Monday, November 15, 2010

“ ပြီးတော့ကော…”



တစ်နေ့မှာတော့ ဘဝကိုကျေနပ်ရောင့်ရဲတတ်တဲ့ တံငါသည်တစ်ယောက်ဟာ

ပင်လယ်ကမ်းစပ်နားက သစ်ပင်အောက်မှာ ဆေးတံကို ခဲပြီး မှိန်းနေချိန်မှာ

ချမ်းသာတဲ့ကမ္ဘာလှည့်ခရီးသည်တစ်ယောက်ကရောက်လာပြီးစကားပြောကြတယ်။


“ ခင်ဗျား ဘာလုပ်သလဲ ”

“ တံငါအလုပ်ကို လုပ်တယ်။”

ဘာဖြစ်လို့ ပင်လယ်ထဲမထွက်ဘဲ သစ်ပင်အောက်မှာ အိပ်နေရတာလဲ ”

“ ဒီနေ့အဖို့ ကျနော်အလုပ်က ပြီးသွားပြီလေ၊

နံနက်စောစော တစ်ခေါက်ထွက်ပြီးသွားပြီး၊

ငါးတွေလည်းအများကြီးရခဲ့ပါတယ် ”


ကမ္ဘာလှည့်ခရီးသည်က

“ အချိန်က အများကြီးရှိသေးတာပဲ။

နောက်တစ်ခေါက်ထပ်ထွက်သင့်တာပေါ့ ”


“ ဘာလုပ်ဖို့လဲ၊ ”

“ ငါးတွေကို အများကြီးထပ်ဖမ်းဖို့ပေါ့ ”


“ ငါးတွေ အများကြီး ရတော့ကော…”

“ ငါးတွေ အများကြီးရရင် ငါးဖမ်းပိုက်အကောင်းစားတွေဝယ်နိုင်တာပေါ့ ”


“ ပြီးတော့ကော…”

“ ကိုယ်ပိုင် ငါးဖမ်းစက်လှေတွေ ဝယ်နိုင်တာပေါ့ ”


“ ပြီးတော့ကော…”

“ ကိုယ်ပိုင် ကုမ္ပဏီကြီးတစ်ခု တည်ထောင်နိုင်တာပေါ့ ”


“ပြီးတော့ကော…”

“ ချမ်းသာလာတဲ့အခါ ဇိမ်ခံသဘောင်္ ဝယ်နိုင်ပြီး

အေးအေးဆေးဆေး ဇိမ်ခံနိုင်တာပေါ့ ”


“ အခုကော ကျနော် ဘာလုပ်နေတယ် ထင်လို့လဲ ”

လို့ ပြောပြီး၊မျက်စိမှိတ်ကာ

ဆေးတံကဆေးကို အားရပါးရ ရှုသွင်းလိုက်ပါတယ်။

No comments:

လူသားတိုင်း ကျန်းမာကြပါစေ... လူသားတိုင်း ချမ်းသာကြပါစေ...
ခန္ဓာကိုယ်ကို လေ့ကျင့်ခန်းနဲ့စောင့်ရှောက်ပါ။ စိတ်ကို စာဖတ်ခြင်းနဲ့စောင့်ရှောက်ပါ။...

နူတ်ဆက်စကားလေးများ.....

မြန်မာတို့ရဲ့ ဘလော့ဂ်များ...

picoodle.com