Friday, September 11, 2009

အကောင်းတွေ...ဘာချန်ထားခဲ့မလဲ ....?



တစ်ခါတုန်းက အသက်(68)နှစ်ရှိပြီဖြစ်တဲ့ သိပ္ပံပညာရှင်ကြီး တစ်ဦးဟာ
သူ့ဘ၀ရဲ့အချိန် တော်တော်များများကို သူ့ရဲ့ဓါတ်ခွဲခန်းထဲမှာပဲ ကုန်လွန်ခဲ့ပါတယ်။
ဓါတ်ခွဲခန်းဟာ သူ့ရဲ့ဘ၀၊သူ့ရဲ့ကမ္ဘာပါပဲ။
တစ်နေ့မှာတော့ နေ့လည်စာကို အပြင်မှာထွက်စား ပါတယ်။

စားပြီးအပြန်မှာတော့ သူ့ရဲ့ဓါတ်ခွဲခန်းဟာ မီးလောင်နေတာကို တွေ့ရပါတယ်။
မီးတောက်မီးလျှံကြီးကို အေးအေးဆေးဆေး ရပ်ကြည့်နေမိပါတယ်။
အဲဒီအချိန်မှာပဲ သတင်းထောက်တစ်ဦး ရောက်လာပြီး မေးပါတယ်။

"အခုလို အသက်အရွယ်ကြီးမှာ
ဓါတ်ခွဲခန်းအလုပ်ရုံကြီး မီးလောင်သွားတော့ ဘယ်လိုခံစားရပါသလဲ...?"

သိပ္ပံပညာရှင်ကြီးက

"ဒီဓါတ်ခွဲခန်းဟာကျုပ်အတွက် ငယ်နေတာ ကြာပြီ။
ဒီဓါတ်ခွဲခန်းထက် လေးဆလောက်ကြီးတဲ့

ဓါတ်ခွဲခန်း တစ်ခုတည်ဆောက်ဖို့စိတ်ကူးယဉ်နေတာလည်း ကြာပြီပေါ့ကွယ်။
အခုဓါတ်ခွဲခန်း မီးလောင်သွားတော့ စိတ်ကူးယဉ်ထားတာတွေ မြန်မြန်အကောင်အထည်ပေါ်လာတာပေါ့။
ဒါကြောင့် ထူးထူးခြားခြားတော့ မခံစားရပါဘူး"

နောက်သုံးလ အကြာမှတော့
အဲဒီ သိပ္ပံပညာရှင်ကြီးဟာ ထူးခြားတဲ့ စမ်းသပ်ချက်တစ်ခု အောင်မြင်သွားတဲ့အတွက်
အဲဒီ မီးလောင်သွားတဲ့ နေရာမှာပဲ လေးဆလောက်ကြီးတဲ့
ဓါတ်ခွဲခန်း တစ်ခုကို တည်ဆောက် နိုင်ခဲ့ပါတယ်။

အဲဒီ
သိပ္ပံပညာရှင်ကြီးရဲ့ နာမည်ကတော့.... အက်ဒီဆင်ဖြစ်ပါတယ်။
သိပ္ပံပညာရှင်ကြီးဟာ အခြေခံပညာလောက်ပဲ သင်ခဲ့ဘူးပါတယ်။
ဥာဏ်နည်းတယ်ဆိုပြီး ကျောင်းထုတ် ခံခဲ့ရပါတယ်။

နားလဲမကြားရပါဘူး။ ဆင်းဆင်းရဲရဲနဲ့ ဘ၀ကို ရုန်းကန်ခဲ့ရပါတယ်။
အဲဒီ အကြောင်းအရာတွေက အောင်မြင်မှုအတွက် အရေးမကြီးဘူး ဆိုတာကို
အက်ဒီဆင်က သက်သေပြခဲ့ပါတယ်။

အသက်(68)နှစ် ဆိုတဲ့ အချိန်မှာ ဘ၀ကို အစက ပြန်စဖို့ဆိုတာမဖြစ်နိုင်ဘူးလို့ကျနော်တို့ထင်ထားခဲ့ပေမဲ့
အက်ဒီဆင်က လွယ်လွယ်လေး လုပ်ပြခဲ့ပါတယ်။


ဒီနေ့ကျနော်တို့ မီးရောင်အောက်မှာ အေးအေးဆေးဆေး စာဖတ်နိုင်တာ၊ အလုပ်လုပ်နိုင်တာတွေဟာ အက်ဒီဆင်ရဲ့ကျေးဇူး မကင်းပါဘူး။
အက်ဒီဆင်ဟာ လျှပ်စစ်မီးလုံး အပါအ၀င် တီထွင်မှုပေါင်း
နှစ်ထောင်ကျော်ကို မှတ်ပုံတင် နိုင်ခဲ့ပါတယ်။

