Monday, December 20, 2010

“ ကိုယ်ကျင့်တရားကို လေးစားတဲ့ပုဂ္ဂိုလ်ဆိုတာ...”



ရောမခေါင်းဆောင်တစ်ဦး ဆာတိုးရီးယပ်စ်

(Sertorius )ပြောခဲ့တဲ့စကားကတော့

ကိုယ်ကျင့်တရားကို လေးစားတဲ့ပုဂ္ဂိုလ်ဆိုတာ

အောင်ပွဲကိုလည်း သိက္ခာရှိတဲ့နည်းနဲ့သာ

ရယူပါတယ်။

သိမ်ဖျင်းယုတ်ညံ့တဲ့ နည်းလမ်းမျိုးကိုကား..

မိမိအသက်ကို ကယ်ဆယ်ဖို့အတွက်တောင်

အသုံးမပြုသင့်


**************************************************


ရောမခေါင်းဆောင်တစ်ဦးဖြစ်သူ

ရက်ဂျူးလပ်စ် ( Marcus Regulus )

တစ်ခါတုန်းက ရောမနဲ့ကာသေ့ခ်ျတို့အကြား စစ်ဖြစ်ပွားတယ်။

ပထမဗျူးနစ်စစ်ပွဲအတွင်း ရောမခေါင်းဆောင် ရက်ဂျူးလပ်စ်ဟာ

စစ်မြေပြင်မှာ ရန်သူကာသေ့ခ်ျတို့ရဲ့ဖမ်းဆီးခြင်းကို ခံရပါတယ်။

ကာသေ့ခ်ျတို့က ရောမခေါင်းဆောင်ဖြစ်သူ ရက်ဂျူးလပ်စ် ( Marcus Regulus )

အား စစ်ရပ်စဲရေးနဲ့ စစ်သုံးပန်းဖလှယ်ရေးကိစ္စများအတွက်

သွားရောက်ဆွေးနွေးမယ့် ကာသေ့ခ်ျကိုယ်စလှယ်အဖွဲ့နဲ့အတူ

ရောမမြို့သို့စေလွှတ်ခဲ့တယ်။

ငြိမ်းချမ်းရေးစကားဆိုရာမှာ အဆင်ပြေချောမွေ့အောင်

ဆောင်ရွက်ပေးဖို့ ရက်ဂျူးလပ်စ် ( Marcus Regulus )

ကိုထည့်လိုက်ခြင်းဖြစ်တယ်။

တကယ်လို့ စေ့စပ်ဆွေးနွေးပွဲ မအောင်မြင်ခဲ့ရင်

ကာသေ့ခ်ျကိုယ်စလှယ်အဖွဲ့နဲ့အတူ ပြန်လည်

လိုက်ပါလာပြီး မူလ အပြစ်ဒဏ်ကိုဆက်လက်ကျခံပါမယ်လို့

ကျမ်းသစ္စာကျိန်ဆိုပြီးကတိပြုခဲ့ရတယ်။

ရောမရောက်တဲ့အခါ ရောမခေါင်းဆောင်များအား

စစ်ရပ်စဲရေးစကားကို သူ(ရက်ဂျူးလပ်စ် ( Marcus Regulus )

မပြောပါ။ လောလောဆယ် အနေအထားအရ

စစ်ကိုဆက်တိုက်ရင် မိမိတို့ဘက်က အနိုင်ရနိုင်ကြောင်းသာ

တိုက်တွန်းပြောဆိုတယ်။


ဒါကြောင့် ဆွေးနွေးပွဲ ပျက်သွားခဲ့တယ်။

သုံးပန်းဖလှယ်ရေးကိစ္စလည်း ပျက်သွားတယ်။

သူ(ရက်ဂျူးလပ်စ် ( Marcus Regulus )

လည်း ကာသေ့ခ်ျကိုယ်စလှယ်များနဲ့ပြန်လိုက်ဖို့ပြင်ရတယ်။

အဲဒီအခါ ရောမခေါင်းဆောင်များနဲ့ ဘာသာရေးအကြီးအကဲများ

အားလုံးက ပြန်မလိုက်ဖို့ ဝိုင်းပြီးတားဆီးကြတယ်။

ပြန်မလိုက်နဲ့၊

လိုက်သွားရင် ကာသေ့ခ်ျတွေက သတ်လိမ့်မယ်။

သူတို့ကို ပေးခဲ့တဲ့ကတိစကားဟာ

အကျဉ်းခံဘဝမှာပေးရတဲ့ကတိဖြစ်လို့တည်းစရာမလိုဘူး

လို့ဝိုင်းပြောကြတယ်။


( လူကြီးမင်းသာဆိုရင် ဘယ်လိုဆုံးဖြတ်မလဲ…)


