Wednesday, October 31, 2012

“ အလုပ်ပြီးမှ တောင်းစားတာပါ…”




တစ်ခါတုန်းက ဦးနေဝင်း
 နဲ့ နိုင်ငံခြားရေးဋ္ဌာနမှ ဧည့်သည်တော်တစ်ဦး
ရန်ကုန်မြို့ထဲ အပန်းဖြေ လမ်းလျှောက်လာကြတယ်။
တစ်နေရာမှာ တောင်းစားနေသူ တစ်ဦးကို တွေ့တယ်။
ဧည့်သည်က အဲဒီတောင်းစားနေသူကို
  ဒေါ်လာ တစ်ရာတန်တစ်ရွက် ကမ်းပေးလိုက်တယ်။
ဦးနေဝင်းက ဆယ်ပြားစေ့တစ်စေ့ ပစ်ပေးလိုက်ပြီး 
 ရှုတ်ချသံဖြင့် ပြောလိုက်တယ်။

တောင်းစားနေတာ မရှက်ဘူးလား၊
အလုပ်လုပ်ပါလား

ခေါင်းဆောင်ကြီးခင်ဗျာ၊
ကျနော် အလုပ်ပြီးမှ တောင်းစားတာပါ

Tuesday, October 30, 2012

"အခက်အခဲက ပိုကောင်းတဲ့သူဖြစ်အောင် လုပ်ပေးတယ်..."




တစ်ခါတုန်းက …လယ်သမားတစ်ယောက်ရဲ့ မြည်းတစ်ကောင်ဟာ
အကာအရံမရှိတဲ့ လယ်ထဲက ရေတွင်းထဲ ကျသွားပါတယ်။
မြည်းဟာ ရေတွင်းထဲကနေ အော်အော်ပြီးတော့ သူ့သခင်ကို ခေါ်တယ်။
လယ်သမားကြီးဟာ ဘာလုပ်ရမလဲလို့ တွေးတယ်။
နောက်ဆုံးတော့ လယ်သမားကြီးက စဉ်းစားတယ်။ ဒီမြည်းဟာ အိုလည်း အိုနေပြီ။
ရေတွင်းကလည်း မသုံးတာကြာတဲ့ ရေတွင်းဟောင်းကြီးဆိုတော့ ဖို့ပစ်တာ ကောင်းတယ်။
ဒီမြည်းကို ဆွဲတင်နေလို့ မထူးဘူး။
ဒီလိုတွေးပြီးတော့ သူ့အိမ်နီးနားချင်းက သူငယ်ချင်း လယ်သမားတွေ ကိုခေါ်လာတယ်။
တစ်ယောက် ပေါက်ပြားတစ်လက်ဆီ ယူလာကြတယ်။
မြေကြီးတွေ တူးပြီး ရေတွင်းကို ဖို့ကြတယ်။
မြည်းဟာ သူကို မြေဖို့နေပြီဆိုတာ သိတော့ ကြောက်ပြီး အသံကုန်အော်တယ်။
နောက်မကြာခင်မှာ မြည်းအော်သံ တိတ်သွားတယ်။
တော်တော်ကြာတော့ လယ်သမားကြီးဟာ ရေတွင်းထဲကို ငုံ့ကြည့်တယ်။
သူမြင်ရတာကို သူအံ့သြသွားတယ်။ မြေကြီးတစ်ကော်စာ ဖို့လိုက်တိုင်း မြည်းဟာ
သူကျောပေါ်ကိုကျလာတဲ့မြေကြီးတွေကို ခါချလိုက်ပြီး မြေကြီးပေါ်ကို တစ်လှမ်းတက်လိုက်တယ်။
လယ်သမားတွေက မြေကြီးဆက်ဖို့တိုင်း မြည်းဟာ မြေကြီးတွေ ခါချပြီး မြေကြီးပေါ် လှမ်းတက်လိုက်တယ်။
ရေတွင်း ပြည့်ခါနီးတော့ မြည်းဟာ ရေတွင်းပေါ် ခုန်တက်ပြီးတော့ အားရဝမ်းသာ ခုန်ပေါက်ပြီး
ပြေးတော့တယ်။ လယ်သမားတွေက မြည်းကိုကြည့်ပြီး သဘောကျလို့ တဟားဟားနဲ့ အားရပါးရ ရယ်ကြတော့တယ်။

