Wednesday, December 22, 2010

“ ကြည့်ပုံကိုက…”


အတွင်းရေးမှူးမလေးက

ညွှန်ချုပ်ကို ပြောတယ်။


အကိုကြီး၊

အကိုကြီးရဲ့ဇနီး

ဘာဖြစ်လို့ ကျမကို မယုံသင်္ကာ ဖြစ်တဲ့

မျက်လုံးနဲ့ ကြည့်ရတာလဲရှင့်


လွန်ခဲ့တဲ့ နှစ်အနည်းငယ်က သူဟာ

အကိုကြီးရဲ့ အတွင်းရေးမှူးမ ဖြစ်ခဲ့တယ်လေ

“ ပြန်စဉ်းစားပါနော်…”



ကိုတင်လှိုင်က

ယူရိုလက်ဖက်ရည်ဆိုင်မှာ

သူငယ်ချင်း ကိုလှမျိုးနဲ့တွေ့တာနဲ့ပြောတယ်။


ကိုလှမျိုး၊

ကျနော့်မိန်းမနဲ့ကွာတော့မယ်၊

သူ ကျနော့်ကို စကားမပြောတာ

ခြောက်လတိတိရှိပြီဗျ


ကိုလှမျိုးက ပြန်ပြောလိုက်တာက

ဟေ့လူ၊

ခင်ဗျား အလျင်မလိုနဲ့၊

ပြန်စဉ်းစားနော်၊

ဒီလိုမိန်းမမျိုး

ခင်ဗျား နောက်ထပ် ရှာတွေ့မယ်

မထင်ဘူးနော်

သိတယ်မှုတ်လား

“ စိတ်တိုလာပြီ…”



စတိုးဆိုင်တစ်ခုမှာဖြစ်တယ်။

ဈေးဝယ်သူတစ်ယောက်ဖြစ်တဲ့ကိုဝင်းဟိန်း က

အရောင်းသမကို မေးတယ်။


ခင်ဗျားတို့ဆီမှာ

ယောကျာ်းစီး ဖိနပ်ရှိသလားဟင်


မရှိဘူး


မိန်းမစီးဖိနပ်ကော…”


မရှိဘူး


အဲဒါဆို ကလေးစီးဖိနပ်ကော ခင်ဗျ


အမေးအမြန်းထူလှချည်းလားရှင့်၊

ကျမတို့ဆိုင်ဟာ ဖိနပ်ဆိုင်၊

စုံစမ်းရေးဋ္ဌာန မဟုတ်ဘူးရှင့်၊

နားလည်လား

“ အလိမ်မိသူ…”



ရောဂါအသည်းအသန်ဖြင့် သေတော့မယ့်

ယောက်ျားဖြစ်သူကိုရွှေအေးက

မိန်းမဖြစ်သူ မေရီကို

မိမိအနားကို ခေါ်ပြီး ပြောတယ်။


မေရီ၊

မင်းကို မသေခင် ဝန်ခံစရာ ရှိတယ်၊

ငါဟာ အရောင်းအဆင်းကို မခွဲခြားတတ်တဲ့သူ

( colour-blind )ကွ၊


ဒီအကြောင်းကို

တစ်ချိန်လုံး မင်းမသိအောင် ငါ လျှို့ဝှက်ထားခဲ့မိတယ်


ဒီအကြောင်းကို ကျမ သိပါတယ်ရှင့်


မင်း ဘယ်လိုလုပ် သိသလဲ


ကျမတို့သားဟာ နီဂရိုးလေးရှင့်

“ ကောက်နေတဲ့သစ်သား...”



ဘယ်လောက်ပဲ ကောက်နေတဲ့သစ်သားဖြစ်ပါစေ၊

ကျွမ်းကျင်တဲ့ပန်းပုဆရာနဲ့တွေ့ရင်
လက်ရာမြောက်တဲ့ပန်းပုရုပ်တစ်ခုတော့
ဖြစ်လာနိုင်ပါတယ်။

ထင်းခွေသမားနဲ့တွေ့ရင်တော့လဲ
ပြာကျပြီး နိဂုံးချုပ်ရမှာပေါ့၊
လူသားတိုင်း ကျန်းမာကြပါစေ... လူသားတိုင်း ချမ်းသာကြပါစေ...
ခန္ဓာကိုယ်ကို လေ့ကျင့်ခန်းနဲ့စောင့်ရှောက်ပါ။ စိတ်ကို စာဖတ်ခြင်းနဲ့စောင့်ရှောက်ပါ။...

နူတ်ဆက်စကားလေးများ.....

မြန်မာတို့ရဲ့ ဘလော့ဂ်များ...

picoodle.com