ရက်ဂျူးလပ်စ် ( Marcus Regulus )က လက်မခံပါ။

ကျနော်ကိုကတိဖျက်တဲ့လူတစ်ယောက်အဖြစ်

အရှက်ရအောင်မလုပ်ကြပါနဲ့။

ဟိုရောက်ရင် ဒီလူတွေ ကျနော်ကို နှိပ်စက်ညှဉ်းဆဲမယ်၊

သေဒဏ်စီရင်ကြမယ်ဆိုတာ ကျနော်သိပါတယ်။

ဒါပေမယ့် သစ္စာဖောက်ဖျက်ခဲ့တဲ့အမှုအတွက်

တစ်သက်လုံးကိုယ့်လိပ်ပြာ ကိုယ်လန့်နေရမှာနဲ့စာရင်

လိပ်ပြာလုံလုံနဲ့ သေရတာက မြတ်ပါသေးတယ်။

လောလောဆယ် ကာသေ့ခ်ျရဲ့ကျွန်ဖြစ်နေပေမယ့်

ကျနော်မှာ ရောမသား စိတ်ဓာတ်အပြည့်အဝရှိနေဆဲပါ။

ကျနော်ပြန်လာပါ့မယ်လို့ သူတို့ကို ကတိပေးခဲ့တယ်။

အဲဒီတော့ ပြန်သွားဖို့ဟာ ကျနော်ရဲ့တာဝန်ပဲ

လို့ပြန်ပြောခဲ့ပါတယ်။

အဲဒီကတိစကားအတိုင်း

ရောမခေါင်းဆောင်ဖြစ်တဲ့ ရက်ဂျူးလပ်စ် ( Marcus Regulus )

ဟာ ကာသေ့ခ်ျကိုပြန်လည်လိုက်သွားခဲ့ပါတယ်။

ကာသေ့ခ်ျတို့ရဲ့လက်မှာနှိပ်စက်ညှဉ်းဆဲခံရပြီး

အသက်ဆုံးရှုံးခဲ့တယ်လို့ဆိုပါတယ်။


ရက်ဂျူးလပ်စ် ( Marcus Regulus )ဟာ

ရောမအကျိုးအတွက်လည်း ဆောင်ရွက်ခဲ့တယ်။

ကတိသစ္စာလည်း မပျက်ခဲ့။

ဒီနှစ်ရပ်စလုံး ကျေပွန်ဖို့အတွက်

သူ့အသက်ကို ပေးခဲ့တယ်။

လေးစားဖွယ်ကောင်းတဲ့ လုပ်ဆောင်ချက်ဖြစ်ပါတယ်။

“ ဒီလို မလုပ်နဲ့…”


စိတ်ရောဂါအထူးကုဆရာဝန်

ထံရောက်လာတဲ့ လူနာက

ဒေါက်တာ၊

ကျနော့်တစ်ကိုယ်လုံးမှာ မိကျောင်းသားလေးတွေ

အများကြီး တွယ်ကပ်နေကြတယ် ခင်ဗျ

လို့ပြောပြီး ကိုယ်ပေါ်မှ

မိကျောင်းသားလေးများ

ကိုလက်နှစ်ဖက်နဲ့

ခွာချဟန်လုပ်တယ်။


ဆရာဝန်က ပြူးတူးပြဲတဲနဲ့ ပြန်အော်တယ်။

ဟေ့လူ၊ ဟေ့လူ၊

ခင်ဗျား ဘယ်လို လုပ်လိုက်တာလဲ။

ဘာဖြစ်လို့ ကျနော့်ဖက် ခွာချရတာလဲဗျ

" အမြဲအားတက်စေနိုင်တာက ကုသိုလ်..."