ဒီနေ့ကျနော်တို့လျှောက်နေတဲ့လမ်းဟာ
ကျနော်တို့ရဲ့ စိတ်စေတနာ ကောင်းတဲ့အဖိုးတွေကဖေါက်ခဲ့တာပါ။
ဒီနေ့ ကျနော်တို့သောက်နေတဲ့ရေဟာ
ကျနော်တို့ရဲ့စိတ်စေတနာကောင်းတဲ့အဖိုးတွေက တူးခဲ့တာပါ။

အက်ဒီဆင်လိုစိတ်စေတနာကောင်းတဲ့အဖိုးတွေကို

ကျနော" လေးစားတယ်။အားကျတယ်။"
လေးစား၊အားကျစိတ်ကြောင့်
"ငါသေရင် အကောင်းတွေ ဘာချန်ထားရမလဲ................? "
လို့မကြာခဏ တွေးဖြစ်လာပါတယ်။
လူကြီးမင်းကရော..... "
အကောင်းတွေ ဘာချန်ထားခဲ့မလဲ...............?"












“ ကြီးလာရင် ဘာဖြစ်လာမလဲ.......”




တစ်ခါတုန်းက
ကြီးကောင်ပေါက်အရွယ် လူငယ်ယောက်ျားလေးတစ်ဦးရဲ့မိဘတွေက
သူတို့သားကြီးလာရင် ဘာဖြစ်လာမလဲလို့ စိတ်ပူပင်သောက ရောက်နေကြတယ်။
သူတို့ရဲ့မိတ်ဆွေတစ်ဦးက
စမ်းသပ်ကြည့်ရန် နည်းလမ်းတစ်ခုကိုပေးပါတယ်။
စမ်းသပ်ရန်
စားပွဲပေါ်မှာ ငွေ ငါးထောင်တန်တစ်ချပ်၊
ဘာသာရေးစာအုပ်တစ်အုပ်၊
နှင့်
ဝီစကီအရက်တစ်ပုလင်းတင်ထားရမယ်။
အဲဒီသုံးခုအနက် ဘာကို သားကရွေးချယ်တာကို တိတ်တိတ်ပုန်းစောင့်ကြည့်ရပါမယ်။

သားက ငွေကို ရွေးချယ်ယူပါက
ကြီးလာရင် စီးပွားရေးလုပ်ငန်းရှင်တစ်ဦး ဖြစ်လာနိုင်ပါတယ်။
ဘာသာရေးစာအုပ်ကို ရွေးယူရင်တော့
ကြီးလာရင် ဘုန်းကြီးတစ်ပါး ဖြစ်လာနိုင်ပါတယ်။
ဝီစကီအရက်ပုလင်းကို ရွေးယူရင်တော့
ကြီးလာရင် အရက်သမားတစ်ဦး ဖြစ်လာနိုင်ပါတယ်။”
လို့ အကြံပေးပါတယ်။

မိဘများဟာ မိတ်ဆွေရဲ့အကြံပေးတဲ့အတိုင်း လုပ်ဆောင်ပြီး
တိတ်တိတ်ပုန်း စောင့်ကြည့်ခဲ့ပါတယ်။
သားဟာ အိမ်ပြန်ပြီး အခန်းထဲ ၀င်သွားပါတယ်။
သားက ငွေကိုကောက်ယူပြီး အိတ်ကပ်ထဲ ထည့်လိုက်ပါတယ်။
ပြီးတော့ ဘာသာရေးစာအုပ်ကိုလည်း ကောက်ယူပြီး
ညာဘက်လက်မောင်းချိုင်းကြားတွင် ညှပ်ထားလိုက်ပါတယ်။
နောက်ဆုံးမှာတော့ ၀ီစကီအရက်ပုလင်းကိုလည်း ကောက်ယူပြီး
အပြင်ဘက်ကို ထွက်သွားပါတော့တယ်။
အဲဒီအခြေအနေကို တွေ့လိုက်တဲ့အဖေက
သူ့ဇနီးဘက်ကိုလှည့်ပြီးပြောလိုက်တာကတော့

`ဘုရားရေ....ဒီကောင်တော့ နိုင်ငံရေးသမားဖြစ်တော့မှာပါလား´

ဟူ၍။

“ လူ့မနော....”



