Saturday, April 7, 2012

"စကားပြောဖော်ရချင်ရင် နားထောင်ပါ...(၁၇)..."




ကိုယ်ကိုယ်တိုင် ဖတ်ဖို့...(၁၇)

စိတ်ချမ်းသာတဲ့သူတွေမှာ ရှိတတ်တဲ့အချက်(၆)ချက်...မှအဆက်...

(3) People who like and accept themselves feel good about life in general.

ကိုယ့်ကိုယ်ကို ကိုယ်နှစ်သက်တဲ့သူ လက်ခံတဲ့သူဟာ ကိုယ့်ဘဝကို ခြုံပြီးတော့
စိတ်ချမ်းသာမှု၊ ကျေနပ်မှုရတယ်။
ကိုယ့်အကြောင်းကို ကိုယ် တွေးရင် ပျော်တဲ့သူဟာ စိတ်ချမ်းသာတယ်။
တချို့လူတွေဟာ ကိုယ့်အကြောင်းကို ကိုယ် မတွေးချင်ဘူးလို့ ပြောတာကြားဖူးတယ်။
ကိုယ့်အကြောင်းကို လူသိမှာ ကြောက်တယ်။
ကိုယ့်ကိုယ်ကို ကိုယ်နှစ်သက်တယ်ဆိုတာ မြန်မာလူမျိုး၊
မြန်မာနိုင်ငံသား ဖြစ်ရတာ နှစ်သက်တယ်။
ကိုယ့်ရဲ့ရုပ်ရည်၊ အသားအရောင်၊ ကိုယ့်စိတ်ထားစသည်ဖြင့်
ကိုယ်နဲ့ပတ်သက်တာ အားလုံးပဲ။
ကိုယ့်အကြောင်း မေ့ထားချင်တာ ရှိနေရင် စိတ်မချမ်းသာဘူး။
+++++++++++++++++++++++++++
(4) Have close friendships, or a satisfying marriage
အခုခေတ်မှာ အိမ်ထောင် မပြုတဲ့သူတွေ ပိုများလာတယ်လို့ ဆိုတယ်။
အိမ်ထောင်မရှိရင် ရင်းနှီးတဲ့ဆက်ဆံရေး မရှိဘူးလို့ထင်ကြတယ်။
မှန်သင့်သလောက် မှန်ပါတယ်။
အိမ်ထောင်ဖက်ဟာ ကိုယ့်နဲ့အရင်းနှီးဆုံး ဆက်ဆံရတဲ့သူပဲ။
အိမ်ထောင်မရှိပေမယ့် ရိုးရိုးသားသား ရင်းရင်းနှီးနှီး ပွင့်ပွင့်လင်းလင်း ဆက်ဆံလို့ရတဲ့
မိတ်ဆွေ သူငယ်ချင်းရှိရင် ကိုယ့်စိတ်ထဲရှိတာကို ပြောလို့ရတဲ့သူ ရှိတယ်။
ဝမ်းသာစရာရှိရင် မျှပြီးခံစားမယ့်သူ ရှိတယ်။
ဝမ်းနည်းစရာရှိရင် ကိုယ်ချင်းစာမယ့်သူ ရှိတယ်။
ဝါသနာပါတာကို အတူတူ လုပ်လို့ရတဲ့သူ ရှိတယ်။
အဲဒါကြောင့် စိတ်ချမ်းသာတယ်။
တချို့ကိစ္စတွေကို မိတ်ဆွေသူငယ်ချင်းနဲ့ပဲ လုပ်လို့ရတယ်။
အိမ်ထောင်ဖက်နဲ့လုပ်လို့မရဘူး။
ဒါကြောင့် မိတ်ဆွေ သူငယ်ချင်း ရှိတာဟာ စိတ်ချမ်းသာဖို့ အရေးကြီးတဲ့အချက်ဖြစ်တယ်။
+++++++++++++++++++++++++++
Close relationships do indeed promote health.
