Monday, November 15, 2010

“ အလျင်စလို ပြောဆိုတတ်သူ…”



တစ်ခါတုန်းက မြို့ငယ်လေးတစ်ခုတွင်

အတင်းအဖျင်းပြောတတ်သူတစ်ဦးရှိပါတယ်။

သူမရဲ့နာမည်ကတော မစန်းမြင့်ဖြစ်ပါတယ်။


တစ်နေ့မှာတော့

ဒေသခံစီးပွားရေးလုပ်ငန်းရှင်တစ်ဦးဖြစ်တဲ့ ကိုကျော်ဝင်းက

သူရဲ့ကားကို အဲဒီဒေသရှိ အရက်ဆိုင်ရှေ့မှာ

တစ်ညလုံး ရပ်ထားတာကို တွေ့ပြီး အတင်းပြောပါတယ်။


နောက်နေ့မှာ

ကောလဟာလ အတင်းစကား စတင်လွှင့်ပါတော့တယ်။

အဲဒီစီးပွားရေးလုပ်ငန်းရှင်ကြီးဟာ အရက်တွေ အလွန်အကျွံသောက်ပြီး

ကားကိုပင် မမောင်းနိုင်တဲ့အတွက် အိမ်မပြန်နိုင်ဘဲ

အရက်ဆိုင်မှာပင် ညအိပ်ရတယ်လို့ အတင်းချပါတယ်။


အမှန်တကယ်ကတော့ ကားပျက်သွားတဲ့အတွက်

ကားကို ပျက်တဲ့နေရာမှာ ထားခဲ့ပြီ အိမ်ကို ပြန်ခဲ့ရခြင်းသာဖြစ်တယ်။

အဲဒီအတင်းအဖျင်းစကားကို ကြားရတဲ့ ကိုကျော်ဝင်းဟာ

ဘာမှ မပြောဘဲ အဲဒီအတင်းပြောတတ်တဲ့ မစန်းမြင့်အား

သင်ခန်းစာပေးရန် ဆုံးဖြတ်လိုက်ပါတယ်။


အဲဒီနေ့အလုပ်ဆင်းပြီး အိမ်ပြန်တဲ့အခါ သူရဲ့ကားကို

အတင်းပြောတတ်တဲ့ မစန်းမြင့်အိမ်ရှေ့တည့်တည့်တွင် ရပ်ခဲ့ပြီး

တစ်ညလုံး အဲဒီနေရာမှာပင် ထားခဲ့ပါတယ်။

လူများက မစန်းမြင့်ပြောတတ်တဲ့အတိုင်း

နမူနာယူပြီး အတင်းပြောပါတော့တယ်။


“ အပျိုကြီး မစန်းမြင့်ဟာ ညက ကိုကျော်ဝင်းနဲ့အတူ

တစ်ညလုံးအတူတူ အိပ်ကြတယ် ” တဲ့။


( မှတ်ချက်။

နောက်ဆက်တွဲ နောက်ဆုံးသတင်းကတော့

ကိုကျော်ဝင်းနဲ့ မစန်းမြင့်တို့ဟာ ညားသွားလေသတည်း

ဆိုတာပါပဲ။)


တူညီတဲ့အကျိုးဟာ ဖြစ်ပေါ်တတ်စမြဲ ဖြစ်ပါတယ်။

သူတစ်ပါးရဲ့ မကောင်းကြောင်းကို အရေမရ အဖတ်မရ ပြောတတ်သူဟာ

ကိုယ့်ရဲ့ မကောင်းကြောင်းကိုလည်း အလားတူ ပြောကြစမြဲ ဆိုတာ

သတိထား ဆင်ချဉ်ဖို့လိုအပ်ပါတယ်။




“ ဘဝမှာ ဒဏ်ရာတွေ ရှိသော်လည်း…”



