Sunday, December 12, 2010

“ ငါးမပုပ်အောင်…”



ဒုတိယတန်းကျောင်းသားလေး

မောင်ကောင်းခန့်ညိမ်း ကို

မေးခွန်းတစ်ခုမေးလိုက်ပါတယ်။


ဟေ့ ကောင်းခန့်ညိမ်း၊

ပင်လယ်ရေ ဘာဖြစ်လို့ ငံရတာလဲ


ကောင်းခန့်ညိမ်းက အတန်ကြာ စဉ်းစားပါတယ်။

ပြီးတော့မှ

စကားကို တစ်လုံးချင်းပြန်ဖြေတာက


ငါးတွေ မပုပ်ရအောင်

ပင်လယ်ထဲ ဆားဖြန်းထားလို့ပေါ့

“ ဤမှန်သောသစ္စာစကားကြောင့်...”



ဘုရားလောင်းငုံးငှက်ငယ်ဘဝတုန်းက
တောမီးအကြီးအကျယ်လောင်ပါတယ်။
ငုံးငှက်ငယ်က မပြေးနိုင်ပါ။
အသက်အန္တရာယ်အလွန်နီးကပ်လာချိန်မှာတော့
ငုံးငှက်ငယ်က နောက်ဆုံးအားကိုးအားထားရာဖြစ်တဲ့
သစ္စာဆိုခြင်းကို ပြုလုပ်ခဲ့ပါတယ်။

++++++++++++++++++++++++++++++++++++++

ဘုရားလောင်းငုံငယ်ရဲ့သစ္စာစကား…..
အိုတောမီး၊
ငါမှာ အတောင်တို့ရှိပါသော်လည်း
မပျံနိုင်သေးပါ၊
ငါ့မှာ ခြေတို့ရှိပါသော်လည်း မသွားတတ်သေးပါ။
ငါရဲ့မိဘတို့သည်လည်း ငါ့ကို ထားပြီး
ထွက်သွားကြလေပြီ။
အို…တောမီး၊
ငါ့ကို ဖဲကြဉ်ပါလော့။

++++++++++++++++++++++++++++++++++++++

“ လောက၌ သီလ၏ဂုဏ်ကျေးဇူးသည် ရှိပေ၏။
မှန်ကန်သောသစ္စာစကားသည် ရှိပေ၏။
ကိုယ်ရေး၊နူတ်ရေး၊ စိတ်ရေး လုံးဝ စင်ကြယ်ခြင်းသည် ရှိပေ၏။
သတ္တဝါတို့အား ကြင်နာသနားခြင်းသည် ရှိပေ၏။
ဤသို့သော သစ္စာစကားဖြင့် အလွန်ကောင်းမြတ်သော
သစ္စာပြုခြင်းကို
ငါဘုရားနုစဉ်က ပြုခဲ့ဖူးလေပြီ ”

++++++++++++++++++++++++++++++++++++++

“ ချစ်သား သာရိပုတ္တရာ၊
ငါ၏သစ္စာစကားနှင့်တူသော တရားမည်သည် မရှိချေ။
ပါရမီကား ငါဘုရား၏ သစ္စာပါရမီပင်ဖြစ်တော့သည် ”
( ဗုဒ္ဓ မြတ်စွာဘုရား )
 
++++++++++++++++++++++++++++++++++++++

လူတိုင်းမှာ အခက်အခဲအကြီးအကျယ် ကြုံရတတ်ပါတယ်။
လူတိုင်းမှာလည်း မှန်ကန်တဲ့သစ္စာစကား ဆိုတာရှိပါတယ်။
အခက်အခဲ၊ အကြတ်အတည်း ကြုံလေတိုင်းမှာ
သစ္စာစကားဆိုဖို့ မမေ့ကြပါနဲ့။
အံသြဖွယ်ကောင်းလောက်အောင် အကျိုးပေးတာကို
ကြုံတွေ့ခဲ့ဖူးပါတယ်။
အဓိက ကတော့ ယုံယုံကြည်ကြည်လုပ်ဖို့ပါပဲ။