ရင်းနှီးတဲ့ဆက်ဆံရေးဟာ ကျန်းမာရေးကို တကယ်ပဲ ပိုကောင်းစေတယ်။
သုတေသနပြုချက်အရ
တစ်ကိုယ်ထဲ အဖော်မရှိပဲ နေတဲ့ သူထက် ရင်းနှီးတဲ့မိတ်ဆွေ၊သူငယ်ချင်း ၊ဆွေမျိုး၊
အိမ်ထောင်ဖက်ရှိတဲ့သူက ကျန်းမာရေး ပိုကောင်းတယ် တဲ့။
လူဟာ သဘာဝအရ အပေးအယူရှိတဲ့ ဆက်ဆံရေးကို လိုအပ်ပါတယ်။
ချစ်ခင်မှု၊ ကြင်နာမှု၊ ယုယမှုကို ပေးရရင် စိတ်ချမ်းသာတယ်။
ကိုယ့်ကို ချစ်ခင်မှု၊ ကြင်နာမှု၊ ယုယမှုကို ပေးရင်လည်း စိတ်ချမ်းသာတယ်။
လူဟာ တစ်ကိုယ်ထဲနေချင်တဲ့ သတ္တဝါ မဟုတ်ပါဘူး။
အပေါင်းအဖေါ်နဲ့ နေတတ်တဲ့ သတ္တဝါ ဖြစ်ပါတယ်။
+++++++++++++++++++++++++++
တစ်ကိုယ်ထဲလည်း နေတတ်ရမယ်။
ဒါပေမယ့် ပိုကောင်းတာက ယုံယုံကြည်ကြည် လေးလေးစားစား
ချစ်ချစ်ခင်ခင် ဆက်ဆံလို့ရတဲ့သူနဲ့နေရင် ပိုကောင်းပါတယ်။
အဖော်ကို လိုချင်ရက်နဲ့ အဖော် မရနိုင်တာဟာ စိတ်ကို တော်တော် အားငယ်စေတယ်။
အားငယ်ရင် နေမကောင်းဖြစ်တယ်။
ဒါကြောင့် ရင်းနှီးတဲ့ဆက်ဆံရေးဟာ ကျန်းမာရေး တကယ်ပဲ ပိုကောင်းစေတယ်။
+++++++++++++++++++++++++++
တစ်ကိုယ်ထဲ အထီးကျန်ဖြစ်နေတဲ့သူဟာ သူ့ဘဝကို အဓိပ္ပာယ်မရှိဘူးလို့ ပိုခံစားရတယ်။
အဲဒါကြောင့် depression ပိုဖြစ်တယ်။ စိတ်ဓာတ်ကျတယ်။
မိတ်ဆွေရှိတဲ့သူဟာ အခက်အခဲရှိတဲ့အခါ တစ်ယောက်ထဲ ရင်မဆိုင်ရဘူး။
မိတ်ဆွေတွေရဲ့ အကြံဥာဏ် အကူအညီကိုရတယ်။
+++++++++++++++++++++++++++
Cooperation promotes survival. And intimacy promotes happiness.
ပူးပေါင်းဆောင်ရွက်မှုဟာ အသက်ရှင်သန်မှုကို အထောက်အကူပေးတယ်။
ချစ်ခင်ရင်းနှီးမှုဟာ ပျော်ရွှင်မှုကို အထောက်အကူပေးတယ်။
ဒါကြောင့် လုပ်ဖော်ကိုင်ဖက် မိတ်ဆွေအပေါင်းအသင်းလည်း ရှိတယ်။
ချစ်ခင်ရင်းနှီးတဲ့သူလည်း ရှိတယ်ဆိုရင်
အစစအရာရာ အဆင်ပြေပြီး စိတ်ချမ်းသာမယ်။
ကိုယ်ကြိုက်တာ၊ မကြိုက်တာ၊ နိုင်ငံရေး၊ စီးပွားရေး အယူအဆတွေ၊
ကိုယ်ဂုဏ်ယူတဲ့ ကိုယ့်ရဲ့စွမ်းဆောင်မှု အောင်မြင်မှုတွေ၊
ကိုယ်မအောင်မြင်လို့ စိတ်ပျက်ရတာတွေ၊ ကိုယ့်ရဲ့သောကတွေ၊ ကိုယ့်ရဲ့မျှော်မှန်းချက်တွေ
