယ်။

လှတာကို ဖန်တီးထားတဲ့ သူတွေကို သိပ်ကျေးဇူးတင်ပါတယ်။

ကျေးဇူးတင်တာဟာလှတဲ့စိတ်ပဲ။

+++++++++++++++++++++++++++++++++++++++

ကျေးဇူးတင်တဲ့စိတ်ဟာ

အင်မတန်လှပတဲ့စိတ်ဖြစ်ပါတယ်။

အဆင့်အတန်းမြင့်တဲ့စိတ်ဖြစ်ပါတယ်။

+++++++++++++++++++++++++++++++++++++++


A thing of beauty is joy for ever;

It’s loveliness increases;

It will never

Pass into nothingness;

but still will keep

A bower quiet for us,

And sleep

Full of sweet dreams,

And health, and quiet breathing.

‘John Keats’


လှပတဲ့အရာဟာ

အမြဲတန်းစိတ်ကို နှစ်သက်ရွှင်လန်းစေတယ်။

သူရဲ့ နှစ်သက်စရာကောင်းတဲ့အလှဟာ

တိုးတိုးလာတယ်။

ဘာမှ အဓိပ္ပာယ်မရှိတဲ့အရာတစ်ခု

အဖြစ်ကို ဘယ်တော့မှ ရောက်သွားမှာမဟုတ်ဘူး။

ဒါပေမယ့် ငါတို့အတွက် တိတ်ဆိတ်ငြိမ်သက်တဲ့နားခို

စရာအရိပ်အာဝါသတစ်ခုကိုထားရှိအုံးမှာပဲ။

လှတာဟာ စိတ်ကို အနားရစေတယ်။


တရားဟာလည်း စိတ်ရဲ့နားခိုစရာတစ်ခုဖြစ်ပါတယ်။

လှပတဲ့အိမ်မက်တွေ မက်တဲ့အိပ်စက်ခြင်း၊

ကျန်းမာခြင်း နဲ့

ညင်သာစွာ အသက်ရှုနိုင်ခြင်းကိုပေးမယ်။

လှပတဲ့စိတ်ဟာ ကောင်းစွာ အိပ်ပျော်စေတယ်။

ကျန်းမာစေတယ်။

မမောမပန်းစေဘူး။

+++++++++++++++++++++++++++++++++++++++

အမောပြေချင်ရင်

ကိုယ့်ရင်ထဲမှာရှိနေတဲ့အလှအပ

ကို အာရုံပြုပါ။

ကိုယ့်ရင်ထဲမှာ ရှိနေတဲ့ အေးချမ်းမှုကို

ခံစားပါ။

+++++++++++++++++++++++++++++++++++++++


အလှအပတစ်ခုကို မြတ်မြတ်နိုးနိုးတန်ဖိုးထာပြီး

ခံစားလိုက်ရတဲ့အချိန်

အရင်တုံးကထက် ပိုပြီးတော့ အဆင့်မြင့်တဲ့

လူတစ်ယောက် ဖြစ်သွားတယ်။

+++++++++++++++++++++++++++++++++++++++

စိတ်ထားအဆင့်မြင့်လာလေလေ

ပိုပြီးအဆင့်မြင့်တဲ့ အလှကို မြင်လေလေပဲ။

+++++++++++++++++++++++++++++++++++++++

အဆင့်အမြင့်ဆုံးအလှကို

မြင်နိုင်ရင် အဆင့်အမြင့်ဆုံးဘဝကို

ရတာပဲ။

အကောင်းဆုံးဘဝကို ရတာပဲ။

+++++++++++++++++++++++++++++++++++++++

လောကမှာ အမြင့်မြတ်ဆုံးအလှဟာ

မြတ်စွာဘုရားပဲ။

+++++++++++++++++++++++++++++++++++++++

Only the morning gate of beauty

Leads you into the land of truth.

