သူဟာ အလွန်လွှမ်းမိုးအားကောင်းသူ တစ်ဦးဖြစ်တဲ့အတွက် 
သူမက သူ့ကို ရွေးချယ် လက်ထပ်ခဲ့ပါတယ်။
ဒါပေမယ့် လက်ထပ်ပြီးနောက်ပိုင်းမှာတော့
သူမဟာ အဲဒီလူနဲ့ ကွာရှင်းပြတ်စဲခဲ့ပါတယ်။
ဘာကြောင့်ဆိုတော့ 
အဲဒီလူဟာ အရာရာကို လွှမ်းမိုး ချုပ်ကိုင်တတ်တဲ့ ယောက်ျားတစ်ဦး
ဖြစ်တဲ့အတွက်ဖြစ်တယ်။
သူဟာ သူမကို သနားစရာကောင်းလွန်းတဲ့အတွက်
အိမ်ထောင်ဖက်အဖြစ် လက်ထပ်ခဲ့ပါတယ်။
ဒါပေမယ့် လက်ထပ်ပြီးနောက်ပိုင်းမှာတော့ 
အကူအညီမရ၊ အစစအရာရာ အားနည်းတယ်လို့ 
ပြောပြီးကွားရှင်းပြတ်စဲခဲ့ပါတယ်။
 
သူမဟာ သူ့ကို လက်ထပ်ခဲ့ပါတယ်။ 
ဘာကြောင့်ဆိုတော့ သူဟာ အိမ်ထောင်တစ်ခု ကောင်းစွာရပ်တည်နိုင်ဖို့အတွက်
ဝင်ငွေအပြည့်အဝ ရအောင်ရှာနိုင်တဲ့အတွက်ဖြစ်ပါတယ်။
ဒါပေမယ့် လက်ထပ်ပြီးနောက်ပိုင်းမှာတော့
သူမဟာ အဲဒီလူနဲ့ ကွာရှင်းပြတ်ဆဲခဲ့ပါတယ်။
ဘာကြောင့်ဆိုတော့ အဲဒီလူဟာ ဝင်ငွေရရေးအတွက် သူ့အလုပ်ကလွဲပြီး 
ဘာမှ စိတ်မဝင်စားတဲ့အတွက်ကြောင့်ဖြစ်တယ်လို့ အကြောင်းပြခဲ့ပါတယ်။
သူဟာသူမကို လက်ထပ်ခဲ့ပါတယ်။ 
ဘာကြောင့်ဆိုတော့ သူမဟာ သူရဲ့မိခင်ကို သတိရစေတာကြောင့် ဖြစ်ပါတယ်။
ဒါပေမယ့် လက်ထပ်ပြီးနောက်ပိုင်းမှာတော့
ကွာရှင်းခဲ့ပါတယ်။
ဘာကြောင့်ဆိုတော့ သူမဟာ နောက်ပိုင်းမှာ 
သူ့မိခင်နဲ့ နေ့စဉ်နဲ့အမျှ ပိုတူလာတဲ့အတွက်ကြောင့်ဖြစ်တယ်
လို့ အကြောင်းပြခဲ့ပါတယ်။
သူမဟာ သူ့ကို လက်ထပ်ခဲ့ပါတယ်။
ဘာကြောင့်ဆိုတော့ သူဟာ ကြော့ကြော့လေးနေတတ်ပြီး 
ချစ်တတ်တဲ့အတွက်ကြောင့်ဖြစ်တယ်လို့ ဆိုပါတယ်။
ဒါပေမယ့် လက်ထပ်ပြီးနောက်ပိုင်းမှာတော့
သူမဟာ အဲဒီလူကို ကွာရှင်းပြတ်စဲခဲ့ပါတယ်။ 
ဘာကြောင့်ဆိုတော့ သူဟာ ပေါ့ပေါ့နေပြီး 
အချစ်စိတ်ကူးယဉ်လွန်းတဲ့အတွက်ကြောင့်လို့ အကြောင်းပြပါတယ်။
သူဟာ သူမကို လက်ထပ်ခဲ့ပါတယ်။
ဘာကြောင့်ဆိုတော့ သူမဟာ တည်ငြိမ်ရင့်ကျက်ပြီး
ကျိုးကြောင်းညီညွတ်စွာ နေထိုင်တတ်တဲ့အတွက်ကြောင့် ဖြစ်ပါတယ်။
ဒါပေမယ့် လက်ထပ်ပြီးနောက်ပိုင်းမှာတော့
သူဟာ သူမကို ကွာရှင်းပြတ်စဲခဲ့ပါတယ်။ 
ဘာကြောင့်ဆိုတော့ သူမနဲ့နေရတာ 
ပျင်းစရာကောင်းတဲ့အတွက်ကြောင့်ဖြစ်တယ် လို့ အကြောင်းပြခဲ့ပါတယ်။

 
 

No comments:
Post a Comment