ဘာပဲပြင်ပြင် ပျက်တာချည်းပဲကွယ့်၊

ဘဝတစ်ခုမှာ အမြဲအားတက်သွားစေနိုင်တာက

ကုသိုလ်တစ်ခုပဲ ရှိတယ်။

အခြားအရာတွေက ဘယ်ဟာမှ

အမြဲအားမတက်စေနိုင်ပါဘူး။

+++++

ပထမ ကန်တောရ ဆရာတော်ကြီးက

များဖို့ထက်၊

ကောင်းဖို့ဦးစားပေးကြိုးစား၊

မကောင်းပဲ မများချင်နဲ့။

အရေအတွက်များဖို့ထက် အရည်အချင်းရှိအောင် ကြိုးစားနော်။

များဖို့ထက် ကောင်းဖို့က အရေးကြီးတယ်။

+++++

သဒ္ဓါက အထုပ်၊

ဝီရိယက အလုပ်၊

သတိက အချုပ်၊

သမာဓိက အအုပ်၊

ပညာက အဟုတ်၊

ဆိုတော့ အကောင်းအားလုံးတွေထဲမှာ

သတိဟာ အချုပ်ပါ။

+++++

အလုပ် အမြန်ပြီးအောင်

သတိထား ကြိုးစားကြ။

+++++

မမေ့ဆိုတာ သတိ၊

မလျော့ဆိုတာ ဝီရိယ၊

မပေါ့ဆိုတာ သမာဓိ၊

မဆ ဆိုတာဉာဏ်။

+++++

မမေ့တဲ့ သတိနဲ့ မလျော့တဲ့ ဝီရိယ ပေါင်းမိရင်

မပေါ့တဲ့သမာဓိ ပေါ်လာတယ်။

သမာဓိကောင်းတော့ မဆ ဆိုတဲ့ ဉာဏ် ဖြစ်ပေါ်လာတယ်။

အစ သတိနဲ့

အဆုံးဉာဏ်ကို ယူပြီး သတိဉာဏ်ဟာ

အပ္ပမာဒ ပဲလို့ ပြောနေတာပါ။

+++++

လူသည်

သူ့စိတ်တွင် သတ်မှတ်စွဲထင်နေတဲ့အတိုင်း

တကယ်ပင်ဖြစ်ရ၏။

(ဂရိစကားပုံ)

+++++

သိဒ္ဓတ္တမင်းသားက

သူ့တို့က ငါ့ကို အကြီးကျယ်ဆုံးဖြစ်စေဖို့အတွက်

အနိမ့်ကျဆုံးတွေကို လုပ်စေလိုကြတယ်။

ငါက အမြင့်မြတ်ဆုံးဖြစ်ဖို့အတွက်အကြီးကျယ်ဆုံးများကို

စွန့်လွှတ်ရမယ်၊

ကြီးကျယ်မှုကိုသာ မျှော်မှန်းသူဟာ

အနိမ့်ကျဆုံးကိုပင် လုပ်ရဲကြတယ်။

ကြီးကျယ်ခြင်းနဲ့ မြင့်မြတ်ခြင်းတို့ရဲ့တန်ဖိုးကို

နားမလည်ကြဘူး။

ကြီးကျယ်မှုဟာ အမြင်ခမ်းနားသလောက် အနှစ်အခိုင်အမာ

မရှိတဲ့ တစ်ဘဝ၊တစ်နပ်စာသာ ဖြစ်တယ်။

မြင့်မြတ်မှုဟာ အမြင်မခမ်းနားပေမယ့် အနှစ်သာရပြည့်ဝခိုင်မာတယ် လို့

ဆင်ခြင်သုံးသပ်ပြီး တောထွက်ခဲ့ပါတယ်။

+++++

သတိလွတ်ရင် အသိသေပါတယ်။

သတိရှိမှ အသိဟာ ရှင်သန်နိုင်ပါတယ်။

သတိရှိရင် ဘာမဆို အလုပ်ဖြစ်တယ်။

သတိဟာ ဘဝရဲ့အဓိက အသက်ဖြစ်တယ်။

+++++

လူသားတိုင်း ကျန်းမာကြပါစေ... လူသားတိုင်း ချမ်းသာကြပါစေ...
ခန္ဓာကိုယ်ကို လေ့ကျင့်ခန်းနဲ့စောင့်ရှောက်ပါ။ စိတ်ကို စာဖတ်ခြင်းနဲ့စောင့်ရှောက်ပါ။...

နူတ်ဆက်စကားလေးများ.....

မြန်မာတို့ရဲ့ ဘလော့ဂ်များ...

picoodle.com