ကျနော်ငယ်စဉ်က ကျနော်တို့အိမ်မှာ
သိပ်လှပြီး အလွန်ချိုတဲ့
ပန်းသီး သီးတဲ့ ပန်းသီးပင် တစ်ပင်ရှိပါတယ်။
ချိုလွန်း၊လှလွန်းလို့
တင်စားပြီး ရွှေပန်းသီးလို့တောင်ခေါ်ပါတယ်။

အဲဒီရွှေပန်းသီးပင်က အသီး သီးနေတဲ့ အချိန်မှာ
လေပြင်းတွေကျပြီး
ပန်းသီးပင်ရဲ့ကိုင်းကြီးတစ်ကိုင်းကျိုးသွားပါတယ်။

အဲဒီလို ကျိုးသွားတဲ့အခါ
ဖေဖေ ဘာလုပ်ပါသလဲဆိုတော့
ကျိုးသွားတဲ့ကိုင်းငုတ်ကို
တိတိလေးဖြစ်အောင် ဖြတ်ပါတယ်။
အဲဒီနေရာကိုရွှံ့နဲ့အုံပြီး
အပေါ်က အဝတ်နဲ့ပတ်ထားပေးပါတယ်။

အဲဒီနေရာမှာ အမာရွတ်ပေါ်လာပြီး
လုံးဝအနာပျောက်ကင်းသွားတဲ့အထိ
ကျိုးသွားတဲ့သစ်ကိုင်းငုတ်ကို
ပတ်တီးစည်းပေးထားပါတယ်။
အဲဒီအမာရွတ်ဟာ အခုထိရှိနေပါတယ်။
ဒါပေမယ့် ရွှေပန်းသီးတွေ အသီးမပျက်ခဲ့ပါ။
အမာရွတ်ရှိလျက်
ရွှေပန်းသီးတွေ ဆက်တိုက်သီးခဲ့ပါတယ်။

အဲဒီအဖြစ်အပျက်ကို လူသားတို့ရဲ့ဖြစ်ရပ်နဲ့
နှိုင်းယှဉ်ကြည့်မိပါတယ်။
တချို့လူတွေဟာ ဘဝမှာ
ဒဏ်ရာဒဏ်ချက် ပြင်းပြင်းထန်ထန်ရတတ်ပါတယ်။

အဲဒီအခါ မျိုးမှာ
ဘဝရှင်သန် တိုးတက်ရေးလမ်းကြောင်းမှ
ယာယီပြတ်တောက်သွားသလို ဖြစ်တတ်ပါတယ်။
ဘဝအမှောင်တိုက်ဖုံးတဲ့ ကာလဖြစ်ခဲ့ပါတယ်။
အင်အားချိနဲ့တဲ့ ကာလ ဖြစ်ခဲ့ပါတယ်။

တချို့အတွက်မူ
အဲဒီလို ပြင်းထန်တဲ့ ဒဏ်ရာ ရလာတဲ့အခါ
ငါ့ဘဝတော့ သွားပါပြီ
လို့တစ်ဘဝလုံးအတွက်
ခြုံပြီးသိမ်ငယ် သွားတတ်ကြပါတယ်။

ဘဝမှာ အခွင့်အလမ်းတစ်ခု ဆုံးရှုံးတဲ့အတွက်
ဘဝခရီးသွား လှေတစ်စီးမမှီလိုက်တဲ့အတွက်
ဘဝတစ်ခုလုံး သုံးမရတဲ့အဖြစ်မျိုး
ရောက်သွားတယ်လို့ခံစားပြီး
အရှုံးပေးလိုက်တာမျိုးဖြစ်တတ်ပါတယ်။

ဖြစ်သင့်ပါသလား?

