Monday, April 16, 2012

"ပျော်စရာ အကောင်းဆုံး အလုပ်...(၁၉)..."



စိတ်ချမ်းသာတဲ့သူတွေမှာ ရှိတတ်တဲ့ အချက် (၆)ချက်…မှ အဆက်

6။ Have work and leisure that engages their skills
Have work that engages their skills
အရည်အချင်းကို ကောင်းကောင်းသုံးရတဲ့ အလုပ်ကိုလုပ်တယ်။
အပန်းဖြေ အပျော်တန်းလုပ်တဲ့အလုပ်မှာလည်း အချင်းအချင်းကို သုံးရတဲ့နည်းနဲ့ပျော်တယ်။
အလုပ်လုပ်တဲ့အခါမှာ ကိုယ့်အရည်အချင်းနဲ့တန်တဲ့ နည်းနည်း ခက်တဲ့အလုပ်ကို လုပ်တဲ့သူက
အလုပ်မှာ ပိုပျော်တယ်။ အပျင်းပြေ ကစားတဲ့အခါမှာလည်း ဥာဏ်ကိုသုံးရတဲ့ ကစားနည်းက
ပိုပျော်စရာကောင်းတယ်။
+++++++++++++++++++++++++++

ဘာဘဲလုပ်လုပ် နည်းနည်းခက်တာလုပ်ရင် ပိုပြီး စဉ်းစားရတယ်။
ပိုပြီးဥာဏ်ထုတ်ရတယ်။ အားစိုက်ရတယ်။ အဲဒါ အရေးကြီးတဲ့အချက်ပဲ။
ကိုယ်ရော စိတ်ပါ အပြည့်ထည့်ပြီး လုပ်ရမှ အားရတယ်။ ကျေနပ်တယ်။
လုပ်ရင်းနဲ့ ကိုယ့်အရည်အချင်းတိုးလာတာ ပိုပျော်စရာကောင်းတယ်။
ဘာအရည်အချင်းမှ မတိုးရင် ကြာရင် ပျင်းလာတယ်။
+++++++++++++++++++++++++++

 လွယ်တာကို လုပ်ရရင် ပိုပျော်တဲ့သူဟာ တကယ်ပျော်တဲ့သူ မဟုတ်ဘူး။
သူ့ကိုယ်ကိုသူ ယုံကြည်မှု မရှိဘူး။
ကိုယ့်ကိုယ်ကို ကိုယ် ယုံကြည်မှုရှိတဲ့သူဟာ ပိုခက်တာကို လုပ်တယ်။
+++++++++++++++++++++++++++

စာဖတ်ရင်လည်း ဖတ်ရင်းနဲ့စဉ်းစားရတာကို ဖတ်မှ ပျော်စရာကောင်းတယ်။
ဘာမှ စဉ်းစားမပါရင် ပျော်စရာမကောင်းဘူး။
အခုခေတ်မှာ ရုပ်ပုံလှလှတွေနဲ့ အပျင်းပြေရုံဖတ်ရတဲ့ စာစောင်တွေ များတယ်။
အဲဒီလိုစာတွေကို ဆယ်နှစ်လောက်ဖတ်တောင်မှ ဘာအရည်အချင်းမှ တိုးလာမှာ မဟုတ်ဘူး။
+++++++++++++++++++++++++++

အလုပ်ဟာ ဘဝမှ အရေးပါတဲ့ကိစ္စဖြစ်လို့ အလုပ်မှာ ပျော်တဲ့သူဟာ သူ့ဘဝကို သူပိုပြီး ကျေနပ်တယ်။
အလုပ်မှာမပျော်ရင် ဘဝကို မကျေနပ်ဘူး။
ခက်တာကိုလုပ်ရမှ ပျော်တဲ့သူဟာ သူ့အရည်အချင်းကို အမြဲတန်းအစမ်းခံ နေရတယ်။
အရင်က မလုပ်နိုင်တာ တစ်ခုကို လုပ်လို့ရသွားတိုင်း ကိုယ့်ကိုယ်ကိုကိုယ် ယုံကြည်မှုတိုးလာတယ်။
အဲဒါ ပျော်စရာ အကောင်းဆုံးပဲ။
ဘာအရည်အချင်းမှ တိုးမလာတဲ့ အလုပ်မျိုးကို မလုပ်သင့်ဘူး။
+++++++++++++++++++++++++++

သစ်ပင် ပန်းပင်ကို ကိုယ်တိုင် စိုက်ပျိုးတာက ကိုယ်တိုင် ဘာမှ မလုပ်ရတဲ့ စိုက်ပြီးသား သစ်ပင် ပန်းပင်
ဝယ်တာထက် ပိုပျော်ရတယ်။
မျိုးစေ့အကြောင်း မြေအကြောင်း ရာသီဥတုအကြောင်းတွေကို လေ့လာရတယ်။
စဉ်းစဉ်းစားစား လုပ်တယ်။
ချစ်တဲ့စိတ်နဲ့လုပ်တယ်။
အဲဒါ ပျော်စရာကောင်းတယ်။
+++++++++++++++++++++++++++

စဉ်းစဉ်းစားစား စကားပြောရတာ ဆွေးနွေးရတာက TV.ကြည့်ရတာထက် ပိုပျော်တယ်။
လိုရင်းက ဥာဏ်ကို သုံးရတာ အရည်အချင်းကို သုံးရတာ ပိုပြီးပျော်စရာ ကောင်းတယ်။
ခက်တဲ့အလုပ်က လွယ်တဲ့အလုပ်ထက် ပိုပြီး ပျော်စရာ ကောင်းတယ်။
+++++++++++++++++++++++++++     

                                     

Studies confirm that a key ingredient of satisfying work is whether or not it’s challenging.
The most satisfied workers find their skills tested, their work varied,
their tasks significant.
သုတေသနလေ့လာချက်တွေမှာ ခိုင်ခိုင်မာမာ အတည်ပြုနိုင်လောက်အောင် တွေ့ရတာက
ကျေနပ်စရာကောင်းတဲ့အလုပ်ရဲ့ အင်္ဂါရပ်တစ်ခုက
အဲဒီအလုပ်ဟာ အစွမ်းကုန် အားထုတ်ပြီး လုပ်ရသလား မလုပ်ရဘူးလား ဆိုတာပါပဲ။
ကျေနပ်မှု အများဆုံးရတဲ့ အလုပ်သမားတွေက
သူတို့အလုပ်ဟာ သူတို့အရည်အချင်းကို စမ်းသပ်တာကို ခံရတာ၊
အလုပ်ဟာ အပြောင်းအလဲ ရှိတာ၊ အလုပ်ဟာ အရေးပါတာ လို့မြင်ရ ခံစားရတယ်။
+++++++++++++++++++++++++++

စိတ်ချမ်းသာဖို့လိုရင်းပါ (ဆရာတော်ဦးဇောတိက) စာအုပ်မှ ကောက်နှုတ်ဖော်ပြပါတယ်။

+++++++++++++++++++++++++++

ကိုယ်ကိုယ်တိုင် ဖတ်ဖို့(၁၉)

 






လူသားတိုင်း ကျန်းမာကြပါစေ... လူသားတိုင်း ချမ်းသာကြပါစေ...
ခန္ဓာကိုယ်ကို လေ့ကျင့်ခန်းနဲ့စောင့်ရှောက်ပါ။ စိတ်ကို စာဖတ်ခြင်းနဲ့စောင့်ရှောက်ပါ။...

နူတ်ဆက်စကားလေးများ.....

မြန်မာတို့ရဲ့ ဘလော့ဂ်များ...

picoodle.com