လောကမှာ 
 တကယ်စိတ်ထားမြင့်မြတ်တဲ့ပုဂ္ဂိုလ်၊
   တကယ်အသိဉာဏ်မြင့်မြတ်တဲ့ပုဂ္ဂိုလ်လို့
  ခေါ်လောက်တဲ့ပုဂ္ဂိုလ်တွေဟာ သူများတွေ
  ဘယ်လိုနေနေ
  သူတို့ရဲ့လေးနက်တဲ့၊ 
  မြင့်မြတ်တဲ့ခံယူချက်ဟာ
  ဘယ်တော့မှ မပြောင်းဘူး။
 
   ++++++++++++++++++
 
ကိုယ့်ကိုယ်ကို
သူများအောက်ကိုလည်း နှိမ့်ဖို့မလိုဘူး။
  ကိုယ့်ကိုယ်ကိုသူများအထက်ကိုလည်း မြှင့်ဖို့မလိုဘူး။
  ရိုးရိုးသားသား မှန်မှန်ကန်ကန် တန်းတူရည်တူပဲ
  ကြည့်တတ်ဖို့လိုတယ်။
  ++++++++++++++++++
  စကားပြောတဲ့အခါမှာလည်း သတိနဲ့ဉာဏ်နဲ့ ပြောပါ။
  သတိဟာလူကို ပိုပြီး အသက်ဝင်စေတယ်။
  သတိဟာ စိတ်ကိုပိုပြီးအားရှိစေတယ်။
  ++++++++++++++++++
  အရင်တုန်းကထက်
  စိတ်ထားတွေ၊
သဘောထားတွေ၊
  အသိဉာဏ်တွေ သာတဲ့လူတစ်ယောက်ဖြစ်လာအောင်
  လုပ်နေတာကိုက ကိုယ့်ရဲ့လိုအပ်ချက်ကို 
  ကိုယ်ဖြည့်ဆည်းနေတာပဲ။
  ++++++++++++++++++
  အင်မတန်စူးရှတဲ့၊
  အင်မတန်ထက်မြက်တဲ့၊
  အင်မတန်အင်အားကြီးတဲ့၊
  သတိနဲ့ပညာက 
  ကိုယ့်ရဲ့ချို့ယွင်းချက်လေးတွေကို 
  သူ့ဟာသူ ပြင်ပြင်ပြီးတော့ သွားတတ်တယ်။
  ++++++++++++++++++
  စိတ်ဓာတ်အင်အားပျော့ညံ့တဲ့သူ၊
  စစ်မှန်တဲ့သတ္တိမရှိတဲ့သူတွေဟာ 
  သူတစ်ပါးကို အနိုင်ကျင့်တဲ့သူတွေ 
  ဖြစ်လာတယ်။
  ++++++++++++++++++
  တာဝန်ယူတာဟာအမှန်တော့
  လွတ်လပ်မှုတစ်မျိုးပဲ။
  ++++++++++++++++++
  ဒီအခြေအနေမှာ ဒီလိုလုပ်မှ ဖြစ်မယ်လို့သိပြီးတော့
  အခြေအနေနဲ့ကိုက်အောင်လုပ်နိုင်တာဟာ
  လည်း ပဲ လွတ်လပ်မှုတစ်မျိုးပဲ။
  ++++++++++++++++++
  ဘယ်အချိန်သေသေ၊ 
  သေမှာကိုကြိုတင်ပြင်ဆင်ထားပြီး 
  အချိန်မရွေးသေတာကို လက်ခံနိုင်တဲ့စိတ်မျိုးနဲ့
  နေသွားနိုင်ရင် လွတ်လပ်တဲ့စိတ်နဲ့နေတယ်လို့ ဆိုနိုင်တယ်။
  ++++++++++++++++++
  တွေ့ကြုံနေရတဲ့ အခက်အခဲကို ကိုယ့်ဘဝအတွက်
  အကောင်းဘက်ကို ရောက်သွားဖို့ရာ အခွင့်အရေးတစ်ခု
  အနေနဲ့ မြင်တတ်ရင် ကိုယ့်ဘဝဟာ
  ကြာလေ တိုးတက်လေ ဖြစ်မယ်။
  ကြာလေ အဆင်ပြေလေဖြစ်မယ်။
  ကြာလေ စိတ်ထားရင့်ကျက်လေ ဖြစ်မယ်။
  ကြာလေ စိတ်ဓာတ်အင်အားကြီးသူ ဖြစ်လာမယ်။
  ပိုပြီးလွတ်လပ်သူ ဖြစ်လာမယ်။
  ++++++++++++++++++
  ငါ ပညာတတ်ဖို့ဟာ ငါ့တာဝန်ပဲ။
  ငါ အစွမ်းကုန်ကြိုးစားမှ ဖြစ်မယ်။
  ဘယ်လို အခက်အခဲ ရှိရှိ…
  ငါ ဖြစ်အောင်လုပ်မယ်။
  ++++++++++++++++++
  ဖြစ်အောင်လုပ်မယ်
ဆိုတဲ့သူအတွက်
  ဖြစ်နိုင်တဲ့ နည်းလမ်းကောင်းတွေ
  တစ်မျိုးပြီးတစ်မျိုးတွေ့မှာ သေချာတယ်။
  ++++++++++++++++++
  ကိုယ့်ဘဝမှာ 
ကောင်းတာတွေဖြစ်လာဖို့ဆိုတာ
  ကိုယ့်ဟာ ကိုယ်ဆုံးဖြတ်ရမယ်၊
  ရွေးချယ်ရမယ်၊
  တာဝန်ယူရမယ်။
  ++++++++++++++++++
  ဘယ်လိုမှ ရှောင်လွှဲလို့မရတော့တဲ့ 
သေခြင်းတရားနဲ့
  တွေ့တဲ့အချိန်မှာ
  အဲဒီသေခြင်းတရားကို
အေးအေးဆေးဆေးလက်ခံနိုင်တာဟာ
  လွတ်လပ်တာပဲ။
  ဆော့ကရေးတီးကို သေဒဏ်ပေးလိုက်တဲ့သူတွေက 
  မလွတ်လပ်တဲ့သူတွေ ဖြစ်တယ်။
  ဆော့ကရေးတီးကတော့ လွတ်လပ်တဲ့သူပဲ ။
  ++++++++++++++++++
ကိုယ့်ကိုယ်ကို
ပိုပြီးတော့ ကောင်းတဲ့လူတစ်ယောက်ဖြစ်လာအောင်
  ပုံဖေါ်နိုင်တဲ့ ဖန်တီးယူနိုင်တဲ့စွမ်းရည်သတ္တိဟာလည်း 
  လွတ်လပ်မှုတစ်မျိုးဖြစ်တယ်။
  ++++++++++++++++++
  အရာရာတိုင်းကို အတ္တရှုဒေါင့်ကနေ
  ကြည့်နေလို့ လေးလံတာပါ။
  ++++++++++++++++++
  လေးစားတဲ့စိတ်၊
  တန်ဖိုးထားတဲ့စိတ်၊ 
  ချစ်တဲ့စိတ်နဲ့
  ဆက်ဆံရတာ အင်မတန်လေးနက်တယ်။
  ++++++++++++++++++
ဆရာတော်ဦးဇောတိက