Friday, September 11, 2009

“ လူ့မနော....”



တစ်ခါတုန်းက အမေရိကန် နှစ်ယောက်ဟာ ဘရုကလင်တံတားပေါ်တွင် ရပ်နေကြတယ်။
အမေရိကန် တစ်ယောက်ကပြောတာက“ ဟိုမှာ တွေ့လား?
ပြင်သစ်တစ်ယောက် လမ်းလျှောက်လာနေတယ်။
အဲဒီ ငနဲ ဒီတံတားပေါ်ကခုန်ချအောင် ငါလုပ်ပြမယ်။
တစ်ဒေါ်လာကြေး လောင်းမလား?”
“ စိန်လိုက် ”
ပထမ အမေရိကန်က ပြင်သစ်အနားကို ကပ်သွားပြီး ပြောတယ်။
“သတင်းကြားပြီးပြီလား။ ပြင်သစ်နိုင်ငံမှာ ဇိမ်ခန်းတွေ အားလုံးကို ပိတ်လိုက်ပြီတဲ့။ ”
ပြင်သစ်အမျိုးသားဟာ ခေါင်းကို လက်နှစ်ဘက်နှင့် ကုတ်ခြစ်ပြီး တံတားပေါ်က ခုန်ချသွားတယ်။

မကြာခင်မှာ အင်္ဂလိပ်အမျိုးသားတစ်ယောက် လမ်းလျှောက်လာတယ်။
သူလည်း တံတားပေါ်က ခုန်ချစေရမယ်လို့
စိန်ခေါ်ပြီး ဆယ်ဒေါ်လာကြေး အလောင်းအစားလုပ်ပြန်တယ်။
ပထမ အမေရိကန် က အင်္ဂလိပ်အနားကိုကပ်သွားပြီးပြောတာက
“ ဟေ့...ယူ...သတင်းကြားပြီးပလား?
ခင်ဗျာတို့ရဲ့ ဗြိတိသျှ ပါလီမန် အဆောက်အဦးကို ပိတ်ပြီး
အဲဒီနေရာမှာ အပျံစားဇိမ်ခန်းကြီးတစ်ခုကို ဖွင့်လိုက်သတဲ့။ ”
အင်္ဂလိပ်အမျိုးသားဟာလည်း ခေါင်းကို ကုတ်ပြီး တံတားပေါ်က ခုန်ချသွားပြန်ပါတယ်။
အဲဒီ တံတားပေါ်ကို ရုရှားအမျိုးသား လျှောက်လာပြန်တယ်။
ဒေါ်လာ တစ်ရာကြေးအလောင်းအစားလုပ်ပြန်တယ်။
ဒုတိယအမေရိကန်က ရုရှားအမျိုးသားဟာ ဘယ်တော့မှ ခုန်ချမှာ မဟုတ်ဘူး ဆိုကာ ဒေါ်လာ တစ်ရာကြေးလောင်းလိုက်ပြန်ပါတယ်။
ပထမအမေရိကန်က ရုရှားအနားကို ကပ်သွားပါတယ်။
ပြီးတော့ ပြောလိုက်တာက“ ဒီမှာ.....ရဲဘော်။ တံတားပေါ်က ခုန်မချရလို့တားမြစ်ထားတယ်နော်။ ခင်ဗျာသိအောင် စေတနာနဲ့သတိပေးတာနော်။”
ရုရှားအမျိုးသားက
“တားမြစ်ထားတယ် ဟုတ်လား။ ကျုပ်က ဂရုစိုက်မယ် ထင်သလားဗျ ဟင်”လို့
အော်ပြောကာ ရုရှားကြီးက တံတားပေါ်က ခုန်ချသွားပါတော့တယ်။



လူ့စိတ်၊လူ့သဘောကို နားလည်းထားမယ်ဆိုရင် ပြောဆို၊လုပ်ကိုင်ရတာ အလွန်လွယ်ကူတယ်ဆိုတဲ့အကြောင်းကို ဖေါ်ပြထားတဲ့ ပုံပြင်တစ်ခုဖြစ်ပါတယ်။



No comments:

လူသားတိုင်း ကျန်းမာကြပါစေ... လူသားတိုင်း ချမ်းသာကြပါစေ...
ခန္ဓာကိုယ်ကို လေ့ကျင့်ခန်းနဲ့စောင့်ရှောက်ပါ။ စိတ်ကို စာဖတ်ခြင်းနဲ့စောင့်ရှောက်ပါ။...

နူတ်ဆက်စကားလေးများ.....

မြန်မာတို့ရဲ့ ဘလော့ဂ်များ...

picoodle.com