Sunday, December 12, 2010

“ ဤမှန်သောသစ္စာစကားကြောင့်...”



ဘုရားလောင်းငုံးငှက်ငယ်ဘဝတုန်းက
တောမီးအကြီးအကျယ်လောင်ပါတယ်။
ငုံးငှက်ငယ်က မပြေးနိုင်ပါ။
အသက်အန္တရာယ်အလွန်နီးကပ်လာချိန်မှာတော့
ငုံးငှက်ငယ်က နောက်ဆုံးအားကိုးအားထားရာဖြစ်တဲ့
သစ္စာဆိုခြင်းကို ပြုလုပ်ခဲ့ပါတယ်။

++++++++++++++++++++++++++++++++++++++

ဘုရားလောင်းငုံငယ်ရဲ့သစ္စာစကား…..
အိုတောမီး၊
ငါမှာ အတောင်တို့ရှိပါသော်လည်း
မပျံနိုင်သေးပါ၊
ငါ့မှာ ခြေတို့ရှိပါသော်လည်း မသွားတတ်သေးပါ။
ငါရဲ့မိဘတို့သည်လည်း ငါ့ကို ထားပြီး
ထွက်သွားကြလေပြီ။
အို…တောမီး၊
ငါ့ကို ဖဲကြဉ်ပါလော့။

++++++++++++++++++++++++++++++++++++++

“ လောက၌ သီလ၏ဂုဏ်ကျေးဇူးသည် ရှိပေ၏။
မှန်ကန်သောသစ္စာစကားသည် ရှိပေ၏။
ကိုယ်ရေး၊နူတ်ရေး၊ စိတ်ရေး လုံးဝ စင်ကြယ်ခြင်းသည် ရှိပေ၏။
သတ္တဝါတို့အား ကြင်နာသနားခြင်းသည် ရှိပေ၏။
ဤသို့သော သစ္စာစကားဖြင့် အလွန်ကောင်းမြတ်သော
သစ္စာပြုခြင်းကို
ငါဘုရားနုစဉ်က ပြုခဲ့ဖူးလေပြီ ”

++++++++++++++++++++++++++++++++++++++

“ ချစ်သား သာရိပုတ္တရာ၊
ငါ၏သစ္စာစကားနှင့်တူသော တရားမည်သည် မရှိချေ။
ပါရမီကား ငါဘုရား၏ သစ္စာပါရမီပင်ဖြစ်တော့သည် ”
( ဗုဒ္ဓ မြတ်စွာဘုရား )
 
++++++++++++++++++++++++++++++++++++++

လူတိုင်းမှာ အခက်အခဲအကြီးအကျယ် ကြုံရတတ်ပါတယ်။
လူတိုင်းမှာလည်း မှန်ကန်တဲ့သစ္စာစကား ဆိုတာရှိပါတယ်။
အခက်အခဲ၊ အကြတ်အတည်း ကြုံလေတိုင်းမှာ
သစ္စာစကားဆိုဖို့ မမေ့ကြပါနဲ့။
အံသြဖွယ်ကောင်းလောက်အောင် အကျိုးပေးတာကို
ကြုံတွေ့ခဲ့ဖူးပါတယ်။
အဓိက ကတော့ ယုံယုံကြည်ကြည်လုပ်ဖို့ပါပဲ။

No comments:

လူသားတိုင်း ကျန်းမာကြပါစေ... လူသားတိုင်း ချမ်းသာကြပါစေ...
ခန္ဓာကိုယ်ကို လေ့ကျင့်ခန်းနဲ့စောင့်ရှောက်ပါ။ စိတ်ကို စာဖတ်ခြင်းနဲ့စောင့်ရှောက်ပါ။...

နူတ်ဆက်စကားလေးများ.....

မြန်မာတို့ရဲ့ ဘလော့ဂ်များ...

picoodle.com