(Fricdrich Schiller)

အလှအပဆိုတဲ့နံက်ခင်းဂိတ်တံခါးကသာ

သင့်ကို အမှန်တရားဆိုတဲ့နယ်မြေထဲကို

ပို့ဆောင်ပေးလိမ့်မယ်။

+++++++++++++++++++++++++++++++++++++++

(ဆရာတော်ဦးဇောတိက)


“မှတ်သားလောက်ပါပေတယ်…”



ကိုတင်ဝင်းဟာ အလွန်ရိုးသားသူဖြစ်တယ်။

ရိုးသားသူဆိုတာထက် ရိုးအသူလို့ပြောရင်ပိုမှန်မယ်ထင်တယ်။

တစ်နေ့တော့ သူ့ရဲ့သူငယ်ချင်းဖြစ်သူ ကိုအေးကိုကပြောတယ်။

“သူငယ်ချင်း မင်း…..

ဘယ်ြမို့က မယ် ၊

ဘယ်တိုင်းက မယ် ၊

မယ်ဗမာ ၊

မယ်ကမ္ဘာတို့

ကြားဖူးတယ် မဟုတ်လား”


ကိုတင်ဝင်းက

“အေး…ကြားဖူးတယ်၊

ဘာဖြစ်လို့လဲ”


ကိုအေးကိုက

“ငါမနေ့က လမ်းမှာ

ကောင်မလေးချောချောတွေ့လို့

စကားလိုက်ပြောရင်းနဲ့ နာမည်မေးလိုက်တော့

သူဘာ မယ်ဆိုတာ ပြောပြတယ်ကွ၊

မင်း..သိမှာ မဟုတ်ပါဘူး”


ကိုတင်ဝင်းက

“ဟုတ်လားကွ၊

ဘာမယ်တဲ့တုန်း ”


ကိုအေးကိုက

” ပါးကျိုးမယ် ” တဲ့


Thursday, July 28, 2011

" ဖြေရှင်းနိုင်တဲ့နည်းလမ်းကောင်း..."




