Monday, November 15, 2010

“ ဖြစ်တတ်ပါတယ်နော်…”



တစ်ခါတုန်းက လယ်သမားတစ်ယောက်ဟာ

နွားထီးခြောက်ကောင်ကို တစ်ဖက်ရွာတွင် သွားဝယ်တယ်။

တစ်ကောင်ပေါ်တက်ထိုင်ပြီးကျန်နွားတွေကို မောင်းကာ ရွာကိုပြန်လာတယ်။

လမ်းမှာ နွားတွေကို ရေတွက်ကြည့်တယ်။

တစ်၊

နှစ်၊

သုံး၊

လေး၊

ငါး…..

ဘယ်လိုပဲရေရေ ငါးကောင်ထက် မပိုချေ။

ဝယ်တုန်းက ခြောက်ကောင်ပဲ။

အခုမှ ဘယ်လိုဖြစ်တာတုံး။

လယ်သမားကြီးဟာရေတွက်ရလွန်းတဲ့အတွက် အာခေါင်တောင်ခြောက်လာတယ်။

ရင်ခုန်သံလည်းမြန်လာတယ်။


အိမ်ရှေ့ရောက်လာတဲ့အခါ မိန်းမ က သူ့ကို ဆီးကြိုတယ်။

ဝယ်တုန်းက ခြောက်ကောင်၊ ငွေချေတော့ လည်း ခြောက်ကောင်ဖိုးရှင်းလိုက်တယ်။

အခုမှ ရေတွက်ကြည့်တော့ ငါးကောင်ထဲ ဖြစ်နေမှန်းသိရတယ်

လို့ ငိုသံကြီးနဲ့ မိန်းမကိုပြောတယ်။

မိန်းမဖြစ်သူက အားရပါးရ ရီပြီး ပြန်ပြောလိုက်တာက

အင်မတန်ထုံ၊ အင်မတန်အ တဲ့ ယောက်ျားပါလား၊

နွားပေါ်က ဆင်းလိုက်၊ ပြီးတော့မှ ပြန်ရေကြည့်၊

- ကောင်စလုံး တွေ့ရမယ်

No comments:

လူသားတိုင်း ကျန်းမာကြပါစေ... လူသားတိုင်း ချမ်းသာကြပါစေ...
ခန္ဓာကိုယ်ကို လေ့ကျင့်ခန်းနဲ့စောင့်ရှောက်ပါ။ စိတ်ကို စာဖတ်ခြင်းနဲ့စောင့်ရှောက်ပါ။...

နူတ်ဆက်စကားလေးများ.....

မြန်မာတို့ရဲ့ ဘလော့ဂ်များ...

picoodle.com