
“ တရားသူကြီးမင်းရှင့်၊
ကျမ အပြစ်မရှိပါဘူး၊
ကျမ်းကျိန်ပြီး ပြောရဲပါတယ် ”
“ ဒါပေမယ့် 
အထောက်အထား အချက်အလက်တွေက
အပြစ်ရှိကြောင်း ညွှန်ပြနေပါလား၊
ဟောဒီမှာ 
သက်သေတစ်ယောက်ရဲ့ ထွက်ချက်ထဲမှာ
အတိအကျ ဆိုထားတယ်။
“ ငယ်ရွယ်နုပျိုရုံမက ဘယ်သူမှ
မတုနိုင်တဲ့ ဆင်မယဉ်သာ
လျှောက်ဟန်မျိုးဖြင့် 
အချိုးကျန ပြေပြစ်လှတဲ့ အမျိုးသမီး ”တဲ့။
“ ဟုတ်ကဲ့၊ 
အဲဒါဆို ကျမပါပဲ”
 
 
