Monday, December 13, 2010

“ အလင်းတစ်ချက်လက်ဖို့လိုတယ်…”



တစ်ခါတုန်း

စန္ဒဂုတ်ဆိုတဲ့ လူငယ်တစ်ဦးရှိပါတယ်။

စန္ဒဂုတ်ဟာ နန်းကျဘုရင်ရဲ့သားတော်ဖြစ်တယ်။

တစ်တိုင်းတစ်ပြည်မှာ ဆင်းဆင်းရဲရဲနဲ့ မထင်မရှား

ကြီးပြင်းလာရာက အရွယ်ရောက်သော်

အဖြစ်စုံကိုသိပြီး ထီးနန်းပြန်လုရန်

ကြိုးစားတယ်။

မြို့တော်ကို လူသူစုပြီး ဝင်ဝင်တိုက်ရာ

အကြိမ်ကြိမ် တပ်လန်ခဲ့တယ်။


ကိုယ်ယောင်ဖျောက်ပြီး

မြို့တစ်မြို့မှာ ခိုလှုံနေတုန်း

မိခင်တစ်ဦးက သားငယ်ကို ဆုံးမသံကြားလိုက်ရတယ်။

မုန့်ပျားသလက်ကို အလယ်ကစပြီး ကိုက်စားမိပြီး

အပူလောင်သွားတဲ့သားငယ်ကို မိခင်က

နင့်ဟာက စန္ဒဂုတ်မင်း စစ်တိုက်သလိုပဲ

လို့ ဆုံးမတယ်။

စန္ဒဂုတ်မင်းက သူ့အမှားကို သဘောပေါက်ပြီး

အစွန်အဖျားရွာများ၊မြို့များကို

တစ်စတစ်စသိမ်းယူကာ အင်အားစုဆောင်းပြီးမှ

နေပြည်တော်ကို တိုက်ရာ ထီးနန်းပြန်ရသွားပါတော့သတည်း။


ပုံပြင်တစ်ခုဆိုပေမယ့် တစ်ချိန်တုန်းက ဖြစ်ရပ်မှန်တစ်ခုပါ။

လုပ်ရပ်အမှားကြောင့် အကျိုးမထင်တာတွေ ရှိတတ်ပါတယ်။

အလင်းတစ်ချက်လက်သွားခဲ့ရင်လည်း

ဘာမှ မဟုတ်ဘဲနဲ့ အကျိုးတရားတွေ

ဖြစ်လာတတ်တဲ့ဖြစ်ရပ်ပါ။

ဘာဘဲဖြစ်ဖြစ် စိတ်မပျက်ပါနဲ့။

စိတ်အေးအေးထားပြီး မျက်စိနဲ့နားကို

ဖွင့်ထားမယ်ဆိုရင်

အလင်းတစ်ချက် လက်ဖို့အခွင့်အလမ်းတွေ

ဖြစ်လာပါလိမ့်မယ်။

“ ရှာပုံတော်…”



ညအချိန်မှာ

ဓာတ်တိုင်ကို ပတ်ပြီး ကိုမောင်မောင်

တစ်ခုခုကို သဲသဲမဲမဲ ရှာနေတယ်။

ဖြတ်သွားသူတစ်ယောက်ဖြစ်တဲ့ကိုဉာဏ်က မေးတယ်။

ဟေ့လူ၊

ဘာပျောက်လို့ ရှာနေတာလဲ၊

ညအချိန်မတော်ကြီး


ကိုမောင်မောင်က

ပိုက်ဆံ တစ်ထောင်တန် ကျပျောက်သွားလို့ပါ


ကိုဉာဏ်က

ဒီနေရာမှာ ကျပျောက်သွားလို့လား

လို့ မေးပါတယ်။


ကိုမောင်မောင်က

ဟင့်အင်း၊

ဟိုအမှောင်ထဲမှာ ကျပျောက်သွားတာပါ

လို့ပြန်ဖြေပါတယ်။


ကိုဉာဏ်က

အဲဒါဆို ဘာဖြစ်လို့ ဒီမှာ ရှာနေရတာလဲ

လို့မေးတဲ့အခါမှာတော့


ကိုမောင်မောင်ပြန်ပြောလိုက်တာက...