@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@



ကိုယ့်ဘဝအခြေအနေက ကိုယ့်ကျောပေါ်ကို မြေတွေပုံမယ်။
ဒုက္ခကနေ လွတ်အောင် လုပ်နည်းက ခါချပြီး တစ်လှမ်းချင်း တက်ဖို့ပဲ။
ဖို့လိုက်တဲ့မြေကြီးဟာ ကျောပေါ်မှာ မနေဖို့ပဲ လိုတယ်။
ဖို့သမျှမြေကြီးဟာ ခြေထောက်အောက်ကို ရောက်သွားရမယ်။

@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@

စိတ်ချမ်းသာတဲ့သူဟာ သူ အခက်အခဲတွေကို ဘယ်လိုကျော်လွှားခဲ့တယ်၊
အဲဒီလို အခက်အခဲတွေကို ကြုံခဲ့ရလို့ ဘယ်လို ပညာရခဲ့တယ် ဆိုတာကို
ပြန်တွေးပြီး ပြောတတ်တယ်။
အခက်အခဲတွေနဲ့ ကြုံခဲ့ရတာဟာ သူ့အတွက် အကျိုးရှိတယ်လို့ သူခံစားရတယ်။
ဒါကြောင့် သူ စိတ်ချမ်းသာတယ်။

@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@

သူကံဆိုးလို့ အခက်အခဲတွေ ကြုံရတယ်လို့ မတွေးဘူး။
သူအရေးထားတာက သူ့မှာ အခက်အခဲကို ကျော်လွှားနိုင်တဲ့အရည်အချင်းရှိတယ်။
အခက်အခဲကို ကျော်လွှားခဲ့လို့ ပညာရခဲ့တယ်။ ပိုပြီးအရည်အချင်းရှိတဲ့သူ ဖြစ်လာတယ်
ဆိုတာပဲ သူ့အတွက် အရေးကြီးတယ်။
အခက်အခဲက သူ့ကို ပိုကောင်းတဲ့သူ ဖြစ်လာအောင် လုပ်ပေးတယ်လို့ သူခံစားရတယ်။
အဲဒါကြောင့် အခက်အခဲတွေကို သူ တန်ဖိုးထားတယ်။

@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@


စိတ်ချမ်းချမ်းသာသာ နေပြီး ဘဝအခက်အခဲတွေကို ရင်ဆိုင်
 ဖြေရှင်းတတ်အောင် လေ့လာပါ။
အခက်အခဲမရှိမှ စိတ်ချမ်းသာမယ်လို့ မယူဆပါနဲ့။
အမှန်တော့ စိတ်ချမ်းသာမှ အခက်အခဲနည်းမယ်။
စိတ်ညစ်နေတတ်တဲ့သူဟာ အမြဲတန်း အခက်အခဲတွေနဲ့ပဲ နေရတယ်။

@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@

စိတ်ချမ်းသာချင်ရင် ကိုယ်မတတ်နိုင်တဲ့ကိစ္စနဲ့ ပတ်သက်ပြီး စိတ်ဆင်းရဲမခံဖို့
အရေးကြီးပါတယ်။
စိတ်ဆင်းရဲစရာ ကြုံရရင် ငါ ဘာလုပ်နိုင်သလဲဆိုတဲ့ မေးခွန်းကို မေးပါ။
လုပ်နိုင်တာဆိုရင် လုပ်လိုက်ပါ။
ဘာမှမလုပ်နိုင်ရင် မတွေးပဲနေတာ ကောင်းတယ်။
တွေးလေ စိတ်ဆင်းရဲလေ ဖြစ်နေတာ ဘာအကျိုးမှ မရှိဘူး။

@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@

အတိတ်က ဆုံးရှုံးမှုကို မေ့ထားလိုက်ပြီးတော့ 
အနာဂတ် အောင်မြင်မှုအတွက် အားသွန်ပြီး ကြိုးစားပါ။