တစ်ခါတုန်းက

အင်ဒီယားနားမှာ သိုးတွေမွေးထားတဲ့ လယ်သမားတစ်ဦးရှိပါတယ်။

အိမ်နီးချင်းရဲ့ခွေးက သူမွေးထားတဲ့ သိုးတွေကို လာပြီးကိုက်သတ်နေတဲ့အတွက်

ဒုက္ခနဲ့ကြုံတွေ့နေရပါတယ်။

အဲဒီလို ပြဿနာကြုံခဲ့ရင် ပုံမှန်အားဖြင့်တော့ တရားစွဲဆိုတာတွေ၊ ခြံစည်းရိုးကာတာတွေ၊

ဒါမှမဟုတ်ရင်လည်း လာကိုက်သတ်တဲ့ခွေးကို သေနတ်နဲ့ပစ်တာတွေ

စတဲ့နည်းများကို သုံးပြီးဖြေရှင်းတတ်ကြတယ်။

ဒါပေမယ့် အဲဒီနည်းတွေကို လယ်သမားက မသုံးခဲ့ပါ။

အခြားနည်းတစ်နည်းကို သုံးခဲ့ပါတယ်။

သူ့ရဲ့နည်းကတော့ ပိုမိုညင်သာတဲ့နည်းဖြစ်ပါတယ်။

သူ့ရဲ့စိတ်ကူးကောင်းကိုအကောင်အထည်ဖေါ်တဲ့အနေနဲ့

ပြဿနာကိုဖြေရှင်းခဲ့ပါတယ်။

သူ့ရဲ့သိုးတွေထဲက မွေးလာတဲ့သိုးလေးတစ်ကောင်၊နှစ်ကောင်ကို

အိမ်နီးချင်းကလေးတွေကို လက်ဆောင်အဖြစ် ပေးလိုက်ပါတယ်။

အိမ်နီးချင်းတွေမှာ သိုးလေးတွေ ပိုင်ဆိုင်လာတဲ့အခါမှာတော့

သူတို့ဟာ ခွေးတွေကို လွှတ်မထားတော့ပဲ ကြိုးတွေနဲ့ချည်နှောင်ထားပါတော့တယ်။

ဒီနည်းနဲ့ကြုံတွေ့နေရတဲ့ပြဿနာဟာ ရှင်းသွားပါတော့တယ်။


အိမ်နီးချင်းတွေနဲ့စကားများရန်ဖြစ်တာလည်း မရှိတော့ပါ။

စိတ်ဆိုးဒေါသထွက်စရာလည်း မလိုတော့ပါ။

ပြဿနာတိုင်းမှာ ဖြေရှင်းနိုင်တဲ့နည်းလမ်းကောင်းဆိုတာရှိစမြဲဆိုတာကို

နားလည်သဘောပေါက်ခဲ့ပါတယ်။

စဉ်းစားရမှာက

ဒီနည်းအပြင် အခြားဘာနည်းလမ်းတွေရှိသေးလဲဆိုတာကို

အချိန်နည်းနည်းပိုပေးဖို့သာလိုပါတယ်။



" ကြက်တူရွေးလေး အိန်ဂျယ်..."


တစ်ခါတုန်းက
မိန်းကလေး သုံးယောက် ကျောင်းသွားတက်ရာ
လမ်းခုလတ်က အိမ်တအိမ်တွင်
ကြက်တူရွေးတစ်ကောင်မွေးထားတယ်။
အဲဒီကြက်တူရွေးဟာ ထိုမိန်းကလေး သုံးယောက်
အိမ်ရှေ့ဖြတ်သွားတိုင်း အရောင်၃ ရောင် ကို ရွတ်ဆိုလေ့ရှိတယ်။

နေ့တိုင်းရွတ် နေတော့
အဲဒီ မိန်းကလေး သုံးယောက်လဲ သတိထားမိလာတယ်။

တနေ့ မှာတော့ သေချာနားထောင်ကြည့်လိုက်ရာ

‘အ၀ါ၊
အနီ၊
အနက်’

လို့ ရွတ်နေတာ ကိုကြားမိလိုက်တယ်။

မိန်းကလေး တစ်ယောက်က သွားစဉ်းစားမိတာကတော့
ဒီအရောင်ဟာ သူမရဲ့အတွင်းခံဘောင်းဘီ အရောင် ပါလား
လို့ သဘောပေါက်လာပြီး
ကျန်နှစ်ယောက် ကိုပြောပြလိုက်တယ်။
ဒါပေမယ့် ကျန်နှစ်ယောက်က လက်ခံ ဖို. အင်တင်တင်ဖြစ်နေကြသေးတယ်။

ဒါနဲ.နောက်တနေ့ မှာ
သုံးယောက်စလုံး အနက်ရောင် အတွင်းခံ ဘောင်းဘီ ကိုယ်စီ
ဝတ်ဆင်ခဲ့ရာမှာ
အဲဒီကြက်တူရွေး က

‘အနက်၊
အနက်၊
အနက်’

လို့ရွတ် လိုက်တဲ့အတွက်
အားလုံး အင်မတန်အံ့အားသင့် ခဲ့ရပါတယ်။

အဲဒီထဲက မိန်းကလေးတစ်ယောက် က
‘ဟေ့ ငါ့တို. မနက်ဖြန် ဒီကြက်တူရွေး ကိုပညာပြရအောင်’
လို့ဆို ကာ သုံးယောက်လုံး အတွင်းခံ ဘောင်းဘီ မ၀တ်ပဲ
အိမ်ကထွက်လာကြပါတယ်။

အဲဒီနေ့မှာ
ကြက်တူရွေး က အဲဒီသုံးယောက်ကို မြင်တော့
အနည်းငယ် တွေဝေသွားပြီး

ဦးခေါင်းကို ခါယမ်းခါယမ်းလုပ်ကာ
ခဏတာ စဉ်းစား အပြီး

ဟောဒီလိုရွတ်လိုက်ပါတော့တယ်။

‘အအို ၊
အအို ၊
အပြို’


Wednesday, July 27, 2011

" လှတဲ့စိတ်နဲ့ ကြည့်..."


