တစ်ခါတုန်းက လေနဲ့နေ တို့ဟာ
 “သူက အင်အားပိုကြီးမားတယ်၊
 ငါက ပိုပြီးအင်အားကြီးမားတယ်”
ဆိုပြီး ငြင်းခုံနေကြတယ်။
ဒါနဲ့ပဲ ကုတ်အင်္ကျီ ထူထူကိုဝတ်ထားတဲ့ လူတစ်ယောက်ကို တွေ့တာနဲ့
“
ဘယ်သူကလုပ်နိုင်တယ်ဆိုတာ ကြည့်ရအောင်၊
တကယ်လို့ အင်္ကျီကို ချွတ်နိုင်သူက အင်အားကြီးသူ ”
လို့ သဘောတူကြတယ်။
လေကသူအရင်ချွတ်မယ်လို့ဆိုတာကြောင့်
နေကတိမ်တစ်ခုကြားထဲ ဝင်ပေးလိုက်ပါတယ်။
ဒါနဲပဲ လေကို အစွမ်းကုန်သုံးပြီး လေကို မှုတ်ထုတ်ပါတယ်။
လေပြင်းပြင်းတိုက်လေ၊ 
လူကလည်း ကုတ်အင်္ကျီကို ဆွဲစေ့လေ
ဖြစ်နေတာပေါ့။ 
အချိန်ကြာလာတာနဲ့အမျှ လေဟာ ခြေကုန်လက်ပန်းကျလာတယ်။ 
နောက်ဆုံးမှာတော့ လေက အလျှော့ပေးလိုက်ပါတော့တယ်။
နေရဲ့အလှည့်ရောက်လာတဲ့အခါမှာတော့ 
နေက အဲဒီလူ နေပူရှိန် ခံစားရအောင် အပူရှိန်ကို တဖြည်းဖြည်းတိုးမြှင့်လိုက်ပါတယ်။ 
အပူရှိန်ပြင်းလာတဲ့အခါမှာတော့ 
ကုတ်အင်္ကျီဝတ်ထားသူဟာ ပူအိုက်လာတဲ့အတွက်ကြောင့် ကုတ်အင်္ကျီကို
သူ့ဘာသာသူ ချွတ်လိုက်ပါတော့တယ်။
လေရဲ့ အနိုင်ရလိုမှုကြောင့် ဖြစ်ပေါ်တဲ့ဒေါသနဲ့ 
နေရဲ့ မေတ္တာ ပြိုင်ပွဲမှာ နောက်ဆုံးမှာတော့ 
မေတ္တာကသာ အနိုင်ရသွားပါတယ်။

 
 