@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@


စိတ်ချမ်းသာနေတုန်းမှာ ဆုံးဖြတ်တာနဲ့ စိတ်ဆင်းရဲနေတုန်းမှာ ဆုံးဖြတ်တာ မတူဘူး။
စိတ်ချမ်းသာတုန်းမှာ ရှေ့လုပ်မယ့်ကိစ္စကို စီစဉ်ရင် ဖြစ်နိုင်တယ်လို့ ယုံကြည်တဲ့စိတ်နဲ့ စီစဉ်တယ်။
စိတ်ချမ်းသာနေတုန်းမှာ ပိုပြီး အကောင်းမြင်တယ်။
လုပ်ရင် ဖြစ်မယ်လို့ ယုံကြည်တယ်။ စိတ်ချမ်းသာနေတုန်းမှာ ပိုပြီး သတ္တိရှိတယ်။
ကိုယ့်ကိုယ်ကို ကိုယ် ယုံကြည်မှု ပိုရှိတယ်။ သူများကိုလည်း ယုံကြည်မှုပိုရှိတယ်။
ဒါကြောင့် စိတ်ချမ်းသာနေတုန်းမှာ တိုင်ပင်တာ ကောင်းတယ်။
အစည်းအဝေးလုပ်ရင် စိတ်ချမ်းသာစရာတွေကို အရင်ပြောပြီးမှ အစည်းအဝေးလုပ်တာ
ပိုအဆင်ပြေတယ်။

@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@


အရင်က ဖြစ်ခဲ့တာကို သတိရတဲ့အခါ စိတ်ချမ်းသာတုန်းမှာ သတိရတာနဲ့
စိတ်ဆင်းရဲတုန်းမှာ၊ ကြောက်နေ အားငယ်တုန်းမှာ၊ သတိရတာနဲ့ မတူဘူး။
While in a good mood we remember more positive events.
စိတ်ချမ်းသာနေတုန်းမှာ ကောင်းတာတွေကို ပိုသတိရတယ်။
 အောင်မြင်ခဲ့တာ အဆင်ပြေခဲ့တာတွေကို ပိုပြီး သတိရတယ်။
Being in a foul mood biases memory in a negative direction.     
စိတ်မကြည်တဲ့အခါ၊ စိတ်ဆင်းရဲနေတုန်းမှာ အဆိုးတွေကို သတိရတယ်။
အဆင်မပြေခဲ့တာကို သတိရတယ်။

@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@

စိတ်ချမ်းသာနေတုန်းမှာ သူများအကြောင်းကို တွေးရင်လည်း 
သူနဲ့ကိုယ် အဆင်ပြေခဲ့တာကို သတိရတယ်။ 
သူ ကိုယ့်အပေါ် ကောင်းခဲ့တာကို သတိရတယ်။
သူ့ကောင်းကွက်တွေကို သတိရတယ်။ သူတော်တာတွေကို သတိရတယ်။
ဒါကြောင့် စိတ်ချမ်းသာနေတုန်းမှာ သူများအကြောင်းကို ပြောရင် ကောင်းတာကို
ပိုပြောဖြစ်တယ်။

@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@

စိတ်ချမ်းသာမှုဟာ ဘဝနေနည်းပါ (ဆရာတော်ဦးဇောတိက) စာအုပ်မှ
ကောက်နှုတ်ဖော်ပြပါတယ်။

@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@

ကိုယ်ကိုယ်တိုင် ဖတ်ဖို့-၁၂၁…




Monday, October 29, 2012

"ကွန်ပျူတာရဲ့နောက်ကွယ်မှာ..."


 
ကွန်ပျူတာရဲ့နောက်ကွယ်မှာ ဖြစ်တတ်တဲ့ကျန်းမာရေးပြဿနာများနဲ့ ကာကွယ်နိုင်တဲ့နည်းလမ်းများကို ပြောချင်တာပါ။
အနာသိရင် ဆေးရှိပါတယ်။ သိပြီး ကာကွယ်နိုင်ဖို့ အတွက် 
တင်ပြလိုက်တာပါနော်။

ကွန်ပျူတာကို နေ့စဉ် ပျမ်းမျှ ၆ နာရီမှ ၈ နာရီကြာအောင် အသုံးပြုသူများအတွက်
 ဖြစ်နိုင်ချေရှိတဲ့ ကျန်းမာရေးပြဿနာတွေကတော့… 




၁။ အမြင် အာရုံကြောများ အားနည်းခြင်း (Decreasing eyesight)

ကွန်ပျူတာ မျက်နှာပြင်ကို ကြာရှည်စွာ ကြည့်ရှုရတဲ့အတွက်
အမြင် အာရုံကြောတွေ အားနည်းလာပါတယ်။
ကွန်ပျူတာဖန်သားပြင်ပေါ်မှာ မျက်တောင်မခပ်တန်း အာရုံစိုက်နေမှုကြောင့်
မျက်ရည်များ ခမ်းခြောက်စေတာမျိုးတို့ ဖြစ်ပါတယ်။

