Monday, January 3, 2011

“ ကလေးတွေအိပ်ကြပါစေ…”






အရက်အလွန်အကျွံမူးပြီး

အိမ်ခန်းထဲသို့ ယိုင်တီးယိုင်တိုင်ဖြင့်

ဝင်လာတဲ့ယောက်ျားကို

မယားဖြစ်သူက စိတ်ဆိုး မာန်ဆိုးဖြင့်

အကြော်ဒယ်အိုးဖြင့် ခေါင်းကိုထုတယ်။


ဟေ့ ဖြေးဖြေး ထုပါကွ၊

ကလေးတွေ နိုးသွားဦးမယ်

“ ပေါတော့ လုံတာပေါ့…”


စာဖတ်သူတစ်ဦးက

အယ်ဒီတာချုပ်ကို မကျေမနပ်ပြောတယ်။


အခုခေတ် သီတင်းစာတွေ၊

ဂျာနယ် မဂ္ဂဇင်းတွေဟာ

ဝတ်လစ်စလစ်နဲ့ မပေါ်တပေါ် အမျိုးသမီး

ပုံတွေနဲ့ ပြည့်နေတာပဲ။

ကျုပ်တို့ခေတ်ကများ ဒါမျိုးမြင်ချင်လို့တောင် မမြင်ရဘူး


အယ်ဒီတာချုပ်က...

မငြင်းပါဘူး၊

ဒါပေမယ့် လူကြီးမင်းတို့ခေတ်က

အဝတ်အစားဈေးနှုန်းဟာ

အခုခေတ်ထက် အများကြီး ပေါပါတယ်

“ ရေချိန်ကိုက်ပြီ…”



သူငယ်ချင်းနှစ်ယောက် အရက်သောက်နေကြတယ်။


နောက်တစ်ခွက် ထပ်ချလိုက်ကြရအောင်၊

မင်းနဲ့ငါနောက် တွေ့ချင်မှ တွေ့ကြတော့မှာကွ၊

မနက်ဖြန် မင်းနိုင်ငံခြားကို ထွက်မှာ မဟုတ်လား


အင်း၊

အခုတောင် မင်းကို ငါ ဝါးတားတားပဲ

မြင်ရတော့တယ်

လူသားတိုင်း ကျန်းမာကြပါစေ... လူသားတိုင်း ချမ်းသာကြပါစေ...
ခန္ဓာကိုယ်ကို လေ့ကျင့်ခန်းနဲ့စောင့်ရှောက်ပါ။ စိတ်ကို စာဖတ်ခြင်းနဲ့စောင့်ရှောက်ပါ။...

နူတ်ဆက်စကားလေးများ.....

မြန်မာတို့ရဲ့ ဘလော့ဂ်များ...

picoodle.com