Sunday, March 11, 2012

"ဘောလုံးဝါသနာအိုးတွေ သတိထား…"


တစ်ခါတုန်းက လေယာဉ်ပျက်ကျသွားတဲ့အတွက်

ဘောလုံးအသင်းတစ်သင်းလုံး သေဆုံးသွားကြတယ်။

ဘောလုံးသမားတွေ နတ်ပြည်ရဲ့ အဝင်တံခါးဝ ရှေ့မှာ လာရပ်ကြတယ်။

သိကြားမင်းက တားတယ်။

“ကျုပ်တို့ရဲ့ ဥပဒေအရ ဘောလုံးသမားတွေဟ မကောင်းမှုပြုသူစာရင်းထဲမှာ ပါတယ်။

လူတွေ ဘုရားတရားထဲ အာရုံမစိုက်နိုင်အောင် ဘောလုံးပွဲနဲ့ ဆွဲဆောင်သူတွေ ဖြစ်လို့ပါပဲ။

ဒါကြောင့် မင်းတို့ အားလုံး ငရဲပြည်ကို သွားကြ”

ဒီလိုပြောပြီး ခဏကြာတော့ သိကြားမင်းက မေးတယ်။

“မင်းတို့ထဲမှာ ဘယ်သူက ဂိုးသမားလဲ”

“ကျနော်ပါ ခင်ဗျ…”

“အေး မင်ကတော့ နတ်ပြည်ကိုသွား၊

မင်းတို့ရဲ့အသင်း ကစားတိုင်း ငါအမြဲတမ်းကြည့်ဖြစ်တယ်။

မင်းကတော့ ဘောလုံးသမားနဲ့မတူဘူး”



လူသားတိုင်း ကျန်းမာကြပါစေ... လူသားတိုင်း ချမ်းသာကြပါစေ...
ခန္ဓာကိုယ်ကို လေ့ကျင့်ခန်းနဲ့စောင့်ရှောက်ပါ။ စိတ်ကို စာဖတ်ခြင်းနဲ့စောင့်ရှောက်ပါ။...

နူတ်ဆက်စကားလေးများ.....

မြန်မာတို့ရဲ့ ဘလော့ဂ်များ...

picoodle.com