၁။

အပျော်ဆုံးလူ…”


(ဆရာတော် ဦးဇောတိက )

++++++++++++++++++++++++++++++++

သတိရတိုင်း ပစ္စုပ္ပန်တည့်တည့်လေးသိပြီး

သတိကပ်ပြီး နေပါ့မယ်လို့

အဓိဋ္ဌာန်ပါ။

++++++++++++++++++++++++++++++++

ဘာဘဲလုပ်လုပ်၊

ဘာဘဲတွေးတွေး၊

အချိန်မရွေး၊ အခါမရွေး၊ သတိနဲ့နေရတာ

အကောင်းဆုံးပါပဲ။

++++++++++++++++++++++++++++++++

ဆရာဝန်တစ်ဦးအနေနဲ့ ဆေးခန်းရောက်လို့

လူနာတွေ စမ်းသပ်ကြည့်ရှုရတဲ့အခါ

မှာလည်း တတ်နိုင်သလောက် သတိလေးကပ်ပြီး၊

သိပြီး တော့ လုပ်ပါတယ်။

++++++++++++++++++++++++++++++++

၂။


ဘုရားကို ကြည်ညိုရင်

တရားနဲ့ပူဇော်ပါ။

( ရသလောက် သတိပဋ္ဌာန်တရားလေးနဲ့နေပါ )

++++++++++++++++++++++++++++++++

အပျော်ဆုံးလူဆိုတာ ကိုယ့်မှာရှိတဲ့ကောင်းတဲ့

အရည်အချင်းတွေကို အမြင့်မားဆုံး၊ အကောင်းဆုံး

ဖြစ်အောင် ထုတ်ဖော်လိုက်တဲ့ လူပဲ။

++++++++++++++++++++++++++++++++

ဆရာဝန်ဆိုရင် လူနာကို ရောဂါပျောက်ကင်းအောင် ဆိုပြီးတော့

မေတ္တာ၊ စေတနာ၊အပြည့်နဲ့ကုသပေးလိုက်တယ် ဆိုရင်

သူ့မှာ မေတ္တာ၊စေတနာအပြည့်ပါတဲ့စိတ်ထား

ဖြစ်နေတဲ့အတွက်ကြောင့်

မြင့်မြတ်မှု သဘောရှိပါတယ်။

++++++++++++++++++++++++++++++++

၃။


စိတ်အေးချမ်းမှု၊ မြင့်မြတ်မှုရဖို့က တော့

ဝိပဿနာတရားကို

တကယ်ကြိုးကြိုးစားစား အားထုတ်မှ

ဖြစ်မှာပါ။

++++++++++++++++++++++++++++++++

၎။


သတိဆိုတဲ့နေအိမ်…”


တရားအားထုတ်လို့ ပိုပြီးသတိ၊ သမာဓိ ၊တွေ

ရင့်ကျက်ပြီး ပိုသိမ်မွေ့တဲ့အာရုံတွေကိုသိနိုင်တဲ့

အဆင့်ရောက်ရင်တောင်မှ

အာနာပါနနဲ့ ထိသိကို

အခြေခံအနေနဲ့ ဘယ်တော့မှ

လက်မလွှတ်သင့်ဘူး။

++++++++++++++++++++++++++++++++

တကယ် အဓိကအကျဆုံးအလုပ်က

အသိဉာဏ် ပါ။

ဘဝဖြစ်လာတာဟာ အသိဉာဏ်ရဖို့ဆိုရင်

စိတ်ဓာတ်မြင့်မားမှ၊

စိတ်ဓာတ်မြင့်မြတ်မှုရှိမှ၊

ဖြစ်နိုင်မယ်။

++++++++++++++++++++++++++++++++

တရားဆိုတာ သစ္စာတရား၊

အမှန်တရား။

အမှန်တရားကို တကယ်သိချင်ရင်

သစ္စာရှိမှပဲ ဖြစ်တယ်။

ရိုးသားမှုအပြည့်အဝ ရှိမှပဲ ဖြစ်တယ်။

++++++++++++++++++++++++++++++++

၅။


ဘဝရဲ့အရည်အသွေးကိုကောင်းစေတာ

အသိဉာဏ်ပါ။

အသိဉာဏ်ရှိဖို့ဆိုတာ အသိရှိမှ ဖြစ်မယ်။

++++++++++++++++++++++++++++++++

၆။

စိတ်ချမ်းသာမှု၏လျှို့ဝှက်ချက်…”


