Sunday, October 23, 2011

" ကျနော်ကြိုက်တဲ့ကဗျာများ-၃..."



" မျက်ရည်စတွေကြောင့်..."


နေမင်းကြီး ဝင်သွားလို့

သင်ငိုကြွေးနေမယ်ဆိုရင်

လမင်းကြီးကိုလည်း

သင်လွဲသွားဦးမှာပါပဲ။


(တဂိုး)




“ တဒင်္ဂလောက် စောင့်လိုက်ပါအုန်း...”


တစ်ခါတုန်းက

စီးပွားရေးသမားဖြစ်တဲ့ရွှေမန်းဟာ

သိကြားမင်းကို တိုင်တည်ကာ တစ်ချိန်လုံးဆုတောင်းနေတယ်။

သိကြားမင်း နားငြီးလာတာနဲ့ သူ့ကိုမေးတယ်။

“မင်းဘာလိုချင်လို့လဲ”

“နှစ်ပေါင်းတစ်သန်းဆိုတာ သိကြားမင်းအတွက်

ဘယ်လို အဓိပ္ပာယ်ရှိပါသလဲ”

“တဒင်္ဂလို့ပဲ မှတ်တယ်”

“ ဒေါ်လာတစ်သန်းဆိုတာကကော…”

“သဲတစ်ပွင့်လောက်ပဲ တန်ဖိုးရှိတယ်လို့မှတ်တယ်”

ရွှေမန်းက...

“ဒီလိုဆိုရင် ကျနော့်ကို သဲတစ်ပွင့် ချီးမြှင့်တော်မူပါ”

သိကြားမင်းပြန်ပြောလိုက်တာက...

“တဒင်္ဂလောက် စောင့်လိုက်ပါအုန်း”

လူသားတိုင်း ကျန်းမာကြပါစေ... လူသားတိုင်း ချမ်းသာကြပါစေ...
ခန္ဓာကိုယ်ကို လေ့ကျင့်ခန်းနဲ့စောင့်ရှောက်ပါ။ စိတ်ကို စာဖတ်ခြင်းနဲ့စောင့်ရှောက်ပါ။...

နူတ်ဆက်စကားလေးများ.....

မြန်မာတို့ရဲ့ ဘလော့ဂ်များ...

picoodle.com