ဒီမှာက အလင်းရောင် ရှိလို့ပေါ့


*********************************************************


ဒီအဖြစ်အပျက်ဟာ ရီစရာအဖြစ်တွေးရင် ရီစရာပေါ့ခင်ဗျာ။

လေးလေးနက်နက် စဉ်းစားကြည့်ရင်

ကျနော်တို့တွေ အားလုံးနီးပါးပါပဲ

ဒီလိုအခြေအနေမျိုး ကြုံဖူးနေကြမှာပါ။

ကိုယ်ဖြစ်ချင်တာ၊

ကိုယ်လိုချင်တာ၊

နောက်ကို ကောက်ကောက်ပါအောင်

လိုက်ရှာနေကြတာမျိုးပေါ့။


ဖြစ်ချင်တာ မဖြစ်တာ၊

လိုချင်တာ မရတာဟာ

တကယ်တော့ မရှိတဲ့နေရာမှာ ရှာမိလို့ပါခင်ဗျာ။


ဥပမာအားဖြင့်

ကျနော်တို့ဟာ စိတ်ချမ်းသာမှုကို

လူတိုင်းအလိုရှိပြီး

လူတိုင်းလိုက်ရှာကြပေမယ့်

လူတိုင်း စိတ်ချမ်းသာမှု မတွေ့ကြတာဟာ

မတွေ့နိုင်တဲ့နေရာမှာ ရှာနေလို့ပါ။


ရှာတော့ရှာပါရဲ့၊

နေရာမှားနေကြလို့ မတွေ့ကြတာပါ။


နေရာမှားနေလို့ကတော့ ဘယ်လောက်ရှာရှာ

တွေ့ရမှာမဟုတ်ပါဘူးခင်ဗျာ။


ဉာဏ်သတိသာရှိခဲ့ရင်

ဘယ်နေရာမှာ ရှာရမယ်ဆိုတာ သိပါလိမ့်မယ်။

ရှာတဲ့နေရာမှန်မှလည်း

ကိုယ်ရှာတာ တွေ့နိုင်ပါလိမ့်မယ်။


“ ဘာပူစရာရှိသလဲ…”



Why worry?


There are only two things to worry about;

Either you are well or you are sick.

If you are well, than there nothing to worry about;

But if you are sick;

There are two things to worry about;

Either you get well, or you will die,

If you well, there is nothing to worry about;

If you die, there are two things to worry about;

Either you will go to Heaven or Hell,

If you go to Heaven, there is nothing to worry about;

But if you go to Hell, you will be so damn busy shaking hands

With friends, you won’t time to worry.

( Anonymous )