“ ကိုယ်ချင်းစာကြည့်ပေါ့…”



မိန်းမဖြစ်သူ မနှင်းသုံက

ယောက်ျားဖြစ်သူကိုမောင်တင်ကိုပြောတယ်။


နွားမရဲ့မျက်လုံးတွေ ကြေကွဲဝမ်းနည်းနေတဲ့ ပုံပါလား


ကိုမောင်တင်က

တစ်နေ့မှာ နို့သုံးခါ အညှစ်ခံရပြီး

တစ်နှစ်မှာမှ တစ်ခါလောက်သာ

နွားထီးဆီကို ခေါ်သွားခံရတယ်ဆိုရင်

မင်း ဘယ်လို ခံစားရမလဲ ကဲ… ”

“ မြင်မှာပဲ ဥစ္စာ…”



ကွယ်လွန်သူ ခင်ပွန်းရဲ့ ဓာတ်ပုံကို

ဓာတ်ပုံဆရာ ကိုအေးကို အား ပြပြီး

မရွှေကြိုင်က မေးတယ်။


ဒီပုံကို ပုံကြီးချဲ့ပေးလို့ ရမလား


ရပါတယ်


မရွှေကြိုင်က

ခေါင်းပေါ်က ဦးထုပ်ကို ဖြုတ်ပေးစေချင်ပါတယ်


ကိုအေးကိုက


ဒါလည်း ရပါတယ်၊

သူ့ဆံပင်ပုံစံ ဘယ်လိုရှိတယ်ဆိုတာသာ ကျနော့်ကို ပြောပါ


မရွှေကြိုင်က

ဘာပြောစရာလိုသလဲ၊

ဦးထုပ်ကို ဖယ်လိုက်တဲ့အခါ ရှင်မြင်ရမှာပဲ ဥစ္စာ

“ မြန်တိုင်းလည်းမကောင်းပါ…”



တက္ကစီမောင်းသမားတစ်ဦးဟာ

ကားမောင်းနေစဉ်

ရေဒီယိုဖုန်းခေါ်သံတစ်ခု လက်ခံရရှိပါတယ်။


ခေါ်တဲ့လိပ်စာရှင်မှာ

ကားရောက်နေတဲ့ လမ်းဘေးနားတွင်

ဖြစ်နေတာကို ကံအားလျော်စွာ တွေ့ရတဲ့အတွက်

အလွန်ဝမ်းသာသွားပါတယ်။


တက္ကစီမှာတဲ့ အမျိုးသမီးကြီးဟာ

တယ်လီဖုန်းကိုချပြီး မကြာခင်မှာပင်

လူခေါ်ခေါင်းလောင်းသံကို ကြားရပါတယ်။

တံခါးကို သွားဖွင့်လိုက်ပါတယ်။


ကျနော်တို့ တက္ကစီတွေရဲ့

ဝန်ဆောင်မှုကို သဘောမကျဘူးလားခင်ဗျား


လို့တက္ကစီမောင်းသမားက

ဂုဏ်ယူဝင့်ကြွားစွာ မေးလိုက်ပါတယ်။


ရှင်လို ကားကို ဒီလောက်မြန်မြန်မောင်းတဲ့လူနဲ့

ကျမ မလိုက်နိုင်ဘူး

လို့ပြောပြီး

တံခါးကို ဝုန်းကနဲ ဆောင့်ပိတ်လိုက်ပါတော့တယ်။

လူသားတိုင်း ကျန်းမာကြပါစေ... လူသားတိုင်း ချမ်းသာကြပါစေ...
ခန္ဓာကိုယ်ကို လေ့ကျင့်ခန်းနဲ့စောင့်ရှောက်ပါ။ စိတ်ကို စာဖတ်ခြင်းနဲ့စောင့်ရှောက်ပါ။...

နူတ်ဆက်စကားလေးများ.....

မြန်မာတို့ရဲ့ ဘလော့ဂ်များ...

picoodle.com