Monday, November 15, 2010

“ ငါ မင်းကို ပြောပြနိုင်တာထက် ပိုချစ်တယ်…”




ကျနော်တို့ရဲ့အိမ်ထောင်သက်က နှစ်ဆယ်ကျော်ခဲ့ပြီ။

အခက်အခဲမျိုးစုံတွေ့ကြုံခဲ့ရပါတယ်။

ပြဿနာပေါင်းများစွာကိုလည်း ရင်ဆိုင်ခဲ့ရပါတယ်။

မကြခဏလည်း ရန်ဖြစ်ခဲ့ပါတယ်။

ဒါပေမယ့် ကျနော်တို့ရဲ့ အိမ်ထောင်ကခိုင်မြဲလျက်ရှိနေပါတယ်။

တစ်နေ့တော့ ကျနော်က ဇနီးသည်ကို မေးကြည့်မိပါတယ်။


မင်း ငါ့ကို ချစ်သေးလား


တကယ်ဆိုတော့

ကိုယ့်ကို ချစ်တယ်ဆိုတဲ့ စကားကို ကြားချင်တာပါ။

ဘယ်နှစ်ကြိမ်ပဲ ကြားကြား

ဘယ်တော့မှ မရိုးနိုင်တဲ့ စကားလို့မှတ်ယူမိပါတယ်။


တကယ်တန်းကြားရတာက


ရှင်သေသေချာချာ နားထောင်ပါ၊

ကျမက ရှင့်ဇနီး၊

ရှင်စားဖို့အတွက် နေ့တိုင်း ကျမ ချက်ပြုပ်ပေးပါတယ်။

ရှင့်အဝတ်တွေကိုလည်း လျှော်ဖွတ်ပြီး မီးပူတိုက်ပေးနေပါတယ်။

ရှင်နေတဲ့အိမ် ကိုသန့်ရှင်းဖို့ နေ့တိုင်း ကြမ်းတိုက်ရတယ်။

ရှင့်နဲ့ရတဲ့ကလေး -ယောက်တောင်ရှိနေပြီ။

ကျမရဲ့အိပ်ရာဟာလည်း ရှင့်အိပ်ရာပါပဲ။

ကျမရဲ့အချိန်တွေဆိုတာ ရှင့်ရဲ့အချိန်တွေပါပဲ။

အဲဒီအခြေအနေမှာတောင် ကျမ ရှင့်ကို

ချစ်၊ မချစ် သိချင်သေးတယ် ဟုတ်လား၊

ကြားချင်သေးတယ်ဆိုရင်

အင်းကျမ ရှင့်ကို ချစ်တယ်လို့ ထင်ပါတယ်


လို့သာ ပြန်ပြောပါတယ်။


သူမပြောတာ သူမအတွက် အမှန်တွေဆိုတာ ကျနော်သိပါတယ်။

ဒါပေမယ့် ကျနော်ကြားချင်တဲ့စကားတော့ မဟုတ်ဘူးဆိုတာ

လည်း ကျနော်ဘဲသိပါတယ်။



ကဲလူကြီးမင်းရော

နေ့တိုင်းကြားချင်တဲ့စကားကို တစ်သက်စာပြောလိုက်ရင်

ကျေနပ်နိုင်မလားလို့ ကျနော်သိချင်ပါတယ်။

1 comment:

လူသားတိုင်း ကျန်းမာကြပါစေ... လူသားတိုင်း ချမ်းသာကြပါစေ...
ခန္ဓာကိုယ်ကို လေ့ကျင့်ခန်းနဲ့စောင့်ရှောက်ပါ။ စိတ်ကို စာဖတ်ခြင်းနဲ့စောင့်ရှောက်ပါ။...

နူတ်ဆက်စကားလေးများ.....

မြန်မာတို့ရဲ့ ဘလော့ဂ်များ...

picoodle.com