တစ်ခါတုန်းက အမေရိကန် နှစ်ယောက်ဟာ ဘရုကလင်တံတားပေါ်တွင် ရပ်နေကြတယ်။
အမေရိကန် တစ်ယောက်ကပြောတာက“ ဟိုမှာ တွေ့လား?
ပြင်သစ်တစ်ယောက် လမ်းလျှောက်လာနေတယ်။
အဲဒီ ငနဲ ဒီတံတားပေါ်ကခုန်ချအောင် ငါလုပ်ပြမယ်။
တစ်ဒေါ်လာကြေး လောင်းမလား?”
“ စိန်လိုက် ”
ပထမ အမေရိကန်က ပြင်သစ်အနားကို ကပ်သွားပြီး ပြောတယ်။
“သတင်းကြားပြီးပြီလား။ ပြင်သစ်နိုင်ငံမှာ ဇိမ်ခန်းတွေ အားလုံးကို ပိတ်လိုက်ပြီတဲ့။ ”
ပြင်သစ်အမျိုးသားဟာ ခေါင်းကို လက်နှစ်ဘက်နှင့် ကုတ်ခြစ်ပြီး တံတားပေါ်က ခုန်ချသွားတယ်။

မကြာခင်မှာ အင်္ဂလိပ်အမျိုးသားတစ်ယောက် လမ်းလျှောက်လာတယ်။
သူလည်း တံတားပေါ်က ခုန်ချစေရမယ်လို့
စိန်ခေါ်ပြီး ဆယ်ဒေါ်လာကြေး အလောင်းအစားလုပ်ပြန်တယ်။
ပထမ အမေရိကန် က အင်္ဂလိပ်အနားကိုကပ်သွားပြီးပြောတာက
“ ဟေ့...ယူ...သတင်းကြားပြီးပလား?
ခင်ဗျာတို့ရဲ့ ဗြိတိသျှ ပါလီမန် အဆောက်အဦးကို ပိတ်ပြီး
အဲဒီနေရာမှာ အပျံစားဇိမ်ခန်းကြီးတစ်ခုကို ဖွင့်လိုက်သတဲ့။ ”
အင်္ဂလိပ်အမျိုးသားဟာလည်း ခေါင်းကို ကုတ်ပြီး တံတားပေါ်က ခုန်ချသွားပြန်ပါတယ်။
အဲဒီ တံတားပေါ်ကို ရုရှားအမျိုးသား လျှောက်လာပြန်တယ်။
ဒေါ်လာ တစ်ရာကြေးအလောင်းအစားလုပ်ပြန်တယ်။
ဒုတိယအမေရိကန်က ရုရှားအမျိုးသားဟာ ဘယ်တော့မှ ခုန်ချမှာ မဟုတ်ဘူး ဆိုကာ ဒေါ်လာ တစ်ရာကြေးလောင်းလိုက်ပြန်ပါတယ်။
ပထမအမေရိကန်က ရုရှားအနားကို ကပ်သွားပါတယ်။
ပြီးတော့ ပြောလိုက်တာက“ ဒီမှာ.....ရဲဘော်။ တံတားပေါ်က ခုန်မချရလို့တားမြစ်ထားတယ်နော်။ ခင်ဗျာသိအောင် စေတနာနဲ့သတိပေးတာနော်။”
ရုရှားအမျိုးသားက
“တားမြစ်ထားတယ် ဟုတ်လား။ ကျုပ်က ဂရုစိုက်မယ် ထင်သလားဗျ ဟင်”လို့
အော်ပြောကာ ရုရှားကြီးက တံတားပေါ်က ခုန်ချသွားပါတော့တယ်။



လူ့စိတ်၊လူ့သဘောကို နားလည်းထားမယ်ဆိုရင် ပြောဆို၊လုပ်ကိုင်ရတာ အလွန်လွယ်ကူတယ်ဆိုတဲ့အကြောင်းကို ဖေါ်ပြထားတဲ့ ပုံပြင်တစ်ခုဖြစ်ပါတယ်။



လူသားတိုင်း ကျန်းမာကြပါစေ... လူသားတိုင်း ချမ်းသာကြပါစေ...
ခန္ဓာကိုယ်ကို လေ့ကျင့်ခန်းနဲ့စောင့်ရှောက်ပါ။ စိတ်ကို စာဖတ်ခြင်းနဲ့စောင့်ရှောက်ပါ။...

နူတ်ဆက်စကားလေးများ.....

မြန်မာတို့ရဲ့ ဘလော့ဂ်များ...

picoodle.com