@@@@@@@@@@@@@@@@@@@@@@@@@@@




၂။ ကြွက်သားများ အားနည်းခြင်း (Muscle weakening)

 
ကြွက်သားများ သိသိသာသာ အားနည်းလာတတ်ပါတယ်။
လက်နဲ့ လက်ကောက်ဝတ်သာ အလုပ်လုပ်ရပြီး
ကျန်တဲ့ခန္ဓာကိုယ် အစိတ်အပိုင်းများ လှုပ်ရှားမှုမရှိတဲ့အတွက်
အဓိက ကြွက်သားတွေရဲ့ လုပ်ဆောင်ချက်တွေဟာ နှေးကွေးလာတတ်ပါတယ်။

@@@@@@@@@@@@@@@@@@@@@@@@@@@


၃။ RSI (Repetitive strain injury)

ကွန်ပျူတာရှေ့ထိုင်တဲ့အခါ ခန္ဓာကိုယ်ပုံစံကို မပြောင်းလဲပဲ အလုပ်လုပ်နေရမှုကြောင့်
အမြဲတမ်းအသုံးပြုနေရတဲ့ကြွက်သားတွေ နာကျင်ကိုက်ခဲ လာတတ်ပါတယ်။
ဥပမာ-လည်ပင်နာခြင်း၊ ခါးနာခြင်း၊ ခန္ဓာကိုယ် လှုပ်ရှားတိုင်း နေရာတစ်ခုတည်းက
အမြဲနာကျင်နေတတ်ခြင်း မျိုးတို့ ဖြစ်ပါတယ်။

@@@@@@@@@@@@@@@@@@@@@@@@@@@



၎။ စိတ်ပိုင်းဆိုင်ရာ ဘေးထွက်ဆိုးကျိုးများ (Mental side effects)

ကွန်ပျူတာကို ကြာရှည်စွာ အသုံးပြုရတဲ့အတွက် တကယ့်ပြင်ပမှာ
 လူမှုဆက်ဆံရေးမှာ ပြောင်းလဲမှုတွေ ရှိလာပါတယ်။
Facebook, G-talk တို့လို  ဆိုရှယ်ဝဘ်ဆိုဒ်, ကွန်ရက်တွေကို ဘယ်လိုသုံးသုံး
တကယ့်ပြင်ပ လူမူကွန်ရက်နဲ့ တစ်ဦးနဲ့တစ်ဦး မျက်နှာချင်းဆိုင် ပြောဆိုဆက်ဆံရတာ မဟုတ်တဲ့အတွက် လုပ်ငန်းခွင်၊ ပေါင်းသင်း ဆက်ဆံရေးတွေမှာ ပြဿနာ ဖြစ်လာနိုင်ပါတယ်။
ဂိမ်းအဆော့များတဲ့သူတွေ ပိုပြီး သတိထားရမယ့် အချက် ဖြစ်ပါတယ်။

@@@@@@@@@@@@@@@@@@@@@@@@@@@



၅။ ခါးနဲ့ဆိုင်သော ပြဿနာများ (Back Problems)

ခါးနာတာကတော့ ဖြစ်ကိုဖြစ်ရမယ့် ရောဂါဝေဒနာတစ်ခုပါ။
ဘယ်လောက် သက်တောင့်သက်သာ ဖြစ်တဲ့ ထိုင်ခုံနဲ့ပဲ ထိုင်ထိုင်
ကွန်ပျူတာရှေ့မှာ ထိုင်ပြီးအလုပ်လုပ်တဲ့သူတွေအတွက် ကြောရိုးတစ်လျှောက်ဟာ နာကျင်တတ်ပါတယ်။
အသက်အရွယ်ငယ်တုန်းက မသိသာပေမယ့်
အသက် ၄၀ ကျော်နောင်းပိုင်းကာလမှာ ကျောရိုးကိုက်ခဲတဲ့ ဝေဒနာဟာ
 ကြီးမားတဲ့ ပြဿနာတစ်ခု ဖြစ်လာနိုင်ပါတယ်။

မှားယွင်းတဲ့အနေအထားများ...

@@@@@@@@@@@@@@@@@@@@@@@@@@@

ကာကွယ်နိုင်တဲ့နည်းလမ်းများကတော့...