*****************************************************************************



လောကမှာ ပူစရာ နှစ်ခုပဲရှိတယ်။

ကျန်းမာတာနဲ့ မကျန်းမာတာ ဖြစ်တယ်။

ကျန်းမာနေရင် ဘာမှ ပူစရာမရှိတော့ဘူး။


ဒါပေမယ့်

မကျန်းမာရင်တော့ ပူစရာနှစ်ခုရှိတယ်။

နေပြန်ကောင်းရင်ကောင်း၊

မကောင်းရင် သေသွားနိုင်တယ်။

နေကောင်းသွားရင် ဘာမှ ပူစရာမရှိတော့ဘူး။


ဒါပေမယ့်

သေသွားရင်လည်း ပူစရာနှစ်ခုပဲရှိတယ်။

ကောင်းကင်ဘုံကို ရောက်ရင်ရောက်၊

မရောက်ရင် ငရဲရောက်ပေါ့။

ကောင်းကင်ဘုံကို ရောက်သွားရင်တော့

ဘာမှ ပူစရာ မရှိတော့ဘူး။


ဒါပေမယ့်

ငရဲကိုရောက်သွားရင်လည်း မိတ်ဟောင်းဆွေဟောင်းတွေကို

လက်ဆွဲနူတ်ဆက်ပြီး အလုပ်ရှုပ်နေရတာနဲ့

ပူနေဖို့ အချိန်ရှိမှာ မဟုတ်တော့ပါဘူး။


(မူရင်းရေးသူ ကဗျာဆရာ အမည်မသိ။)


“ မိသားစုကောင်းတစ်ခုရဲ့ အရိပ်အာဝါသ…”



မကြာသေးမီက

ကောလိပ်ကျောင်းတက်နေတဲ့ကျောင်းသားတစ်ဦးဟာ

စနေ၊တနင်္ဂနွေကျောင်းပိတ်ရက်အတွင်း

အိမ်ကို ဆိုင်းမဆင့်၊ဗုံမဆင့်ရောက်လာခဲ့ပါတယ်။

မမျှော်လင့်ဘဲ ရောက်လာခဲ့တဲ့အတွက် ဘာများအကြောင်းထူးသလဲလို့

မိဘများက စိတ်ထဲမှာ အမျိုးမျိုးဖြစ်ပေါ်လာခဲ့ပါတယ်။

ဒါပေမယ့် မိဘတွေကတော့ ရောက်လာတဲ့သားကို

အေးအေးသာသာ ကြိုဆိုခဲ့ပြီး ရောက်လာတဲ့အတွက် ပျော်ကြပါတယ်။


သားဟာအိမ်ကကောလိပ်ကို ပြန်သွားပြီး

တစ်ရက်၊နှစ်ရက်အကြာမှာတော့

သားဆီက စာတစ်စောင်ရရှိပါတယ်။


သားရဲ့စာထဲမှာ

သားပြန်လာတဲ့အတွက် ဖေဖေ၊မေမေတို့အံ့သြနေမယ်ဆိုတာ သားသိပါတယ်။

ဒါပေမယ့် သားအိမ်ကို ပြန်ကိုပြန်ရမယ်လို့ခံစားမိလို့သားပြန်ခဲ့တာပါ။

သားကျောင်းမှာနေရတာ စိတ်အခန့်မသင့်တာ၊

စိတ်အနှောင့်အယှက်ဖြစ်တာတွေ တော်တော်တွေ့ရပါတယ်။

သားရဲ့ခံစားယုံကြည်မှုတွေကို အကြောင်းတစ်ခုကြောင့် ဂယက်ထစေခဲ့ပါတယ်။

ဒါကြောင့် အိမ်ပြန်လာပြီး၊ အိမ်ပတ်ဝန်ကျင်မှာ နေခြင်းဖြင့်အားလုံးအေးငြိမ်းပြီး

အနယ်ထိုင်မယ်ဆိုတာ သားသိခဲ့ပါတယ်။

ဒါကြောင့် အိမ်ကို ပြန်လာတာပါ။

ပြန်လာတော့ သားထင်တဲ့အတိုင်း အားလုံးအဆင်ပြေခဲ့ပါတယ်

လို့ စာထဲမှာရေးသားဖော်ပြခဲ့ပါတယ်။

လူသားတိုင်း ကျန်းမာကြပါစေ... လူသားတိုင်း ချမ်းသာကြပါစေ...
ခန္ဓာကိုယ်ကို လေ့ကျင့်ခန်းနဲ့စောင့်ရှောက်ပါ။ စိတ်ကို စာဖတ်ခြင်းနဲ့စောင့်ရှောက်ပါ။...

နူတ်ဆက်စကားလေးများ.....

မြန်မာတို့ရဲ့ ဘလော့ဂ်များ...

picoodle.com