ဘာဘဲဖြစ်ဖြစ်

ချစ်တယ်ဆိုရင် သူ့ကို ဘယ်သူနဲ့မှ

မနှိုင်းတာ အကောင်းဆုံးပဲ။

++++++++++++++++++++++++++++++++

ကျွန်စံနစ်မရှိတော့ဘူးဆိုပေမယ့် ကျွန်စိတ်တော့

ရှိနေကြတယ်။

++++++++++++++++++++++++++++++++

လူအတော်များများဟာ

အခွင့်အရေးတစ်ခုရမယ်ဆိုရင်

ဒူးထောက်ဖို့ဝန်မလေးကြဘူး။

ကိုယ့်ကိုယ်ကို ကိုယ်မလေးစားဘူး။

ကိုယ့်ဂုဏ်သိက္ခာကို ကိုယ်တန်ဖိုးမထားဘူး။

ကိုယ့်ကိုယ်ကို ကိုယ်ရောင်းစားနေကြတယ်။

ကိုယ့်ကိုယ်ကို ကိုယ်ရောင်းကုန်တစ်ခုလို

သဘောထားကြတယ်။

++++++++++++++++++++++++++++++++

ကိုယ်ကျိုးအတွက် အသုံးချဖို့ မရည်ရွယ်ပဲ

ခင်မင်မှုကိုအဓိကထားတဲ့ဆက်ဆံရေးဟာ

စိတ်ကျေနပ်မှုကို အများဆုံးပေးတဲ့

ဆက်ဆံရေးဖြစ်တယ်။

++++++++++++++++++++++++++++++++

၇။


အတ္တရဲ့သဘာဝကို သေသေချာချာစဉ်းစားပါ။

အတ္တမှာ လုံခြုံမှုဆိုတာ မရှိဘူး။

အမြဲတန်းစိုးရိမ်နေတယ်။

အမြဲတန်းကြောက်နေတယ်။

အကြောက်ပြေဖို့ ကို နည်းမျိုးစုံ

ကြိုးစားရတယ်။

++++++++++++++++++++++++++++++++

လှတဲ့စိတ်နဲ့

ကြည့်မှ

လှတာကို မြင်တယ်။

++++++++++++++++++++++++++++++++

ပိုက်ဆံရချင်လို့ အလုပ်လုပ်တဲ့နေရာမှာတောင်မှ

တကယ့်မေတ္တာ၊စေတနာလေးနဲ့

ဖြည့်ပေးလိုက်ပါ။

++++++++++++++++++++++++++++++++

လောကကြီးကို တကယ်အလှဆင်ချင်တယ်ဆိုရင်

လောကကြီးရဲ့အလှကိုလည်း တကယ်မြင်ချင်တယ်ဆိုရင်

သတိနဲ့နေတဲ့ အလေ့အကျင့်ကို

များများလုပ်ပါ။

++++++++++++++++++++++++++++++++

ကိုယ့်လောက လှချင်ရင် သူတစ်ပါးအတွက်လည်း

ပဲ သူတို့လောကကို လှအောင်

လုပ်ပေးပါ။

++++++++++++++++++++++++++++++++


လူသားတိုင်း ကျန်းမာကြပါစေ... လူသားတိုင်း ချမ်းသာကြပါစေ...
ခန္ဓာကိုယ်ကို လေ့ကျင့်ခန်းနဲ့စောင့်ရှောက်ပါ။ စိတ်ကို စာဖတ်ခြင်းနဲ့စောင့်ရှောက်ပါ။...

နူတ်ဆက်စကားလေးများ.....

မြန်မာတို့ရဲ့ ဘလော့ဂ်များ...

picoodle.com