ကိုယ့်ရဲ့ပျော်ရွှင်မှု၊ ကိုယ့်ရဲ့စိတ်ဒုက္ခတွေ စတဲ့
ကိုယ့်ခံစားမှုတွေကို ပြောပြရမယ့်သူ မရှိရင် အဖော်မဲ့ အထီးကျန်ဖြစ်တယ်။
lonely ဖြစ်တယ်။
ဒီလို အဖော်မဲ့ အထီးကျန်ဖြစ်တယ်ဆိုတာ လူတွေအများကြီးကြားမှာ
ရေရင်းလည်း ဖြစ်တယ်။
+++++++++++++++++++++++++++
စကားပြောဖော်ရချင်ရင် နားထောင်ပါ။
ကိုယ်က သူပြောတာကို စိတ်ပါလက်ပါ နားထောင်ရင်
ကိုယ်ပြောတာကိုလည်း သူ နားထောင်လိမ့်မယ်။
နားထောင်တတ်တဲ့သူမှာ စကားပြောဖော် မရှားဘူး။
စကားပြောဖော်တွေ များလာရင် အဲဒီထဲက ရင်းရင်းနှီးနှီး
ပြောလို့ရတဲ့သူကို တွေ့လိမ့်မယ်။
+++++++++++++++++++++++++++
ရင်းရင်းနှီးနှီး ပွင့်ပွင့်လင်းလင်း ချစ်ချစ်ခင်ခင် ပြောလို့ရတဲ့အဖော် ရှိတဲ့သူဟာ
ပျော်ရွှင်မှု နှစ်ဆတိုးပြီး ဒုက္ခတစ်ဝက်လျော့တယ် လို့ ရှေးပညာရှိများပြောကြတယ်။
+++++++++++++++++++++++++++
Satisfying marriage- အိမ်ထောင်ရေးမှာ ကျေနပ်မှုရှိတယ်။
စိတ်ချမ်းသာတဲ့သူတွေထဲမှာ အိမ်ထောင်ရေးကို ကျေနပ်မှုရတဲ့သူတွေ တော်တော်များတယ်။
အရွယ်ရောက်လာရင် အိမ်ထောင်ပြုကြတယ်။
အိမ်ထောင်ပြုပြီးရင် များသောအားဖြင့် မိဘနဲ့ အတူမနေတော့ဘူး။
ကိုယ့်ဟာ ကိုယ် ခွဲနေကြတယ်။ အဲဒီတော့ ကိုယ်နဲ့အရင်းနှီးဆုံး အနီးဆုံးဟာ
ကိုယ့်အိမ်ထောင်ဖက်ပဲ။
အဲဒီ အိမ်ထောင်ဖက်နဲ့ ချစ်ချစ်ခင်ခင် ရင်းရင်းနှီးနှီး ပွင့်ပွင့်လင်းလင်း
ပြောနိုင်ရင် စိတ်ချမ်းသာမယ်။
ပျော်စရာကောင်းတာတွေကို အတူတူလုပ်ရင် သိပ်ပျော်မယ်။
မိတ်ဆွေကောင်းတွေလည်း အများကြီးရှိတယ်။
အိမ်ထောင်ရေးလည်း အဆင်ပြေတယ်ဆိုရင်တော့ တော်တော် စိတ်ချမ်းသာမယ်။
+++++++++++++++++++++++++++
စိတ်ချမ်းသာဖို့လိုရင်းပါ (ဆရာတော်ဦးဇောတိက) စာအုပ်မှ ကောက်နှုတ်ဖော်ပြပါတယ်။

လူသားတိုင်း ကျန်းမာကြပါစေ... လူသားတိုင်း ချမ်းသာကြပါစေ...
ခန္ဓာကိုယ်ကို လေ့ကျင့်ခန်းနဲ့စောင့်ရှောက်ပါ။ စိတ်ကို စာဖတ်ခြင်းနဲ့စောင့်ရှောက်ပါ။...

နူတ်ဆက်စကားလေးများ.....

မြန်မာတို့ရဲ့ ဘလော့ဂ်များ...

picoodle.com