မဖြစ်သင့်ပါ။
ရွှေပန်းသီးပင် ပင်မကိုင်းကျိုးသွားသလို
ဘဝဒဏ်ရာဆိုတာ
ဘယ်လောက်ပင်ကြီးကြီးဆက်လက်
ရှင်သန်နိုင်ပါတယ်။

အမာရွတ်ကြီးရှိလျက်
ရွှေပန်းသီးတွေ ဆက်သီးနိုင်သလို
ဒဏ်ရာမှန်သမျှ ကွယ်ပျောက်ပြီး
ဘဝဆက်လက်ရှင်သန်နိုင်ပါတယ်။

“ အိမ်သာ ဘယ်မှာလဲ…”



တစ်ခါတုန်းက

ဝမ်းသွားသူနဲ့ ဝမ်းပိတ်သူ လူနာများကို

အထူးကုတဲ့ ဆေးရုံဝင်းအတွင်းကို

လူနာအသစ်များကို တင်ဆောင်လာတဲ့

မော်တော်ကား ဝင်လာတယ်။


ကားပေါ်မှ လူတစ်ဦး မိမိရဲ့ဖင်ကို ပိတ်လျက်

ကသောကမြော ပြေးဆင်းလာပြီး

ဆေးရုံဝင်းထဲလမ်းလျှောက်နေတဲ့

လူနာ တစ်ယောက်ကို မေးတယ်။


အိမ်သာ ဘယ်မှာလဲဗျ၊

မြန်မြန်လေး ညွှန်ပေးစမ်းပါ


ကျနော် မသိဘူး၊

ကျနော် ဒီကိုရောက်လာတာ သုံးပတ်ပဲ ရှိသေးတယ်

“ ဆင်ခြေမပေးနဲ့နော်…”



တာချီလိတ်က

ကျိုင်းတုံသွားကားလမ်းပေါ်တွင်

ဖြစ်ခဲ့တဲ့အဖြစ်အပျက်ဖြစ်ပါတယ်။

ကားမောင်းသူ ကိုရှိန်းလတ်ဟာ

အရေးကြီး ကိစ္စပေါ်ပေါက်လာတဲ့အတွက်

ကားကို အရှိန်နဲ့မောင်းလာတယ်။


ရွာကို ဖြတ်မောင်းလာချိန်မှာ

လမ်းဖြတ်ကူးလာတဲ့

ကြက်ဖ တစ်ကောင်ကို တိုက်မိတယ်။

ကိုရှိန်းလတ်က ကားကိုရပ်ပြီး

ကားအပြင်ဖက်ကိုထွက်လာပါတယ်။


အနီးအနားမှာ ဘယ်သူမှ မရှိတာနဲ့

ကြက်သေကို ကားထဲ ပစ်လိုက်ပါတယ်။


အဲဒီအချိန်မှာ ကြက်ပိုင်ရှင်ပေါ်လာပြီး၊

ကိုရှိန်းလတ်ကို တိုင်းရင်းသားအသံဖြစ်တဲ့

အသံဝဲဝဲ နဲ့ မာမာကြောကြောပြောလိုက်တာက...


အတိုက်ခံရသူကို ဆေးရုံ သွားပို့မလို့ပါ

လို့

ဆင်ခြေပေးမယ် မကြံနဲ့နော်၊

ကြက်ဖအတွက် လျှော်ကြေးပေးပါ…”

“ သဘောမတူနဲ့ဟေ့... ”