ပထမ တစ်ချက်ဖြစ်တဲ့  အမြင် အာရုံကြောများ အားနည်းခြင်း (Decreasing eyesight)
အတွက်ကတော့…
ကွန်ပျူတာကို ကြာကြာဆိုက်ကြည့်ပြီး မိနစ် ၂၀-၃၀ တိုင်း ဖန်သားပြင် မဟုတ်တဲ့ အခြားအဝေးတစ်နေရာတစ်ခုခုကို ကြည့်ရှုပေးသင့်ပါတယ်။
မျက်တောင်ခတ်ပေး ရပါမယ်။
နည်းနည်းခပ်ဝေးဝေးမှာရှိတဲ့ အစိမ်းရောင်ဖြစ်တဲ့
အရာဝတ္ထုတစ်ခုခုကို စိုက်ကြည့်ပေးရပါမယ်။

@@@@@@@@@@@@@@@@@@@@@@@@@@@

နံပါတ်၂ ဖြစ်တဲ့ ကြွက်သားများ အားနည်းခြင်း (Muscle weakening) နဲ့
နံပါတ် ၃ ဖြစ်တဲ့ RSI (Repetitive strain injury) အတွက်ကတော့
အားကစားအနည်းငယ်လုပ်ပေးခြင်းနဲ့ အိပ်ခြင်းဖြစ်ပါတယ်။
အိပ်ခြင်းဆိုတာ ခြေလက်၊ကြောရိုးများကို ဆန့်ပြီး အိပ်တာမျိုးကို ဆိုလိုပါတယ်။
အားကစားက ကြွက်သားတွေကို သန်မာလာစေပြီး
အိပ်စက်ခြင်းက ခန္ဓာကိုယ်ကြွက်သားတင်းမာနေမှုတွေ ကို လျော့ချပေးနိုင်ပါတယ်။

@@@@@@@@@@@@@@@@@@@@@@@@@@@

အချက်၎ ဖြစ်တဲ့ စိတ်ပိုင်းဆိုင်ရာ ဘေးထွက်ဆိုးကျိုးများ (Mental side effects)
အတွက်ကတော့ ပေါင်းသင်းဆက်ဆံရေးတွေ၊ လုပ်ငန်းခွင်တွေမှာ မလစ်ဟင်းဖို့၊
 အာရုံများများ စိုက်ရတဲ့ Program အစီအစဉ်တွေကို နားနားနေနေ လုပ်ဆောင်ဖို့နဲ့
ဂိမ်းတို့မှာ နားနားနေနေနဲ့ ဆော့ကစား ပေးဖို့လိုအပ်ပါတယ်။

@@@@@@@@@@@@@@@@@@@@@@@@@@@

အချက် ၅ ဖြစ်တဲ့ ခါးနဲ့ဆိုင်သော ပြဿနာများ (Back Problems)
အတွက်ကတော့ ကြောရိုးကို ပျော့ပြောင်းစေမယ့် အားကစားတစ်ခုခု လုပ်ပေးခြင်း၊
ကြောရိုးဆန့်အိပ်ခြင်းတို့ ပြုလုပ်ပေးရ မှာ ဖြစ်ပါတယ်။
အားကစားကတော့ ရေကူးတာမျိုး၊ ဘတ်စကတ်ဘော ဆော့တာမျိုးတို့ ဖြစ်ပါတယ်။
အလွယ်ဆုံးလုပ်ဆောင်ဖို့ လိုအပ်တာကတော့ အကြောဆန့်ခြင်း ဖြစ်ပါတယ်။
ဒါကလည်း  အချိန်သီးသန့်ပေးစရာ မလိုပဲ နေရာတိုင်းမှာ အဆင်ပြေသလို လုပ်ဆောင်နိုင်ပါတယ်။









လူသားတိုင်း ကျန်းမာကြပါစေ... လူသားတိုင်း ချမ်းသာကြပါစေ...
ခန္ဓာကိုယ်ကို လေ့ကျင့်ခန်းနဲ့စောင့်ရှောက်ပါ။ စိတ်ကို စာဖတ်ခြင်းနဲ့စောင့်ရှောက်ပါ။...

နူတ်ဆက်စကားလေးများ.....

မြန်မာတို့ရဲ့ ဘလော့ဂ်များ...

picoodle.com