Monday, December 13, 2010

“ ပိုပြီးလိုအပ်တဲ့အရာ…”



ထိုင်းနိုင်ငံမှာ

မိန်းမယူမယ့်သားကို မင်္ဂလာလက်ဆောင်အဖြစ်

ကိုအောင်ကိုဝင်းက ပိုက်ဆံ တစ်သိန်း ပေးလိုက်တယ်။

နှစ်ပတ်ကြာတဲ့အခါမှာတော့ သားကိုမေးတယ်။


“ ငါပေးတဲ့ ပိုက်ဆံကို မင်း ဘာလုပ်လိုက်သလဲ ”

သားကောက်ကောက်က

“ လက်ပတ်နာရီ ဝယ်လိုက်တယ် ”

ပြောပါတယ်။


ကိုအောင်ကိုဝင်းက စိတ်ဆိုးစွာ အော်တယ်။

“ ဟေ့ကောင်၊

နာရီမဝယ်ရဘူး၊

သေနတ်ဝယ်ရတယ်ကွ ”


သားက

“ ဘာဖြစ်လို့လဲ အဖေ ”

ပြန်မေးပါတယ်။


ကိုအောင်ကိုဝင်းက

“ ဆိုကြပါစို့။

တစ်နေ့အိမ်ကို မင်းပြန်လာတဲ့အခါ

အိပ်ခန်းထဲမှာ မင်းမိန်းမကို အခြားယောက်ျားနဲ့တွေ့တယ်။

မင်းဘာလုပ်မလဲ။

အဲဒီအကောင်ကို နှိုးပြီး

“ ဘယ်အချိန်ရှိပြီလဲဆိုတာ မသိချင်ဘူးလားခင်ဗျာ ”

လို့ မင်း မေးမလားကွဟေ ”

No comments:

လူသားတိုင်း ကျန်းမာကြပါစေ... လူသားတိုင်း ချမ်းသာကြပါစေ...
ခန္ဓာကိုယ်ကို လေ့ကျင့်ခန်းနဲ့စောင့်ရှောက်ပါ။ စိတ်ကို စာဖတ်ခြင်းနဲ့စောင့်ရှောက်ပါ။...

နူတ်ဆက်စကားလေးများ.....

မြန်မာတို့ရဲ့ ဘလော့ဂ်များ...

picoodle.com