တစ်ခါတုန်းက

မွေးပြီးတစ်နှစ်လောက်ကြာမှ

မိမိတို့ရဲ့ သားသမီးများ လမ်းစလျှောက်နိုင်ကြပြီး၊


နွား၊ မြင်း၊ သိုးစတဲ့တိရ စ္ဆာန်တို့ရဲ့

ကလေးတွေကျတော့

မနက်မွေးပြီးရင်

ညနေပိုင်း မှာပင် လမ်းစလျှောက်နိုင်ကြတာကို

မြင်ကြရတဲ့ မိန်းမများက

တရားမျှတမှု မရှိလို့ယူဆတဲ့အတွက်

သိကြားမင်းဆီကို အရေးဆိုဖို့

ကိုယ်စားလှယ်အဖွဲ့တစ်ဖွဲ့ကို စေလွှတ်လိုက်ကြတယ်။


အဲဒီကိုယ်စလှယ်အဖွဲ့ရဲ့ အဖွဲ့ခေါင်းဆောင်ကိုတော့

မစိန်ကြိုင်ကို အများသဘောတူရွေးချယ်ကြတယ်။

အဓိက တောင်းဆိုချက်ကတော့

မိမိတို့ကို တိရ စ္ဆာန်မများနဲ့

တစ်တန်းတည်းထားရေးဖြစ်ပါတယ်။


အဖွဲ့ခေါင်းဆောင်ဖြစ်တဲ့ မစိန်ကြိုင်ဟာ

အသွက်ဆုံး၊အာအကျယ်ဆုံး၊

အကြောက်အလန့်အနည်းဆုံး၊ ဖြစ်တာမို့

မစိန်ကြိုင်ပြောတဲ့ တန်းတူအခွင့်အရေးကို

သိကြားမင်းက

သေသေချာချာ လက်ခံနားထောင်ပါတယ်။


ကျန်တဲ့ကိုယ်စလှယ်အဖွဲ့ဝင်တွေကတော့

အခန်းရဲ့အပြင်ကနေပြီးနားစွင့်နေကြပါတယ်။

မစိန်ကြိုင်ရဲ့ ရှင်းလင်းချက်ကို

သကြားမင်းကြားပြီးတဲ့အခါမှာတော့


သကြားမင်းက..........


ကိုင်း မင်းတို့ ဖြစ်ချင်တဲ့အတိုင်း ဖြစ်စေရမယ်၊

ဒါပေမယ့် စည်းကမ်းချက်တစ်ခု ထားမယ်၊

မိန်းမတွေဟာ တိရစ္ဆာန်များနည်းတူ

တစ်နှစ်မှာတစ်ခါပဲ မေထုန်မှီဝဲကြရမယ်


အဲဒီအချိန်မှာ

အခန်းအပြင်မှာရှိနေကြတဲ့

ကိုယ်စလှယ်အဖွဲ့ဝင် အမျိုးသမီးထုကြီးက

သံပြိုင်အော်လိုက်တာကတော့...


စိန်ကြိုင်ရေ...

သဘောမတူနဲ့ဟေ့

“ ကဲ…ဖြေနိုင်ရင်ဖြေပါ…”



တစ်ခါတုန်းက

သုံးနှစ်သားသာရှိသေးတဲ့ မောင်ကောင်းခန့်ညိမ်းက

သူ့အမေကို မေးတယ်။


မေမေ၊

သားရဲ့ညီလေး ဘာဖြစ်လို့လမ်းမလျှောက်တာလဲဟင်


မနေ့တစ်နေ့ကမှ မွေးတာကိုးသားရဲ့


ကြောင်သားလေးတွေကျတော့ ဘယ့်နှယ့်လုပ်မလဲ၊

မွေးမွေးချင်း အစာစားတယ်၊

လမ်းလည်းလျှောက်တယ်


သြော်…..သူတို့တွေက ခြေထောက်လေးချောင်း ပါလာကိုးကွယ့်


ဒါဖြင့် ကြက်သားလေးတွေ ဘာဖြစ်လို့ မွေးပြီးမကြာဘူး၊

လမ်းလျှောက်ကြသလဲ၊ ကဲ….. ”


လူသားတိုင်း ကျန်းမာကြပါစေ... လူသားတိုင်း ချမ်းသာကြပါစေ...
ခန္ဓာကိုယ်ကို လေ့ကျင့်ခန်းနဲ့စောင့်ရှောက်ပါ။ စိတ်ကို စာဖတ်ခြင်းနဲ့စောင့်ရှောက်ပါ။...

နူတ်ဆက်စကားလေးများ.....

မြန်မာတို့ရဲ့ ဘလော့ဂ်များ...

picoodle.com